Connect with us

COVID-19 UPDATES

ဂျပန်နိုင်ငံ နေရာအမြောက်အမြားတွင် ယာယီ ကိုဗစ်ကုသရေးစင်တာများ တည်ဆောက်နေရ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှာခေါင်းစည်းတပ်သွားလာနေသူများအား စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ပဥ္စမမြောက် ကိုဗစ်လှိုင်း အထွတ်အထိပ်သို့ ရောက်ရှိနေရာ ဒေသအသီးသီရှိ ဆေးရုံများတွင် လူနာကုတင်လိုအပ်ချက်များ ဆိုးဆိုးဝါးဝါးဖြစ်ပွားလျက်ရှိသည်။ ဂျပန်ဒေသ ၂၅ ခုရှိ ဒေသဆိုင်ရာ အစိုးရများက ကျန်းမာရေးစနစ်ဝန်ဖိအားကို ဖြေလျှော့နိုင်ရန်အတွက် အောက်ဆီဂျင်စက်ရုံအပါအဝင် ယာယီဆေးကုသရေးစင်တာများ တည်ဆောက်ရန် စဉ်းစားနေကြောင်း Kyodo သတင်းဌာန၏ စက်တင်ဘာ ၄ ရက် ထုတ်ပြန်သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

Kyodo သတင်းဌာန၏ ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၂ ရက်အထိ စစ်တမ်းများအရ ဂျပန်နိုင်ငံရှိ အုပ်ချုပ်ရေးဒေသ (၄၇)ခုရှိ အစိုးရနှင့် လူဦးရေ (၅)သိန်းကျော်သည့် အဓိကမြို့ကြီး(၂၀) ခုအပေါ် အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်တမ်းအရ (၉၆)ရာခိုင်နှုန်း နီးပါးတွင် ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်မှုအကျပ်အတည်းနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။

ဇူလိုင်လမှစ၍ ဂျပန်တွင် ပဥ္စမမြောက် ကိုဗစ်ကပ်ရောဂါလှိုင်းအထွတ်အထိပ်ကို ရောက်ရှိခဲ့ခြင်းဖြစ်ရာ အထူးသဖြင့် တိုကျိုအိုလံပစ်အားကစားပွဲကာလတွင် ကူးစက်သူ လျှင်မြန်စွာ မြင့်တက်ခဲ့သည်။ ရောဂါကူးစက်သူများကို ဆေးရုံများတွင် လက်ခံကုသနိုင်မှုမရှိခြင်းကြောင့် လက္ခဏာအနည်းငယ်နှင့်အလယ်အလတ်ရှိသည့် လူနာများက အိမ်တွင်သာ ရောဂါကုသမှုခံယူခဲ့ရသည်။ ထိုသို့ ကုသမှုပြုနေသူ (၁)သိန်း(၃)သောင်းကျော် ရှိကြောင်း Kyodo သတင်း ဖော်ပြချက်များအရ သိရသည်။

ဆေးရုံတက်ခွင့်မရသည့် ကိုဗစ်လူနာများအား လက်ခံကုသရန်အတွက် ယာယီစင်တာများတည်ဆောက်ဖို့ ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဩဂုတ်လကုန်ပိုင်းတွင် ဒေန္တရအစိုးရအဖွဲ့များအား ညွှန်ကြားခဲ့သည်။ Kyodo သတင်းဌာန၏စစ်တမ်းများအရ ယာယီကျန်းမာရေးစင်တာ တည်ဆောက်ရန် သို့မဟုတ် တည်ဆောက်ရန် စဉ်းစားနေသည့် ဒေန္တရအစိုးရများအနက် အချို့မှာ ရောဂါပြင်းထန်သည့် လူနာများကို အလေးပေးစီမံမှုများ ရှိရာ ဥပမာ-Fukuiစီရင်စုတွင် အားကစားရုံတစ်ခုအား ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့သလို Ehimeစီရင်စုတွင် ဟိုတယ်တစ်ခုအား ငှားရမ်း၍ ကိုဗစ်လူနာများအား လက်ခံကုသပေးခဲ့ကြောင်း ၊ အချို့မှာ အောက်ဆီဂျင်စင်တာ နှင့်ဆေးရုံတက်ရန်စောင့်ဆိုင်ရာနေရာများကို အလေးထားဆောင်ရွက်လျက်ရှိရာ ဥပမာ တိုကျိုမြို့အစိုးရက နေအိမ်တွင် အောက်ဆီဂျင်သုံးကုသမှုခံယူနေရသူများအတွက် ဩဂုတ်လကုန်ပိုင်းတွင် မြို့လယ်ခေါင်၌ အောက်ဆီဂျင်စင်တာ ပထမဆုံးဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအောက်ဆီဂျင်စင်တာတွင် ကုတင်နေရာ (၁၃၀)ခု၊ ကျန်းမာရေးစောင့်ရှောက်ရန် အမြဲတမ်းတာဝန်ထမ်းဆောင်သည့် ဆရာဝန် (၃)ဦး ၊သူနာပြု (၂၅)ဦးဖြင့် (၂၄)နာရီဖွင့်လှစ်ပေးထားရာ လူနာများအနေဖြင့် အောက်ဆီဂျင်စင်တာတွင် တစ်ရက်နှစ်ရက်နေနိုင်ပြီး ရောဂါသက်သာပါက အိမ်သို့ ပြန်နိုင်သလို ရောဂါပြင်းထန်သူများအား ဆေးရုံတင်ကုသပေးရန် စဉ်းစားနိုင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
日本多地忙建临时新冠治疗点
2021-09-05 18:17:04
新华社北京9月5日电日本眼下处于第五波新冠疫情高峰,各地医院病床严重短缺。日本共同社4日发布的一项调查显示,25个地方政府已经或正在考虑设立包括氧气站在内的临时治疗点,以缓解医疗系统压力。
共同社8月26日至9月2日开展调查,涉及日本47个都道府县政府和20个人口超过50万的主要城市政府。依据这项调查,将近96%的调查对象面临医务人员不足等困难。
7月以来,日本进入第五波新冠疫情高峰,特别是东京奥运会期间感染人数急剧上升。因医院无法收治所有感染者,大量中轻症患者被迫“居家疗养”。共同社报道,这一群体数量超过13万。
日本厚生劳动省8月下旬要求地方政府设立临时机构,治疗无法住院的新冠患者。依据共同社调查,25个已设立或考虑设立临时治疗点的地方政府中,有的侧重于治疗重症患者,比如福井县将一处体育馆改造成临时医院,爱媛县着手租下酒店接诊新冠患者;有的则着眼于设立氧气站和等候住院机构,如东京都政府8月下旬在市中心开设首家氧气站,为呼吸困难的居家患者提供氧气。这家氧气站设有130个床位,24小时开放,常驻3名医生和25名护士。患者可在氧气站住一至两天,症状减轻后回家,若加重则可考虑入院治疗。(乔颖)

图说1:9月2日,在日本东京,人们戴口罩出行。(新华社记者杜潇逸摄)