Connect with us

Videos

ပြည်ဝင်ခွင့် ဗီဇာ ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ ၃ မျိုးတို့ကို စတင် ခွင့်ပြုတော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် လာရောက်သော နိုင်ငံခြားသားများ အတွက် လက်ရှိ ကျင့်သုံးနေသော ပြည်ဝင်ခွင့် ဗီဇာ ၆ မျိုးအစား ပြည်ဝင်ခွင့် ဗီဇာ (Entry Visa) ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ (Re_entry Visa) ၃ မျိုးတို့ကို ယခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် စတင် ခွင့်ပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ထုတ်ပြန်သည်။

စနစ်သစ်တွင် ပြည်ဝင်ခွင့်ဗီဇာ၁၂ မျိုးနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃ မျိုး တို့ အားစတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ပြန်ဝင်ခွင့် ဗီဇာများ ဖြစ်သော အကြိမ်ကြိမ် အထူး ပြည်ပြန်ဝင်ခွင့် ဗီဇာ ဗီဇာကြေး ဒေါ်လာ ၁၈၀ ခွင့်ပြု နေခွင့် ကာလထိ နေထိုင်နိုင်ခြင်း၊ အထူး ပြည်ပြန် ဝင်ခွင့်ဗီဇာ (သို့) တစ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၅၄ ဒေါ်လာ ခွင့်ပြု နေခွင့် ကာလထိ နှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ (ပြည်တွင်း၌ နေထိုင်သည့် အမြဲနေ အရည်အချင်းရှိ နိုင်ငံခြားသားများ အတွက်သာ) ကျပ် ၅,၀၀၀ ခွင့်ပြု နေခွင့်ကာလ ၆ လ သတ်မှတ်ပြောင်းလဲ ကျင့်သုံး မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.