Connect with us

China

ချိန်ယွီ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်းက တရုတ်နိုင်ငံ တံခါးဖွင့်စနစ် အခင်းအကျင်းသစ်အား ပေါ်လွင်စေ

တရုတ်နိုင်ငံ ချုံချင့်မြို့ မြင်ကွင်းနှင့် ယန်ဇီ-ကျားလျင် မြစ်နှစ်သွယ်စုံစည်းရာ အလှမြင်ကွင်းအား စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူး၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ)

“ချိန်ယွီ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်မှု စီမံကိန်း အကျဉ်းချုပ်”ကို အောက်တိုဘာ ၂၀ ရက်တွင် တရားဝင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းမှာ ပေကျင်း-ထျန်းကျင်း-ဟဲပေ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသ နောက်ပိုင်း တရုတ်နိုင်ငံ၏ အဓိက ဒေသဖွံဖြိုးရေး မဟာဗျူဟာနောက်တစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ သိပ္ပံမြို့မြင်ကွင်းအား ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထွက်ခွာရန် ပြင်ဆင်နေသည့် တရုတ်-ဥရောပ ရထား (ချိန်ယွီ) အား ချုံချင့်မြို့ ထွန်ကျယ်ကျေးရွာဘူတာတွင် ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချိန်တူးမြို့ ထျန်းဖူနိုင်ငံတကာလေဆိပ်အား ဇွန် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်အန်းမြို့ လျင်ရွှေခရိုင်နှင့် ချုံချင့်မြို့ ယွိပေဒေသစပ်ကြား “ချွမ်းယွီကောင်းကျုမြို့သစ်”ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် ထုတ်ကုန်ပစ္စည်းများအား ရှင်းလင်းနေသည့် ဝန်ထမ်းများအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ချိန်”၊”ယွီ”သည် တရုတ်နိုင်ငံ အနောက်ပိုင်း နိုင်ငံ၏အဓိကမြို့များဖြစ်သည့် ချိန်တူးနှင့်ချုံချင့်၏ အတိုကောက်အခေါ်အဝေါ်ဖြစ်သည်။ ချိန်ယွီဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း စီမံကိန်း စုစုပေါင်း ဧရိယာ ၁၈၅,၀၀၀ စတုရန်းကီလိုမီတာရှိပြီး ၂၀၁၉ ခုနှစ်တွင် အမြဲတမ်းနေထိုင်သည့်လူဦးရေး ၉၆ သန်း၊ ဒေသ၏စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)တန်ဖိုး ယွမ် ၆.၃ ထရီလီယံ ဖြင့် တရုတ်နိုင်ငံ၏ ၁.၉ ရာခိုင်နှုန်း၊ ၆.၉ ရာခိုင်နှုန်း၊ ၆.၃ ရာခိုင်နှုန်း အသီးသီးရှိသည်။

သမိုင်းရှိ ချာမာရှေးဟောင်းလမ်း(လက်ဖက်မြင်းလမ်း)မှသည် ယနေ့ နောက်ပိုင်း ကုန်းလမ်းကြောင်းနှင့်ပင်လယ်ရေကြောင်းနှစ်သွယ်ဆက်နွယ်လမ်းကြောင်းသစ်အထိ တရုတ်နိုင်ငံ အနောက်တောင် အတွင်းပိုင်းဒေသသည် နောက်ဘက်တွင် ဥရောပတိုက်အထိ၊ တောင်ဘက်တွင် အရှေ့တောင်အာရှနှင့်တောင်အာရှကို ဆက်နွယ်သည့် ပထဝီအနေအထား ထူးခြားချက် ရှိသည်။

ယခုအခါ တရုတ်နိုင်ငံက ၎င်းနေရာနှစ်ခုကို ဒွိမဏ္ဍိုင်အဖြစ် တရုတ်နိုင်ငံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှု ဖွံ့ဖြိုးရေးထောက်တိုင်နှင့်တွန်းအားအရင်းမြစ်အသစ် တည်ဆောက်လျက်ရှိသည်။

“ဒီဒေသမှာ ဒေသဖွံ့ဖြိုးရေးအင်ဂျင်နှင့်ပြည်ပတံခါးဖွင့်ထောက်တိုင်သစ်တွေကို တည်ဆောက်နေတာက ယနေ့ခေတ် တရုတ်နိုင်ငံ ‘ကုန်လမ်းနှင့်ပင်လယ်ရေလမ်း အတွင်းအပြင်ချိတ်ဆက်မှု၊ အရှေ့အနောက်နှစ်ဖက်အပြန်အလှန်ကူညီဆောင်မမှု’ရဲ့ ပြည်ပ တံခါးဖွင့် အခင်းအကျင်းသစ်ကို ပေါ်လွင်စေတယ်”ဟု အနောက်တောင်တက္ကသိုလ် စီးပွားစီမံကောလိပ်ပါမောက္ခ၊ ဟားဗတ်တက္ကသိုလ်၏ဧည့်ပညာရှင် လျိုကျစ်မင်က ဆိုသည်။

၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တရုတ်နိုင်ငံက ချိန်ယွီဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်းတည်ဆောက်ရေး တွန်းအားပေးဖို့ အဆိုတင်သွင်းပြီး ၂၀၂၀ပြည့်နှစ် အောက်တိုဘာတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုက အစည်းအဝေးခေါ်ယူ၍ “ချိန်ယွီ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်မှု စီမံကိန်း အကျဉ်းချုပ်”ကို စိစစ် ဆွေးနွေးခဲ့သည်။

တစ်နှစ်ကျော်ကာလတွင် ချိန်တူးမြို့တည်ရှိရာ စီချွမ်းပြည်နယ်နှင့် ချုံချင့်မြို့အကြား ပါတီစီမံအုပ်ချုပ်ရေး ပူးတွဲအစည်းအဝေး ၃ ကြိမ်ကျင်းပခဲ့ပြီး အဆင့် ၄ ပူးပေါင်းဆောင်ရွက်မှုယန္တရားတည်ဆောက်ခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီစာချုပ် ၂၅၂ ခု၊ အဓိကစီမံကိန်းကြီး ၆၇ ခုကို တွန်းအားပေး ဆောင်ရွက်ခဲ့သည်။
“ချိန်ယွီဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း ‘ဖွံ့ဖြိုးရေးထောက်တိုင်’နှင့်’တွန်းအားအရင်းအမြစ်’ရဲ့ ထူးခြားချက်ကို ကနဦးပေါ်လွင်စေခဲ့တယ်”ဟု စီချွမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ချန်တယ်ချွမ်းက ဆိုသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် ချုံချင့်၊ ချိန်တူးကို အဓိကထားသည့် အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေလမ်း လမ်းကြောင်းသစ် နိုင်ငံနှင့်ဒေသ ၁၀၆ ခုရှိ ဆိပ်ကမ်းပေါင်း ၃၀၄ ခုသို့ တိုးချဲ့နိုင်ခဲ့သည်။ ရထားလမ်း-ပင်လယ်ရေလမ်း ဆက်နွယ် သယ်ယူပို့ဆောင်ရေး ရထား၊ နယ်စပ်ဖြတ်ကျော် အဝေးပြေးကား၊ နိုင်ငံတကာ ရထားလမ်းဆက်နွယ် သယ်ယူပို့ရေး ရထားများ၏ မောင်းနှင်သွားလာမှုပမာဏသည် ကာလတူထက် ၁၄၇ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း၊ ၅၆ ရာခိုင်နှုန်းအသီးသီး တိုးတက်လာခဲ့သည်။

၂၀၂၀ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု၊ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းလေကြောင်း သယ်ယူပို့ဆောင်ရေးအပေါ် သက်ရောက်မှုကြီးမားသည့် အချိန်ကာလတွင် တရုတ်-ဥရောပရထားသည် ကမ္ဘာ့ကုန်သွယ်ရေးပံ့ပိုးမှုကွင်းဆက်၏အရေးကြီးသည့် အသက်သွေးကြောဖြစ်ခဲ့သည်။

