Connect with us

COVID-19 UPDATES

စပိန်နိုင်ငံက တရုတ်နိုင်ငံစသည့် နိုင်ငံပေါင်း (၁၀)နိုင်ငံ၏ ခရီးသွားကန့်သတ်ချက်ကို ပယ်ဖျက်

စပိန်နိုင်ငံ မြို့တော် မဒရစ်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မဒရစ်နိုင်ငံတကာခရီးသွားပြပွဲမြင်ကွင်းအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မဒရစ်၊ မေ ၂၂ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံသည် တရုတ်၊ တောင်ကိုရီးယား၊ ဗြိတိန်စသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့်နိုင်ငံပေါင်း (၁၀)နိုင်ငံ၏ ခရီးသွားကန့်သတ်ချက်ကို မေ ၂၄ ရက်မှစ၍ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် Pedro Sánchez က မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။

စပိန်နိုင်ငံ မြို့တော် မဒရစ်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မဒရစ်နိုင်ငံတကာခရီးသွားပြပွဲမြင်ကွင်းအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မြို့တော် မဒရစ်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မဒရစ်နိုင်ငံတကာခရီးသွားပြပွဲမြင်ကွင်းအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မြို့တော် မဒရစ်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မဒရစ်နိုင်ငံတကာခရီးသွားပြပွဲမြင်ကွင်းအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မြို့တော် မဒရစ်တွင် ကျင်းပသည့် ၂၀၂၁ ခုနှစ် မဒရစ်နိုင်ငံတကာခရီးသွားပြပွဲမြင်ကွင်းအား မေ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မေ ၂၄ ရက်မှစ၍ စပိန်သည် တရုတ်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အစ္စရေး၊ ရဝန်ဒါ စသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံပေါင်း (၁၀)နိုင်ငံ၏ ခရီးသွားဧည့်သည်များကို လက်ခံသွားမည် ဖြစ်ကြောင်း Pedro Sánchez က မဒရစ်နိုင်ငံတကာခရီးသွားပြပွဲတွင် ပြောကြားခဲ့သည်။

ဇွန်လ ၇ ရက်မှစ၍ ဥရောပ ဆေးဝါးကြီးကြပ်ရေးအေဂျင်စီ (EMA) သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ခွင့်ပြုထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသည့် အထောက်အထားရှိပါက မည်သည့်နိုင်ငံနှင့်ဒေသမှ ဖြစ်စေ စပိန်သို့ အကန့်အသတ်မရှိ ဝင်ရောက်နိုင်ကြောင်း Pedro Sánchez က ဆိုသည်။

မဒရစ်နိုင်ငံတကာခရီးသွားပြပွဲကို မေ ၁၉ ရက်မှ ၂၃ ရက်အထိ မဒရစ်မြို့ နိုင်ငံတကာပြခန်းတွင် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်၏ GDP (၁၂) ရာခိုင်နှုန်းသည် ခရီးသွားလုပ်ငန်းမှ ရရှိခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာခရီးသွားလက်ခံမှုပမာဏသည် ၂၀၁၉ ခုနှစ်၏ (၆၀)ရာခိုင်နှုန်းမှ (၇၀)ရာခိုင်နှုန်းထိ ပြန်လည်ရောက်ရှိနိုင်မည်ဟု Pedro Sánchez က ခန့်မှန်းထားကြောင်း သိရသည်။

မဒရစ် နိုင်ငံတကာခရီးသွားပြပွဲသည် ဂျာမနီနိုင်ငံ ဘာလင် နိုင်ငံတကာခရီးသွားပြပွဲပြီးလျှင် ကမ္ဘာ့ ဒုတိယအကြီးဆုံး ခရီးသွားပြပွဲဖြစ်သည်။(Xinhua)

———————————–
(Chinese Version)
(国际疫情)西班牙将取消对中国等10个国家的旅行限制
2021-05-22 05:59:41
新华社马德里5月21日电(谢宇智)西班牙首相桑切斯21日宣布,该国将从24日起取消对中国、韩国、英国等10个非欧盟国家的旅行限制。
桑切斯当天在马德里国际旅游展上说,从24日开始,西班牙将对中国、韩国、英国、泰国、新加坡、日本、澳大利亚、新西兰、以色列、卢旺达等10个非欧盟国家的旅客重新开放。
桑切斯还说,从6月7日开始,只要提供接种过欧洲药品管理局或世界卫生组织批准的新冠疫苗的证明,任何国家和地区的旅客均可“不受限制地”入境西班牙。
马德里国际旅游展19日至23日在马德里国际会展中心举行。西班牙2019年国内生产总值的12%来自旅游业。桑切斯预计,到2021年年底,该国国际旅客接待量有望恢复至2019年水平的60%至70%。
马德里国际旅游展是仅次于德国柏林国际旅游展的世界第二大旅游博览会。
(完)

新华社照片,马德里,2021年5月21日
(新华视界)马德里国际旅游展开幕
5月20日, 在西班牙首都马德里举行的2021马德里国际旅游展上,工作人员在西班牙拉里奥哈自治区的展台工作。
新华社发(古斯塔沃•巴连特摄)