Connect with us

Europe

ရုရှားတိုက်လေယာဉ်က အမေရိကန် ကင်းလှည့်လေယာဉ် လေပိုက်နက်ထဲ ဝင်ရောက်လာမှုကို တားဆီး

ခရိုင်းမီးယားကျွန်းဆွယ်အနီး ပင်လယ်နက်ရေပြင်တွင် ရုရှားသင်္ဘောနှင့်လေယာဉ်များ စစ်ရေးလေ့ကျင့်ခန်းလုပ်နေသည်ကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ရုရှားစစ်တပ် Su-30 တိုက်လေယာဉ် နှစ်စီးသည် ပင်လယ်နက် ရုရှားလေပိုက်နက်သို့ ဝင်ရောက်လာသည့် ကင်းလှည့်လေယာဉ်တစ်စီးကို ဇူလိုင် ၆ ရက်က တားဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ဇူလိုင် ၆ ရက် ညနေပိုင်းက ပင်လယ်နက်ကြားနေရေပြင် အထက်ကောင်းကင်တွင် ပစ်မှတ်တစ်ခု ရုရှားနယ်စပ်သို့ ချဉ်းကပ်လာသည်ကို တွေ့မြင်ရကြောင်း ၊ ထို့နောက် Su-30 တိုက်လေယာဉ် နှစ်စီးပျံသန်း၍ ပစ်မှတ်ကိုအတည်ပြုကာ ရုရှားလေပိုင်နက်သို့ ဝင်ရောက်လာမှုကို တားဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဝေဟင်တွင် တွေ့ရှိရသည့် အဆိုပါပစ်မှတ်သည် P-8 Poseidon ပင်လယ်ပြင် ကင်းလှည့်လေယာဉ်ဖြစ်ကြောင်း ရုရှားလေယာဉ်မှူးက အတည်ပြုနိုင်ခဲ့ပြီး ၎င်းအား ပင်လယ်နက်ကောင်းကင်တွင် လိုက်ပါပျံသန်းခဲ့ကြောင်း ရုရှားဘက်က ဆိုသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဗွီဒီယိုတွင် အမေရိကန် ပင်လယ်ပြင် ကင်းလှည့်လေယာဉ်ဖြစ်သည်ကို တွေ့ရှိရကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။

ပင်လယ်နက်တွင် လှုပ်ရှားနေသည့် စပိန်စစ်သင်္ဘောတစ်စီးကိုလည်း အနီးကပ်စောင့်ကြည့်နေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ယင်း စပိန်စစ်သင်္ဘောသည် “ပင်လယ်လေပြေ (Sea Breeze)” နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်ရန်အတွက် ဇူလိုင် ၇ ရက်က ပင်လယ်နက်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်သင်္ဘော၏ဦးတည်ရာကို ရုရှားပင်လယ်နက်ရေယာဉ်အုပ်စုက ခြေရာခံထားပြီးဖြစ်ကြောင်း ဆိုသည်။

ယခုနှစ် “ပင်လယ်လေပြေ (Sea Breeze)” နိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၀ ရက်အတွင်း ပြုလုပ်မည်ဖြစ်ရာ နိုင်ငံပေါင်း (၃၂)နိုင်ငံမှ စစ်သား(၅,၀၀၀)ခန့်၊ သင်္ဘော (၃၂)စီး ၊ စစ်လေယာဉ် အစီး(၄၀)တို့ ပါဝင်ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ ဗြိတိန် စစ်သင်္ဘောတစ်စီး ပင်လယ်နက်ရုရှားနယ်စပ်သို့ ကျူးကျော်လာမှုကြောင့် ရုရှားက လိုက်လံနှင်ထုတ်ခဲ့‌ကြောင်း သိရသည်။

ဗြိတိန်ရေတပ် ”Defender”ဖျက်သင်္ဘောသည် ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ပင်လယ်နက် အနောက်မြောက်ပိုင်း ပင်လယ်ပြင်ရှိ ရုရှားနယ်စပ်ကို ကျူးကျော်ခဲ့ရာ ၊ ရုရှားနယ်စပ်ကာကွယ်ရေးစစ်သင်္ဘောက ပစ်ခတ်သတိပေးခဲ့ပြီး Su-24M တိုက်လေယာဉ်က ဗြိတိန်သင်္ဘောမောင်းနှင်ရာဦးတည်ချက်ကို ဝေဟင်မှ ဗုံးကြံသတိပေးပြီး နှင်ထုတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဗြိတိန်စစ်သင်္ဘောသည် နိုင်ငံတကာဥပဒေကို လိုက်နာ၍ ယူကရိန်းရေပိုင်နက်မှ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားခဲ့ကြောင်း ၊ ထိုအချိန် ရုရှားဘက်က ပင်လယ်နက်တွင် ပစ်ခတ်ရေးလေ့ကျင့်ခန်းလုပ်နေသည်ဟု ယူဆကြောင်း ယင်းနေ့တွင်ပင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

—————————————————-
(English Verion)

俄罗斯战机阻止美军巡逻机非法进入领空

俄罗斯国防部7日说,俄军两架苏-30型战机6日阻止一架巡逻机非法进入位于黑海的俄罗斯领空。俄罗斯媒体报道,这是一架美军巡逻机。

俄方说,俄飞行员确认这一空中目标是一架P-8“海神”海上巡逻机,俄方战机“伴随”它在黑海上空飞行。俄媒报道,从俄国防部发布的视频可以看出,那是美国海军巡逻机。

另外,俄国防部说,俄方正在密切留意一艘西班牙军舰在黑海的活动。这艘西班牙海军巡逻舰7日进入黑海,参加“海上微风”多国联合军事演习。俄黑海舰队已经开始追踪这艘军舰的动向。

今年“海上微风”联合军演6月28日至7月10日举行,来自32个国家大约5000名军人、32艘舰艇、40架军机等参与。军演开始之前,英国一艘军舰在黑海侵犯俄罗斯边境,遭俄方驱逐。

俄国防部6月23日说,英国海军“保卫者”号驱逐舰当天中午在黑海西北部海域越过俄罗斯边界,纵深达3公里;俄边防军舰开火警告,苏-24M战机向英舰航行方向投掷航空炸弹警告,予以驱逐。英国国防部当天声称,英舰当时“正遵循国际法无害通过乌克兰领海”,英方认为俄方当时正在黑海“开展射击演习”。(包雪琳)【新华社微特稿】
图说1:2020年1月9日,在克里米亚半岛附近的黑海海域,俄罗斯舰船和飞机参加演习。(新华社/路透)