Connect with us

Videos

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၃၀၀ နီးပါး ဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ်အတွင်း ယခု အချိန်ထိ မီးလောင်ကျွမ်းမှု ၃၀၀ နီးပါး ဖြစ်ပွားပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် သန်းပေါင်း ၃၇,၇၁၅ ခန့် ရှိကြောင်း မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မီးလောင်မှု အကြီးစား ၅ ခု အပါအဝင် မီးလောင်ကျွမ်းမှု ၃၀၀ နီးပါးလောက် ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့ရှိ မင်္ဂလာဈေး၊ ရှမ်းပြည်နယ် နမ့်ဆန်၊ ဧရာဝတီတိုင်း လပွတ္တာမြို့၊ တနင်္သာရီတိုင်း ကျောက္ကာရွာ စသည့် ဒေသများတွင် မီးလောင်ကျွမ်းမှုသည် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.