“တရုတ်-ဥရောပရထားက ကျွန်တော်တို့အတွက် စာချုပ်ပျက်လို့လျော်ကြေးပေးရမယ့်အန္တရာယ်ကို ကျော်လွှားစေခဲ့တယ်”ဟု ASUS ကွန်ပြူတာ အနောက်တောင်ပိုင်းဒေသ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဒါရိုက်တာ လုဟုန်က ဆိုသည်။ တစ်ကမ္ဘာလုံး အိမ်တွင် အလုပ်လုပ်၊ အွန်လိုင်းသင်ကြားရေးများ လုပ်ရန် လိုအပ်ချက်ကြောင့် ကပ်ရောဂါကာလ ASUS ကွန်ပြူတာ၏တင်ပို့မှုပမာဏ တိုးပွားလာသော်လည်း လေကြောင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အတားအဆီးများ ရှိနေကြောင်း ၊ ထို အရေးပေါ်အခက်အခဲကို တရုတ်-ဥရောပရထားက ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်မှစ၍ တရုတ်-ဥရောပ ရထား (ချိန်ယွီ) မောင်းနှင်သွားလာမှုပမာဏသည် အစီး ၃,၅၀၀ ကျော်ရှိပြီဖြစ်ရာ တရုတ်နိုင်ငံ၏ တရုတ်-ဥရောပရထား သွားလာမှု စုစုပေါင်း ပမာဏ၏ ၃၀ ရာခိုင်နှုန်းအထက်ရှိရာ ယင်းကဏ္ဍ ဦးဆောင်မှုနေရာတွင် ရှိနေသည်။
“တရုတ်-ဥရောပရထားနှင့်အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေလမ်း ဆက်နွယ်တဲ့ လမ်းကြောင်းသစ်က ချိန်ယွီဒေသကို ရပ်ဝန်းနှင့်ပိုးလမ်းမကို မျက်နှာမူတဲ့အခါ အရေးကြီးသက်ရောက်မှုရှိတဲ့ ကုန်ပစ္စည်းပံ့ပိုးမှုကွင်းဆက်ဗဟိုချက် ဖြစ်စေတယ် ”ဟု အနောက်တောင် စီးပွားရေးနှင့်ဘဏ္ဍာရေးတက္ကသိုလ် ပညာရှင်အဖွဲ့ အမှုဆောင်အရာရှိချုပ် ထန်းကျိချန်က ဆိုသည်။

လေကြောင်း တံခါးဖွင့်စင်္ကြန်ကလည်း မပြတ်တိုးပွားလျက်ရှိသည်။ ချိန်တူးမြို့သည် နိုင်ငံတကာ(ဒေသ)လေကြောင်းလိုင်း ၁၃၁ ခုဖွင့်လှစ်ထားပြီးဖြစ်ရာ တရုတ်နိုင်ငံ နောက်အလယ်ပိုင်း၏ ပထမနေရာရှိသလို တရုတ်နိုင်ငံ အနောက်အလယ်ပိုင်း နိုင်ငံတကာလေဆိပ် နှစ်ခု ရှိသည့် တစ်ခုတည်းသော မြို့လည်း ဖြစ်သည်။ ချုံချင့်မြို့တွင်လည်း လေဆိပ်သစ် စီမံကိန်းအစပြုခြင်းနှင့်အတူ အနာဂတ် ချိန်ယွီဒေသ မြို့နှစ်မြို့ တစ်နာရီအတွင်း သွားလာနိုင်သည့် စီးပွားရေးစက်ဝန်းအတွင် နိုင်ငံတကာလေဆိပ် ၄ ခု လွှမ်းခြုံနိုင်ဖွယ်ရှိရာ တံခါးဖွင့်အဆင့် ထပ်မံတိုးမြင့်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံရှိ ဥရောပသမဂ္ဂကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ၊ အနောက်တောင်အသင်းခွဲ ဥက္ကဋ္ဌ မာရှောင်လိသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၁၇ နှစ်ကြာနေထိုင်ခဲ့သည်။ ယခုကာလများတွင် ၎င်းနှင့်မိသားစု ချိန်တူကို ပြောင်းရွှေ့လာခဲ့သည်။
“ကျွန်တော်တို့ အသင်းခွဲက ဒီနှစ်မှာတိုးတက်မှုအမြန်ဆုံးအသင်းပါပဲ။ ဒီဒေသမှာ အလားအလာကောင်းတွေ ရှိနေဆဲပဲ”ဟု မာရှောင်လိက ဆိုသည်။ တရုတ်နိုင်ငံက ချိန်ယွီဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်း တည်ဆောက်ပြီး ဤဒေသကို ပေကျင်း-ထျန်းကျင်း-ဟဲပေ၊ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသနှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသနှင့်အဆင့်တူထားရှိမည်ဖြစ်ရာ အခွင့်အလမ်းအများအပြား ပွင့်လန်းလာကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ နှစ်စဉ် စီးပွားရေးယုံကြည်မှုစစ်တမ်းအစီရင်ခံစာမှာ ၆၅ ရာခိုင်နှုန်းက ဒီမဟာဗျူဟာအပေါ် ကြီးမားတဲ့မျှော်လင့်ချက်ထားကြတယ်”ဟု ဆိုသည်။

