Connect with us

COVID-19 UPDATES

ဂျပန်အခြေစိုက် အမေရိကန်စစ်တပ် “ဗိုင်းရပ်စ် ပြန့်ပွားအောင် လုပ်ဆောင်”သည်ဟု အိုကီနာဝါစီရင်စု အုပ်ချုပ်ရေးမှူးက အမျက်ထွက် ပြစ်တင်ပြောကြားခဲ့

ဂျပန်နိုင်ငံ အိုကီနာဝါ စီရင်စု မြို့တော်Nahaရှိ ဥယျာဉ်တစ်ခုတွင် အမေရိကန်စစ်တပ်အား မြို့နေပြည်သူများ ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေသည်ကို ၂၀၁၆ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုတွင် ဇန်နဝါရီ ၃ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃၀ ဦး ထပ်တိုးလာရာ ၎င်းမှာ ၃ လကျော်ကြာကာ နေ့စဉ်ထပ်တိုးလူနာ ဦးရေ ပထမဆုံး ၁၀၀ ကျော်ခြင်း ဖြစ်ခဲ့သည်။
ထို့အပေါ် အိုကီနာဝါ စီရင်စု အုပ်ချုပ်ရေးမှူးDenny Tamakiက ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်သည် ရောဂါထိန်းချုပ်ရေးသတ်မှတ်ချက်များကို မျက်ကွယ်ပြုခြင်းကြောင့် ကပ်ရောဂါလျင်မြန်စွာ ပြန့်ပွားလာရခြင်းဖြစ်ကြောင်း အမျက်ထွက် အပြစ်တင် ပြောကြားခဲ့သည်။ ဂျပန်ဘက်မှ ရောဂါကာကွယ်ရေးနည်းလမ်း စသည့်တို့ကို ပူးပေါင်းပါဝင်ရန်မလိုဟူသော “အထူးအခွင့်အရေး”အား ဖျက်သိမ်းရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

အိုကီနာဝါစီရင်စုအစိုးရ၏ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနေ့တွင် စီရင်စုအတွင်း ကိုဗစ်-၁၉ ထပ်တိုးအတည်ပြုလူနာ ၁၃၀ ဦး ရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက်ကထက် ၅၁ ဦး ထပ်တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ ဂျပန်တွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားသည့်အချိန်မှစပြီး အိုကီနာဝါစီရင်စုတွင် စုစုပေါင်း အတည်ပြုလူနာ ၅၀,၈၉၅ ဦး ရှိသည်။

အိုကီနာဝါ ဂျပန်အခြေစိုက် အမေရိကန်တပ် Hansenစခန်းတွင် ပြီးခဲ့သည့်လက ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ကူးစက်မှုဖြစ်ပွားမှုရှိကြောင်း အကြောင်းကြားခဲ့သည်။ နောက်ဆုံးရ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ယခုလ ၃ ရက်အထိ အိုကီနာဝါစီရင်စု အမေရိကန်တပ်စခန်းနှင့်သက်ဆိုင်သူများတွင် ၄ ရက်ကြာကာလအတွင်း ကိုဗစ် ထပ်တိုးကူးစက်သူ ၄၁၉ ဦး ရှိခဲ့ရာ ပြန့်ပွားမှုနှုန်းမြင့်မားခဲ့သည်။ ယခုအခါ အိုကီနာဝါစီရင်စုအတွင်း အမေရိကန်တပ် အခြေစိုက်စခန်းသက်ဆိုင်သော ကိုဗစ်အတည်ပြုလူနာ ဦးရေသည် စုစုပေါင်း ၃,၆၉၉ ဦး ရှိပြီဖြစ်သည်။ စီရင်စုအတွင်း ရောဂါဖြစ်ပွားမှုအခြေအနေကိန်းဂဏန်းများတွင် ဂျပန်အခြေစိုက် အမေရိကန်တပ်၏ လူနာဦးရေထည့်သွင်း ထားခြင်းမရှိကြောင်း သိရသည်။

တစ်လကျော်ကြာကာလတွင် အိုကီနာဝါစီရင်စု၏ နေ့စဉ် ထပ်တိုးလူနာ ဦးရေကို ၄၀၊ ၅၀ ဝန်းကျင်ခန့်ဖြင့် တောက်လျှောက်ထိန်းထားနိုင်ခဲ့ပြီးနောက် ကပ်ရောဂါ ရုတ်ခြည်း လျင်မြန်စွာ ပြန့်ပွားလာသည့်အတွက် စီရင်စုအစိုးရက အမေရိကန်စစ်တပ်ပေါ် ကျေနပ်မှုမရှိခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်အခြေစိုက် အမေရိကန်တပ်စခန်းအတွင်း ကပ်ရောဂါ အပြင်သို့ လျှံထွက်နေပြီးဖြစ်ကြောင်း၊ ၎င်းမှာ တပ်အတွင်း ရောဂါကာကွယ်ရေးနည်းလမ်းနှင့်စီမံခန့်ခွဲမှု ထိရောက်ခြင်းမရှိသည်ကို ပြသခြင်းဖြစ်ရာ ယင်းပေါ် အလွန် စိတ်ဆိုး ဒေါသထွက်ရကြောင်း အိုကီနာဝါ စီရင်စု အုပ်ချုပ်ရေးမှူး Denny Tamakiက ဇန်နဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ နောက်ဆုံး သုတေသနရလဒ်များတွင် ဂျပန်အခြေစိုက်အမေရိကန်စစ်တပ်က ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် အိုမီခရွန်ကို အိုကီနာဝါ သို့ သယ်ဆောင်လာခဲ့သည်ကို သက်သေပြုထားကြောင်း ၎င်းက ဆိုသည်။ “အမေရိကန်၏ ကပ်ရောဂါအခြေအနေကို ဂျပန်ကို မသယ်လာပါနဲ့၊ အိုကီနာဝါကို ပိုပြီး သယ်မလာပါနဲ”ဟု ၎င်းက ဒေါသတကြီး ပြစ်တင် ပြောကြားခဲ့သည်။
နေ့စဉ်ထပ်တိုးလာသည့် ကိုဗစ် အတည်ပြုလူနာ အရေအတွက်ကို ဂျပန်ရှိ အမေရိကန်တပ်က အကြောင်းကြားသော်လည်း မည်သည့်စခန်းတွင် ရောဂါဖြစ်ပွားရှိကြောင်း၊ ကူးစက်သူ မည်မျှရှိကြောင်းနှင့် အိုမီခရွန် ကူးစက်မှု ရှိမရှိကို အသေးစိတ် ပြောကြားခြင်း မရှိကြောင်း သိရသည်။

