Connect with us

Asia

ပါကစ္စတန်နိုင်ငံက CPEC အောက်တွင် စီးပွားရေးစင်္ကြံ ၅ ခု ဖော်ထုတ်လျက်ရှိ

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ ရထားလမ်းပေါ်တွင် ပြေးဆွဲနေသော Orange Line Metro Train (OLMT) ရထားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွား‌ရေးစင်္ကြံ ၅ ခုကို ဖော်ထုတ်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးစီမံကိန်းများဆိုင်ရာဝန်ကြီး Ahsan Iqbal က မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ Pakhtunkhwa ပြည်နယ် Mansehra ခရိုင်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော ဆူကီကင်နရီရေအားလျှပ်စစ်စက်ရုံကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- The Overseas Investment Company of China Gezhouba Group/Handout via Xinhua)

အဆိုပါ စီမံကိန်းများတွင် အလုပ်အကိုင်ဖန်တီးရေး၊ ဆန်းသစ်တီထွင်ရေး၊ အစိမ်းရောင်စွမ်းအင်နှင့် ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွားရေးစင်္ကြံများ ပါဝင်ကြောင်း CPEC စီမံကိန်းများဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေး၌ သဘာပတိအဖြစ်ဆောင်ရွက်စဉ် ဝန်ကြီးက ပြောခဲ့သည်။အဆိုပါ အစည်းအဝေးတွင် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘိုလိုချီစတန်ပြည်နယ်တွင် CPEC အောက်ရှိ အဓိကစီမံကိန်းတစ်ခုဖြစ်သော ဂွာဒါဆိပ်ကမ်း၏ အရေးပါပုံကို ဝန်ကြီးက အလေးထားပြောခဲ့သည်။ ယင်းစီမံကိန်းသည် ပါကစ္စတန်နိုင်ငံကို အခြား ကမ္ဘာ့နိုင်ငံများနှင့် ဆက်သွယ်ပေးသော အဓိက ပင်လယ်ရေကြောင်းဝင်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။
၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်၏ အထင်ကရစီမံကိန်းဖြစ်သော CPEC သည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဂွာဒါဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ခါးစန်းမြို့ကို ချိတ်ဆက်ထားသော စင်္ကြံတစ်ခုဖြစ်ကာ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………….
Pakistan to develop 5 economic corridors under CPEC: minister
ISLAMABAD, March 14 (Xinhua) — Pakistan geared up efforts to develop five economic corridors under the China-Pakistan Economic Corridor (CPEC) for national growth, Minister for Planning, Development and Special Initiatives Ahsan Iqbal said on Wednesday.
The initiative includes economic corridors of job creation, innovation, green energy, and inclusive regional development, the minister said while chairing a review meeting on CPEC projects.
During the meeting, the minister underlined the importance of the Gwadar port, a key project in the country’s southwest Balochistan province under CPEC, which is set to become a key maritime gateway connecting Pakistan with the rest of the world.
Launched in 2013, the CPEC, a flagship project of the China-proposed Belt and Road Initiative, is a corridor linking the Gwadar port in southwestern Pakistan with Kashgar in northwest China’s Xinjiang Uygur Autonomous Region, which highlights energy, transport and industrial cooperation.
Photo 1: An aerial drone photo taken on Feb. 2, 2024 shows an Orange Line Metro Train (OLMT) running on the track in Lahore, Pakistan. (Xinhua/Ahmad Kamal)
Photo 2: This photo taken on Feb. 28, 2024 shows part of the China-built Suki Kinari Hydropower station in the Mansehra district of Pakistan’s Khyber Pakhtunkhwa province. (The Overseas Investment Company of China Gezhouba Group/Handout via Xinhua)