“ချိန်ယွီဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်းတည်ဆောက်တာက တရုတ်နိုင်ငံအနောက်ပိုင်းဒေသသည် ခေတ်သစ်တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ကြီးမားတဲ့အလားအလာကို တစ်ဆင့်မြှင့်တင်ခြင်း ဖြစ်တယ် ”ဟု စင်ကာပူနိုင်ငံ လူစွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် ကုန်သွယ်ရေးနှင့်စက်မှု ဒုတိယဝန်ကြီးTan See Lengက ပြီးခဲ့သည့်လ ၁၈ ကြိမ်မြောက် တရုတ်နိုင်ငံအနောက်ပိုင်း နိုင်ငံတကာကုန်စည်ပြပွဲ၌ ဗွီဒီယိုဖြင့် အမှာစကားပြောကြားစဉ် ဖော်ပြခဲ့သည်။ ကိုဗစ်ကပ်ရောဂါ အရိပ်မည်းတစ်ဖြည်းဖြည်း ကင်းစင်သွားခြင်းနှင့်အတူ စီးပွားရေးပြန်လည်ရှင်သန်လာ‌အောင် တွန်းအားပေးဆောင်ရွက်ရာတွင် စင်ကာပူ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အထူးအရေးကြီးကြောင်း၊ တရုတ်နိုင်ငံ အနောက်ပိုင်းသည် ဥရောပတိုက်၊ အလယ်အာရှ၊ အရှေ့တောင်အာရှ ‘လမ်းဆုံလမ်းခွ’တွင် တည်ရှိသည့် မဟာဗျူဟာ အနေအထားကို အသုံးချ၍ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများအား တစ်ဆင့်တိုးအားဖြည့် ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ချုံချင့်တက္ကသိုလ် စီးပွားစီမံကောလိပ် ပါမောက္ခ ရောင်စုကျယ်က ချိန်ယွီဒေသကို တရုတ်နိုင်ငံ အနောက်ပိုင်း ဦးဆောင်နဂါးခေါင်းအဖြစ်ထားပြီး မြို့နှစ်မြို့စီးပွားရေးစက်ဝန်းမဟာဗျူဟာဖြင့် တရုတ်နိုင်ငံအနောက်ပိုင်း လူဦးရေ သန်း(၄၀၀)နီးပါးရှိ ကျယ်ပျောလှသည့်ဈေးကွက်အား အသက်သွင်းဆောင်ရွက်နိုင်ကြောင်း ၊ ပြည်တွင်းလည်ပတ်မှုကို ဗဟိုပြု၍ ပြည်တွင်းပြည်ပ နှစ်ဖက်လည်ပတ်မှုဖြင့် ဖွံ့ဖြိုးရေးအခင်းကျင်းသစ်ကို မြှင့်တင်သည့် မဟာဗျူဟာထောက်တိုင်သစ်တစ်ခုဖြစ်လာနိုင်ကြောင်း ယူဆသည်။

