Connect with us

COVID-19 UPDATES

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် COVID-19 ရောဂါမြင့်တက်လာသဖြင့် လူနေအဆောက်အဦများအား ချိပ်ပိတ်မည့် စည်းမျဉ်းအသစ်များ ထုတ်ပြန်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အားကစားကျေးရွာတစ်ခုရှိ COVID-19 စောင့်ရှောက်ရေးစင်တာအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မွမ်ဘိုင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်လာစဉ် လူနေအဆောက်အအုံများအား ချိပ်ပိတ်မည့် စည်းမျဉ်းများ တင်းကြပ်ထားကြောင်း မွမ်ဘိုင်းမြို့တော်အာဏာပိုင်အဖွဲ့ BrihanMumbai Municipal Corporation (BMC) က ဇန်နဝါရီ ၃ ရက်နှောင်းပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

လမ်းညွှန်ချက်များအရ အဆောက်အဦတစ်ခု သို့မဟုတ် အဆောင်တစ်ခုရှိ တိုက်ခန်းအရေအတွက် ၂၀ ရာခိုင်နှုန်းကျော်တွင် COVID-19 လူနာများရှိပါက ယင်းလူနေအဆောက်အအုံတစ်ခုလုံးကို BMC က ချိပ်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ချက်သည် မွမ်ဘိုင်းမြို့၌ ဇန်နဝါရီ ၃ ရက်က COVID-19 ဖြစ်ပွားမှုအသစ် ၈,၀၈၂ ရှိခဲ့ကာ လက်ရှိရောဂါဖြစ်ပွားသူအရေအတွက် ၃၇,၂၇၄ ဦးရှိလာကြောင်း သတင်းဖော်ပြခဲ့ပြီးနောက် ဇန်နဝါရီ ၄ ရက်တွင် အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် နေ့စဉ်ရောဂါဖြစ်ပွားမှု ၈,၀၀၀ ကျော်ရှိခဲ့သည့် နှစ်ရက်ဆက်တိုက်ဖြစ်ကာ ရောဂါဖြစ်ပွားသူ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ရောဂါလက္ခဏာမပြသူများ ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားမှုမှာ လျင်မြန်စွာ မြင့်တက်လာပြီးနောက် စာသင်ကျောင်းများကိုလည်း ဇန်နဝါရီ ၃၁ ရက်အထိ ပိတ်ထားရန် BMC က ညွှန်ကြားထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိ COVID-19 ဖြစ်ပွားမှု စုစုပေါင်း ၁၇၁,၈၃၀ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………….
(English Version)
India’s Mumbai issues new rules of sealing residential buildings as COVID-19 cases soar
2022-01-04 13:42:41
MUMBAI, Jan. 4 (Xinhua) — India’s big city Mumbai has tightened rules of sealing residential buildings over rising COVID-19 cases, according to a circular issued by the city’s civic authority BrihanMumbai Municipal Corporation (BMC) late Monday.
Under the guidelines, the BMC would seal the whole residential building if over 20 percent of the occupied number of flats in a building or a wing has COVID-19 patients.
The circular effective Tuesday came as the financial capital of India reported 8,082 fresh COVID-19 cases on Monday, taking the tally of active cases to 37,274. This was a second consecutive day for the city to report over 8,000 daily cases though around 90 percent of the cases were reported to be asymptomatic.
Following the rapid rise in COVID-19 cases, the BMC has ordered to close schools till Jan. 31.
India has 171,830 active cases of COVID-19 in total currently, showed data from India’s federal health ministry. Enditem

Photo taken on July 16, 2020 shows a COVID-19 care center at the commonwealth games village in New Delhi, India. (Photo by Partha Sarkar/Xinhua)