Connect with us

Videos

Huawei မှ အသစ် ထုတ်လုပ်လိုက်သည့် Mate 8 စမတ်ဖုန်းအား CES ပွဲတွင် စတင် မိတ်ဆက်

လာ့စ်ဗီးဂပ်စ်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Huawei သည် သုံးစွဲသူများ၏ အာရုံကို ဖမ်းစားနိုင်သည့် နှစ်လိုဖွယ် စမတ်ဖုန်း သစ် Mate 8 ကို လာ့စ်ဗီးဂပ်စ် တွင် ပြုလုပ်ခဲ့သော လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းပြပွဲ (CES) ၌ စတင် မိတ်ဆက်ခဲ့ပြီး Apple အား ၂ နှစ်အတွင်း ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်လာစေရန် Mate 8 က ကူညီ ပေးနိုင်မည်ဟု ကုမ္ပဏီက မျှော်လင့်ထားကြောင်း သိရသည်။

ဖုန်းမျက်နှာပြင် အရွယ်အစား ၆ လက်မရှိသော Mate 8 ၌ စွမ်းအင် သိုလှောင်နိုင်စွမ်း ကောင်းမွန်သည့် 4000 mAh ဘက်ထရီကို အသုံးပြုထားပြီး မိနစ် ၃၀ မျှ အားသွင်းရုံဖြင့် ပုံမှန်ဖုန်း အသုံးပြုသူများ အတွက် ထပ်မံ အားသွင်းစရာ မလိုဘဲ ၂ရက်ခွဲခန့် အသုံးပြုနိုင်မည် ဖြစ်ကာ သာမန်ထက် ပို၍ ဖုန်း အသုံးပြုသူများ အနေဖြင့် ၁ ရက်ခွဲ ခန့်အသုံးပြုနိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီ က ပြောကြားခဲ့သည်။
Android စနစ်ကို အခြေခံထားသည့် Mate 8 တွင် စာမျက်နှာ ရှည်များကို ရုပ်ပုံ တစ်ပုံတည်း ဖြစ်စေရန် ဆက်စပ်ပြီး screenshot ပြုလုပ်ပေးနိုင်သည့် စနစ်အပါအဝင် လက်ခေါက်ဆစ် အာရုံခံ နည်းပညာ များကိုလည်း ထည့်သွင်း ထားကြောင်း သိရသည်။ အဆိုပါ အာရုံခံ စနစ်သည် screenshot ရိုက်ရန် (သို့) ဗီဒီယို အပိုင်းငယ်များအား ဖမ်းယူထား နိုင်ရန်အတွက် လက်ခေါက်ဖြင့် ဖုန်းမျက်နှာပြင်ကို နှစ်ချက်ထိပေးရုံဖြင့် ပြုလုပ်နိုင်ရန် ထောက်ပံ့ ပေးထားကြောင်း သိရသည်။ ကနဦး အနေဖြင့် စပိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ယူအေအီးနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ နှင့် သြစတေးလျနိုင်ငံ တို့အပါအဝင် နိုင်ငံပေါင်း ၃၀ ၌ စတင် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
Mate 8 စမတ်ဖုန်းအား အမျိုးအစား နှစ်မျိုး ဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကာ 3GB RAM၊ 32GB အမျိုးအစား အား ၅၉၉ ယူရို ဖြင့်လည်းကောင်း၊ 4GB RAM၊ 64GB အမျိုးအစားအား ၆၉၉ ယူရိုဖြင့် လည်းကောင်း ရောင်းချ ပေးသွားမည်ဖြစ်ပြီး အရောင် အနေဖြင့် ၄ မျိုး ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.