Connect with us

Culture & Entertainment

ကမ္ဘာ့မီဒီယာထိပ်သီးအစည်းဝေး ကမ္ဘာ့လုံးဆိုင်ရာသတင်းဆု “ဆီးနှင်းရေခဲပြင် အားကစားဓါတ်ပုံပြိုင်ပွဲ”အတွက် ပြိုင်ပွဲဝင်ဓါတ်ပုံများ စတင်ပေးပို့နိုင်ပြီဖြစ်

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ သတင်းမီဒီယာ ထိပ်သီးအစည်းအဝေး ကမ္ဘာလုံးဆိုင်ရာ သတင်းဆု “ဆီးနှင်းရေခဲပြင် အားကစား ဓါတ်ပုံပြိုင်ပွဲ”အတွက် ပြိုင်ပွဲဓါတ်ပုံများကို ဇူလိုင် ၈ ရက်မှစ၍ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။ယခုအကြိမ်ပြိုင်ပွဲကြီးသည် ဆီးနှင်းရေခဲပြင်အားကစား သက်ဝင်လှုပ်ရှားနေသည့် တဒင်္ဂပုံရိပ်များကို သတင်းမီဒီယာသမားများ မှတ်တမ်းတင်နိုင်မှုနှင့် ဆီးနှင်းရေခဲပြင်အားကစားပြည်သူအများ နှစ်ခြိုက်ပါဝင်မှုကို အားပေးရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့်မီဒီယာများအား အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းသည့် ပလပ်ဖောင်းတစ်ခု ဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုင်ငံတကာ နာမည်ကျော် မီဒီယာဌာနများ အတူတကွ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ သတင်းဆုကို ကမ္ဘာ့မီဒီယာထိပ်သီးအစည်းဝေးက ပုံစံမျိုးစုံရှိ မီဒီယာများအပါအဝင်၊ ကမ္ဘာလုံးလွှမ်းခြုံသည့် အထွေထွေသတင်းမီဒီယာပြိုင်ပွဲများအတွက် ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ကျင်းပသည့် “ဆီးနှင်းရေခဲပြင်ဓါတ်ပုံပြိုင်ပွဲ”ကို ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး ကမ္ဘာလုံးဆိုင်ရာ သတင်းဆု “”Truth, Objectivity and Excellence”ဟူသော ရည်ရွယ်ချက်ကို ရှေ့ဆက်ရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး အတွင်းရေးမှူးဌာန၏ မိတ်ဆက်ပြောကြားချက်များအရ သိရသည်။

ဓါတ်ပုံပြိုင်ပွဲတွင် Action နှင့် Stories ဟူ၍ ဆုကြီးနှစ်မျိုး ခွဲထားပြီး ၎င်းအောက်တွင် Single Photos ဆု နှင့် Photo Series ဆု ဟူ၍ ထပ်မံခွဲထားသည်။ ထို့အပြင် ပြိုင်ပွဲကော်မတီက “အကောင်းဆုံးဓါတ်ပုံ” ဆုနှင့်” WMS Presidium Special Award”ဆု ဟူ၍ ထပ်မံထားရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပါဝင်မည့် သတင်းဓါတ်ပုံများသည် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်အတွင်း ရိုက်ကူးသည့် ဓါတ်ပုံများဖြစ်ရမည်ကြောင်း သိရသည်။

ဆုရရှိသူများအတွက် ဂုဏ်ပြုလက်မှတ်နှင့် ဆုကြေးငွေများ ချီးမြှင့်ပေးမည်ဖြစ်ရာ ဓါတ်ပုံတစ်ခုတည်းက ဆုများစွာရရှိမည်ဆိုပါလျှင် ရရှိသည့်ဆုများအနက် အမြင့်ဆုံးဆုကြေးချီးမြှင့်ပေးမည်ဖြစ်သည်။ ဓါတ်ပုံပြိုင်ပွဲဆုကြေး များမှာ-
Best Photo:10,000 U.S. dollors.
Frist Prize: 6,000 U.S. dollors.
Nomination: 3,000 U.S. dollors.
WMS Presidium Special Award: 1,000 U.S. dollors.တို့ ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် ပါဝင်မည့် ဓါတ်ပုံများကို ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်မှ စက်တင်ဘာ ၁၀ ရက် အတွင်း ပေးပို့ရမည်ပြီး ဆုရလဒ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမတိုင်မီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။ ပြိုင်ပွဲအသေးစိတ်အကြောင်းအရာများကို wms.news.cnကြည့်ရှုနိုင်ကြောင်း သိရသည်။ (Xinhua)

—————————————————-
(Chinese Verion)

世界媒体峰会全球新闻奖冰雪运动摄影大赛
开始征稿
新华社北京7月8日电世界媒体峰会全球新闻奖冰雪运动摄影大赛8日开始面向全球征稿。大赛组织方希望通过本次大赛,鼓励新闻从业者用照片记录冰雪运动中的生动瞬间,激发民众参与冰雪运动的热情。

世界媒体峰会是全球最重要的媒体高端交流协调平台,2009年由多家国际知名媒体机构共同发起。
全球新闻奖是世界媒体峰会创设的涵盖多种媒体业态、覆盖全球的综合性新闻赛事。

据世界媒体峰会秘书处介绍,今年举办的冰雪运动摄影大赛将延续世界媒体峰会全球新闻奖“真实、客观、卓越”的宗旨,设立动作类图片和故事类图片两大类奖项,每类分设单幅和组照奖项,大赛组委会还将设立“最佳照片奖”和“峰会主席团特别奖”。参赛新闻图片的发表时间为2009年10月1日至2021年9月10日之间。
本次大赛征稿时间为2021年7月8日至9月10日。有意参赛者可以浏览大赛官网wms.news.cn了解更多细节,获奖结果将在2021年11月前公布。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.