“ဗဟိုအစိုးရက ဘုံသာယာဝပျောရေးကို တွန်းအားပေးဆောင်ရွက်မယ်လို့ အတိအလင်း ဖော်ပြခဲ့တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကြည့်မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးမညီမျှမှုကို ဦးစွာ ဖြေရှင်းရမှာဖြစ်တယ်”ဟု ထန်းကျိချန်က ဆိုသည်။ အနောက်ပိုင်းဒေသသည် တရုတ်နိုင်ငံမြေဧရိယာ၏ ၇၁ ရာခိုင်နှုန်းရှိသော်လည်း ဒေသGDPသည် ၂၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ချိန်ယွီဒေသကို ဟေးဟဲ-ထိန်ချုံးလိုင်းနှင့် နီးကပ်သည့် အကြီးဆုံး စီးပွားရေးနဂါးခေါင်းဖြစ်ရာ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသနှင့် ပေကျင်း-ထျန်းကျင်း-ဟဲပေ ဖွံ့ဖြိုးရေးမဏ္ဍိုင် ၃ ခု နောက်တွင် စတုတ္ထုတရုတ်စီးပွားရေးမဏ္ဏိုင် သမိုင်းတာဝန်ကို တည်ဆောက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………..
(Chinese Version)
(中国聚焦)成渝地区双城经济圈彰显中国开放新格局
2021-10-21 22:36:19
新华社成都10月21日电题:成渝地区双城经济圈彰显中国开放新格局
新华社记者
《成渝地区双城经济圈建设规划纲要》20日正式印发。这是继京津冀、长三角、粤港澳大湾区之后,中国又一重要的区域发展战略。
“成”“渝”是中国西部两座国家中心城市成都、重庆的简称。成渝地区双城经济圈规划总面积18.5万平方公里,2019年常住人口9600万人,地区生产总值近6.3万亿元,分别占中国的1.9%、6.9%、6.3%。
从历史上的茶马古道到今日的西部陆海新通道,中国西南腹地有着向西直达欧洲、向南连接东南亚与南亚的独特区位优势。
这次,中国将以它们为“双核”,建设带动中国高质量发展的重要增长极和新动力源。
“在这一区域建设新的区域发展引擎和对外开放支点,正体现了当今中国‘陆海内外联动、东西双向互济’的对外开放新格局。”西南大学经济管理学院教授、哈佛大学访问学者刘自敏说。
2020年初,中国提出推动成渝地区双城经济圈建设;2020年10月,中共中央政治局召开会议,审议《成渝地区双城经济圈建设规划纲要》。
一年多来,成都市所在的四川省与重庆市召开了三次党政联席会议,建立四级合作机制,累计签署合作协议252份,推进重大项目67个。
“成渝地区双城经济圈‘增长极’和‘动力源’的特征初步显现。”四川省发展改革委副主任陈德川说。
今年上半年,以重庆、成都为主要枢纽的西部陆海新通道,目的地已拓展至106个国家和地区的304个港口,铁海联运班列、跨境公路班车、国际铁路联运班列开行量同比分别逆势增长147%、70%、56%。
2020年,当新冠肺炎疫情肆虐、全球航运和空运受到极大影响时,中欧班列成为稳定全球贸易供应链的重要“生命线”。
“中欧班列帮我们克服了违约风险。”华硕电脑西南区品牌总监路宏介绍,受全球居家办公、在线学习需求影响,疫情期间华硕电脑出货量爆发式增长,但空运、海运受阻,中欧班列解了燃眉之急。
今年以来,中欧班列(成渝)已开行超3500列,占中国中欧班列开行总量30%以上,成为行业“领头羊”。“依托中欧班列和西部陆海新通道,成渝地区将形成面向‘一带一路’具有重要影响力的供应链枢纽。”西南财经大学西财智库首席执行官汤继强说。
空中开放走廊也在加密。成都已开通国际(地区)航线131条,规模稳居中国中西部第一,也是中国中西部唯一拥有双国际机场的城市。随着重庆新机场规划提上日程,未来成渝地区双城经济圈一小时通行半径内,有望覆盖4座国际机场,开放能级将再次提升。
中国欧盟商会副主席、西南分会主席马晓利在中国北京生活了17年。最近,他和家人一起搬到了成都。
“我们的西南分会是今年发展最快的分会。这一区域的潜力仍然有待挖掘。”马晓利说,中国建设成渝地区双城经济圈,将成渝地区提升至与京津冀、长三角以及粤港澳大湾区同等级别,开启了更多机会。“在我们每年的商业信心调查报告中,有65%的成员都对这一战略抱有很大期望。”
“成渝地区双城经济圈建设,进一步凸显了中国西部地区在推动中国新时代经济发展方面的巨大潜力。”新加坡人力部长兼贸工部第二部长陈诗龙一个月前在第十八届中国西部国际博览会上视频致辞时表示,随着新冠肺炎疫情阴霾逐渐散去,新中为促进经济复苏开展合作尤为重要,双方可利用中国西部处于欧洲、中亚、东南亚“十字路口”的战略地位进一步加强合作。
重庆大学经济管理学院教授姚树洁认为,成渝地区作为中国西部龙头,完全有能力依托双城经济圈战略激活中国西部近4亿人口的广阔市场,成为以国内大循环为主体、国内国际双循环相互促进的新发展格局的战略支撑点之一。
“中央已明确提出促进共同富裕,从全国来看首先要解决区域发展不平衡问题。”汤继强表示,整个西部占中国国土面积的71%却仅贡献了20%左右的地区生产总值,成渝地区作为中国西部靠近“胡焕庸线”的最大经济龙头,应肩负起继长三角、粤港澳大湾区和京津冀三大增长极后,建设中国经济“第四极”的历史使命。(记者:惠小勇、李勇、杨迪、赵宇飞、江毅)(完)
图说1:清晨,重庆立体的城市景观与长江、嘉陵江的自然水景交相辉映(9月21日摄)。新华社记者刘潺 摄
图书2:7月28日拍摄的成都科学城(无人机照片)。新华社记者刘坤 摄
图说3:2021年1月1日,中欧班列(成渝)号首列班车在重庆团结村站等待发车。新华社记者唐奕 摄
图说4:这是6月5日拍摄的日出时分的成都天府国际机场(无人机照片)。6月27日,我国“十三五”期间规划建设的最大民用运输枢纽机场——成都天府国际机场正式启用。新华社发(何海洋 摄)
图说5:在四川省广安市邻水县与重庆市渝北区交界处的“川渝高竹新区”,一家企业的员工在摆放整理生产的成品(2020年11月12日摄)。新华社记者王曦 摄