Connect with us

Videos

ရှမ်းပြည် မြောက်ပိုင်း ဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပတ်သက်၍ အရေးကြီး အဆိုအား အတည်ပြု

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ကျောက်မဲ မြို့နယ်ဒေသအတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ယနေ့ဖေဖော်ဝါရီ ၁၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ထိုအရေးကြီး အဆိုအား ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဖေဖော်ဝါရီ ၁၆ ရက် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီးနောက် ဆက်လက် ဆွေးနွေးရန် ထောက်ခံခဲ့သည့် အတွက် ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၁၂ ဦးက ထောက်ခံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုနောက် အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်တို့ က လည်း ယင်းကိစ္စများအား ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ထိုအရေးကြီး အဆို တင်သွင်းခဲ့သည့် ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၏ သဘောထား အတိုင်း လွှတ်တော်၏ အဆုံး အဖြတ်အား ရယူခဲ့ရာ ထောက်ခံ ဆန္ဒမဲ ၄၀၇ မဲ ၊ ကြားနေ ဆန္ဒမဲ ၄ မဲ ၊ ကန့်ကွက်ဆန္ဒမဲ မရှိသဖြင့် အရေးကြီး အဆိုအား အတည်ပြုကြောင်း ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.