Denny Tamakiက ယင်းဖြစ်ရပ်မှာ ဂျပန်-အမေရိကန် အုပ်ချုပ်ရေးအဆင့်သဘောတူညီချက်က ဖွဲ့စည်းပုံပြဿနာဖြစ်ကြောင်း ဆိုသည်။ သဘောတူညီချက်ကို ပြင်ဆင်ပြီး အမေရိကန်တပ်၏ သက်ဆိုင်ရာ “အထူး အခွင့်အရေး”ကို ဖျက်သိမ်းဖို့ ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ဂျပန်-အမေရိကန် အုပ်ချုပ်ရေးအဆင့် သဘောတူညီချက်တွင် ဂျပန်အစိုးရက နိုင်ငံအတွင်းသို့ ဝင်ရောက်သည့် အမေရိကန်တပ်သားများ၏ နာမည်နှင့်အရေအတွက်ပင်လျှင် ပိုင်ပိုင်နိုင်နိုင်မသိရှိရကြောင်း၊ ထို့အတွက် ဂျပန်အခြေစိုက် အမေရိကန် တပ်စခန်း၏ ရောဂါထိန်းချုပ်ရေးနည်းလမ်းများကိုတော့ “ကြည့်သာကြည့်”နိုင်မည်ဟု ဂျပန်မီဒီယာများက ဖော်ပြထားသည်။

အိုကီနာဝါ စီရင်စုသည် အမေရိကန်တပ်စခန်း၏ ဆူညံသံ၊ စစ်သားပြစ်မှုကျူးလွန်ခြင်း စသည့် ပြဿနာများ ကာလကြာရှည်နေကြောင်း၊ ယခု ရောဂါဖြစ်ပွားနိုင်မှုအန္တရာယ်အခြေအနေအတွက် စီရင်စုအစိုးရနှင့်လူထုက ပို၍အမျက်ထွက်နေကြကြောင်း သိရသည်။ အိုကီနာဝါစီရင်စု အစိုးရအနေဖြင့် ကပ်ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းများကို အားဖြည့်လုပ်ဆောင်ဖို့ ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း အလေးထားမှု မရှိသလို ဖြစ်နေကြောင်း ဆိုသည်။ (Xinhua)
……………………………………
(Chinese Version)
疫情急速蔓延 冲绳县知事怒斥驻日美军“散播病毒”
2022-01-04 11:07:40
新华社北京1月4日电 日本冲绳县3日报告新增新冠确诊病例130例,时隔3个多月日增首次超过100例。冲绳县知事玉城丹尼怒斥驻日美军无视防疫规定导致疫情急速蔓延,呼吁取消美军可以不配合日方防疫措施等“特权”。
根据冲绳县政府3日发布的数据,冲绳当天新增新冠确诊病例130例,较前一天的51例大幅增加。自日本暴发新冠疫情以来,冲绳县累计确诊病例增至50895例。
位于冲绳县的驻日美军汉森营地上月报告出现新冠聚集性感染。最新数据显示,从2021年12月31日至本月3日,冲绳县驻日美军及相关人员4天内新增确诊病例419例,增速处于高位。至此,冲绳县内与美军基地相关的新冠确诊病例累计已达3699例。驻日美军的病例数没有被计入冲绳县疫情统计数据。
冲绳县单日新增确诊病例最近一个多月以来一直保持在四五十例左右,疫情突然急速蔓延引发冲绳县政府对美军不满。
冲绳县知事玉城丹尼2日召开记者会说,驻日美军军营内的疫情已经外溢,这显示出美军防疫措施和管理不到位,他感到“非常愤怒”。
他指出,最新研究证实,驻日美军已经把变异新冠病毒奥密克戎毒株传播至冲绳县。他怒斥道:“不要把美国的疫情带到日本,更不要带到冲绳。”
虽然驻日美军向日本方面通报了单日新增确诊病例数,但具体是哪个基地出现疫情、有多少人确诊以及是否感染奥密克戎毒株等详细信息一概不予提供。

2016年6月19日,在日本冲绳县首府那霸市一座公园内,市民手举“愤怒已超越极限”的标语。约6.5万名日本民众当日在日本冲绳县那霸市举行县民大会,悼念近日遭美军人员杀害的冲绳女子,抗议美军残虐暴行。(新华社记者沈红辉摄)
玉城说,这是《日美地位协定》带来的“结构性问题”。他呼吁修改协定以取消美军相关“特权”。
按日本媒体说法,根据《日美地位协定》,日本政府连入境美军士兵的姓名和人数都无法掌握;对于驻日美军基地的防疫措施,更是只能“观望”。
长期以来,冲绳县一直受美军基地噪音、士兵犯罪等问题滋扰。这次美军带来的防疫隐患令冲绳县政府和民众更加愤怒不安。冲绳县政府多次要求美军加强防疫措施,但似乎都未得到美方重视。(张旌)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.