Connect with us

ASEAN

စင်ကာပူနိုင်ငံတွင် ဇူလိုင် ၂၂ ရက်မှစ၍ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးများကို တင်းကျပ်စွာ ဆောင်ရွက်မည်

စင်ကာပူ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က Jurong ငါးလုပ်ငန်းဆိပ်ကမ်းနှင့် KTVများတွင် အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုဖြစ်ပွားပြီး စင်ကာပူတွင် ကိုဗစ်ကူးစက်သူဦးရေ သိသိသာသာ တိုးပွားလာခဲ့သဖြင့် ဇူလိုင် ၂၂ ရက်မှစ၍ ရောဂါထိန်းချုပ်ရေးကို တင်းကျင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စင်ကာပူ ကပ်ရောဂါတိုက်ဖျက်ရေးဌာနဆိုင်ရာလုပ်ငန်းအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း၊ မိတ်ဆုံစားသောက်ပွဲများတွင် ကန့်သတ်သည့်လူဦးရေကို အများဆုံး ၅ ဦးမှ ၂ ဦး သို့ လျှော့ချ လိုက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။KTVတွင် ကူးစက်သူ အများစုသည် လူငယ်များဖြစ်ကြောင်း ၊ Jurong ငါးလုပ်ငန်းဆိပ်ကမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ပို၍ကျယ်ပြန့်သွားပြီး ရောဂါပြင်းထန်နိုင်သည့် သက်ကြီးရွယ်အိုများကိုပါ သက်ရောက်မှုရှိစေခဲ့ကြောင်း စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Gan Kim Yongက ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည် ၇ ရက်အတွင်း အသက်(၆၀)နှစ်အထက်ရှိသူ အတည်ပြုလူနာ (၈၁)ဦး ရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံထားမှုမရှိသေးရာ အစိုးရကဌာနများက စိုးရိမ်နေကြောင်း Gan Kim Yongက ဆိုသည်။

စင်ကာပူနိုင်ငံရှိ ဟင်းသီးဟင်းရွက်ဆိုင်တန်းတစ်ခု၏ မြင်ကွင်းအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူတွင် အသက်(၇၀)နှစ်အထက်ရှိသည့် အသက်အရွယ်ကြီးရင့်သူ (၃၀)ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံထားခြင်းမရှိကြောင်းနှင့် နိုင်ငံလူဦးရေ၏ တစ်ဝက်နီးပါးက ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုထားခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၁၈ ရက်အထိ တင်းကျပ်စွာ ဆောင်ရွက်သွားရန် အစိုးရ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံရှိ ဟင်းသီးဟင်းရွက်ဆိုင်တန်းတစ်ခု၏ မြင်ကွင်းအား ဇူလိုင် ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထိုသို့ဆောင်ရွက်ရာတွင် သွားဆေးခန်းသည့် ကျန်းမာရေးဝန်ဆောင်မှုများမှအပ အခြားလှုပ်ရှားမှုများကို ကန့်သတ်ခဲ့ရာ စားသောက်ဆိုင်အားလုံးတွင် ဆိုင်ထိုင်စားခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း၊ မိုးလုံလေလုံအားကစားရုံတွင်း လေ့ကျင့်ခြင်း ၊ မျက်နှာအလှပြင်ခြင်းနှင့် လူအုပ်စုလိုက် သီဆိုဖျော်ဖြေခြင်း စသည့် လှုပ်ရှားမှုများကို ရပ်နားထားရမည်ဖြစ်ပြီး မိတ်ဆုံပွဲများတွင် ကန့်သတ်သည့်လူဦးရေကို အများဆုံး ၅ ဦးမှ ၂ ဦး သို့ လျှော့ချလိုက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားသည့် ကပ်ရောဂါလှိုင်းဒဏ်ကြောင့် စင်ကာပူတွင် နေ့စဉ်အတည်ပြုလူနာ ခုဂဏန်းရှိရာမှ ဇူလိုင် ၂၀ ရက်တွင် လူနာ (၁၉၅)ဦး အထိ တိုးပွားလာကြောင်း သိရသည်။ ဇူလိုင် ၂၀ ရက် နေ့လည်ပိုင်းအထိ စင်ကာပူနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၆၃,၄၄၀)ဦး ရှိကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)

(国际疫情)新加坡22日起收紧新冠防控措施

新华社新加坡7月20日电(记者蔡蜀亚)受一周前裕廊渔港和多家KTV场所发生的群体感染影响,新加坡新冠感染者近期显著增多,该国抗疫跨部门工作小组20日宣布,新加坡将从7月22日起收紧防控措施,例如不允许在餐饮场所堂食,社交聚会的人数限制从最多5人减至2人。

新加坡贸工部长颜金勇20日说,上述KTV疫点的感染者主要是年轻人,而裕廊渔港发生的新冠病毒感染的传播范围更广,波及患重症风险较高的年长者。他介绍说,在过去7天里,有81名确诊者是60岁及以上年长者,其中一些人没有接种新冠疫苗,这是政府部门非常忧心的问题。

颜金勇表示,新加坡还有近三成70岁及以上年长者尚未接种新冠疫苗,全国近半数人口未完成两剂新冠疫苗接种。政府因此决定,在7月22日至8月18日收紧新冠防控措施。例如:所有餐饮场所只提供外卖或送餐服务,不允许堂食;停止进行室内体育运动、面部护理和集体歌唱等活动,但牙科诊疗等医疗服务除外;社交聚会的人数从最多5人减至2人。

据悉,一周前暴发的这波疫情导致新加坡社区日增新冠确诊病例从个位数增至20日195例。截至20日中午,新加坡累计新冠确诊病例达63440例。(完)
图说1,2:7月20日,人们在新加坡一处小贩中心用餐。新华社发(邓智炜摄)

图说3:7月20日,人们在新加坡小印度购买蔬菜。新华社发(邓智炜摄)