Connect with us

Videos

ဒုတိယ အကြိမ် လွှတ်တော်များ၏ ပထမ ပုံမှန် အစည်းအဝေး ဖေဖော်ဝါရီ ၁ ရက် စတင် ကျင်းပမည်

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ဒုတိယ အကြိမ် လွှတ်တော်များ၏ ပထမ ပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးနှင့် ပြည်သူ့ လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးများကို နေပြည်တော်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ကျင်းပရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့က ဇန်နဝါရီ ၆ ရက်တွင် လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ချိန်တွင် လွှတ်တော် သုံးရပ်၊ နေရာ ၁,၁၅၀ အတွက် နိုင်ငံရေးပါတီ ၉၁ ခု ကိုယ်စားလှယ်လောင်း ၆,၀၇၄ ဦး ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ မှ လွှတ်တော် နေရာ ၈၈၆ နေရာ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၁၇ နေရာ နှင့် တိုင်းရင်းသားပါတီ အချို့မှ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်းနေရာများအသီးသီးရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ပထမအကြိမ် လွှတ်တော် အစည်းအဝေး၏ လွှတ်တော်သက်တမ်းသည် ဇန်နဝါရီ ၃၀ ရက်နေ့ အထိဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.