Connect with us

China

ဆောင်းရာသီအိုလံပစ်ကျေးရွာများကို ဇန်နဝါရီ ၂၇ ရက်က တရားဝင်ဖွင့်လှစ်

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော် ကျင်းပမည့် ပေကျင်း၊ ကျန်းကျားခို၊ ယန်ချင်း ပြိုင်ပွဲဇုန်သုံးခု၏ ဆောင်းရာသီအိုလံပစ်ကျေးရွာကို ဇန်နဝါရီ ၂၇ ရက်က တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုနေ့တွင် ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာ၌ နိုင်ငံနှင့်ဒေသပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များကို လက်ခံခဲ့ပြီး အားကစားသမားနှင့် အသင်း တာဝန်ရှိသူ ၃၀၀ ကျော် ဝင်ရောက်နေထိုင်ခဲ့သည်။ ဆောင်းရာသီအိုလံပစ်ပွဲတော်ကာလအတွင်း ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာသည် နိုင်ငံနှင့်ဒေသပေါင်း ၄၄ ခုမှ ကိုယ်စားလှယ်အဖွဲ့နှင့် အားကစားသမား၊ အသင်းတာဝန်ရှိ ၁,၇၀၀ ကျော်ကို လက်ခံရမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာရှိ စေတနာ့ဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာရှိ စေတနာ့ဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် လည်ပတ်ဆောင်ရွက်ရေးအဖွဲ့ ပြင်ပဆက်ဆံရေး လက်ထောက်ညွှန်ကြားရေးမှူး Zhang Guannan က ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာသည် အားကစားသမားများ၏ နေထိုင်ရာနေရာဖြစ်ပြီး၊ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်၏ ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်မဟုတ်သည့် အကြီးဆုံး အားကစားရုံများထဲမှ တစ်ခုဖြစ်သလို ဝန်ဆောင်မှုအာမခံပေးသည့် အားကစားရုံလည်းဖြစ်ကြောင်း ၊ ဆောင်းရာသီအိုလံပစ်ကျေးရွာသည် အားကစားသမားများကိုဗဟိုပြုကာ ကိုယ်စားလှယ်အဖွဲ့အသီးသီးအတွက် အရည်အသွေးမြင့် နေရာထိုင်ခင်း၊ အစားအသောက်၊ ထောက်ပံ့ပို့ဆောင်ရေး စသည့်အာမခံဝန်ဆောင်မှုများကို၂၄ နာရီ အချိန်ပြည့် ပေးဆောင်ရန် အဓိက ရည်ရွယ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ကျေးရွာတွင် လည်ပတ်ရေးဇုန်၊ နေထိုင်ရာဧရိယာနှင့် ရင်ပြင်ဧရိယာ သုံးခုပါဝင်ကြောင်း၊ ဆောင်းရာသီအိုလံပစ်ကျေးရွာသို့ရောက်ရှိသော အားကစားသမားများသည် ပထမဦးစွာ လည်ပတ်ရေးဇုန်၏ ကိုယ်စားလှယ်ဧည့်ခံရေးစင်တာတွင် အထောက်အထားများ စစ်ဆေးအတည်ပြုပြီး နေထိုင်ရာဧရိယာသို့ တိုက်ရိုက်ဝင်ရောက်နေထိုင်ကာ ပေကျင်းဆောင်းရာသီအိုလံပစ်ခရီးစဉ်ကို စတင်နိုင်မည်ဖြစ်ကြောင်း၊ နေထိုင်ရာဧရိယာတွင် နွေးထွေးပြီး သက်သောင့်သက်သာရှိသော နေရာထိုင်ခင်းဝန်ဆောင်မှုများအပြင် လေ့ကျင့်ရေးစင်တာ၊ ဖျော်ဖြေရေးစင်တာနှင့် အထွေထွေဆေးခန်းစသည်တို့ ပါဝင်ကြောင်း၊ ထို့အပြင် ဆောင်းရာသီ အိုလံပစ်ကျေးရွာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ဝန်ဆောင်မှုမျိုးစုံရှိကြောင်း၊ စားသောက်ဖွယ်ရာစာရင်းကို နိုင်ငံတကာ အိုလံပစ်ကော်မတီမှ အတည်ပြုထားပြီး ဟင်းလျာပေါင်း ၆၇၈ ခုဖြင့် ၈ ရက်တစ်ကြိမ် အလှည့်ကျ စီစဉ်ပေးကြောင်း သိရသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည် အပြင်ထွက်ခွင့်မရှိဘဲ နေထိုင်ရခြင်းကြောင့် အားကစားသမားများနှင့် အသင်းတာဝန်ရှိသူများ နေ့စဉ်ဘဝအဆင်ပြေချောမွေ့စေရန်အတွက် ရင်ပြင်ဧရိယာတွင် စတိုးဆိုင်များ၊ ဘဏ်များ၊ စာတိုက်ဝန်ဆောင်မှုများ၊ ဆံပင်ညှပ်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အခြားစီးပွားရေးဆိုင်ရာဝန်ဆောင်မှုများ ထားရှိကြောင်း၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေး၊ အလှတရားများအတူခံစားရန် ရင်ပြင်ဧရိယာတွင် တရုတ်ရိုးရာယဉ်ကျေးမှု ခင်းကျင်းပြသမှုများပြုလုပ်ထားပြီး ယဉ်ကျေးမှုဖလှယ်ရေး ပလက်ဖောင်းတစ်ခု ဖန်တီးထားကြောင်း Zhang Guannan က ပြောကြားခဲ့သည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်းရာသီအိုလံပစ်ကျေးရွာတွင် နေထိုင်သူအားလုံးသည် Nucleic acid စစ်ဆေးမှုကို နေ့စဉ်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း တစ်မီတာအကွာအဝေး နေထိုင်ရမည့် ကပ်ရောဂါကာကွယ်ရေး သတိပေးချက်စသည်တို့ကို ထားရှိမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်၏ ထမင်းစားခန်း၌ တစ်ဦးနှင့်တစ်ဦး ခွဲခြားထားသော အကာအရံများ တပ်ဆင်ထားသလို လေ့ကျင့်ရေးစင်တာ၊ ဖျော်ဖြေရေးစင်တာနှင့် ရင်ပြင်ဧရိယာရှိ စတိုးဆိုင်အသီးသီးတွင် လူဝင်ရောက်မှု ကန့်သတ်ချက်များထားရှိကာ ဝန်ထမ်းများအနေဖြင့် သီးသန့်လမ်းကြောင်းများမှ သွားလာရမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်သည် တရုတ်နိုင်ငံ ကျားနှစ် နွေဦးပွဲတော်နှင့် တိုက်ဆိုင်နေရာ ဆောင်းရာသီ အိုလံပစ်ကျေးရွာတွင် တရုတ်နှစ်သစ်ကူး အငွေ့အသက်နှင့် ပြည့်နှက်နေကြောင်း၊ “ဆောင်းရာသီ အိုလံပစ်ကျေးရွာမှာ တရုတ်နှစ်သစ် အနှစ်သာရများ လှည့်ပတ်ပြီး တရုတ်နဲ့ အနောက်တိုင်းရဲ့ အဓိက အစားအစာတွေကို စုံစုံလင်လင် ထည့်သွင်းသွားမှာဖြစ်လို့ တရုတ်နိုင်ငံရဲ့ စွဲမက်ဖွယ် စားကောင်းသောက်ဖွယ် ယဉ်ကျေးမှုကို ပိုမိုကောင်းမွန်အောင် ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ နွေဦးပွဲတော် အနှစ်သာရတွေပါဝင်နေတဲ့ ရှုခင်းအခင်းအကျင်းအပြင် အားကစားသမားများက ဆုမွန်ကောင်းများ၊ မီးပုံးစသည်တို့ပါဝင်သော ‘နွေဦးပွဲတော်လက်ဆောင်’ များရရှိမှာဖြစ်ရာ အားလုံးက နွေဦးပွဲတော်ကို လေးနက်စွာ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Zhang Guannan က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(北京冬奥会)冬奥村1月27日正式开村
2022-01-27 19:21:17 分类: 体育
新华社北京1月27日电(记者岳冉冉 赵旭)北京冬奥会北京、张家口、延庆三个赛区的冬奥村27日正式开村。
当日,北京冬奥村迎来了20多个国家和地区代表团,超过300名运动员和随队官员入住。据悉,在冬奥会期间,北京冬奥村将接待44个国家和地区的代表团近1700名运动员和随队官员。
北京冬奥村运行团队对外联络副主任张冠男说,北京冬奥村是运动员之家,是北京冬奥会最大的非竞赛场馆,也是整个冬奥会提供服务保障时间最长的场馆之一。它坚持“以运动员为中心”,旨在为各代表团提供24小时全天候优质的住宿、餐饮、后勤等各项保障服务。
据介绍,北京冬奥村分运行区、居住区和广场区三大区域。当运动员抵达冬奥村后,第一站就是运行区的代表团接待中心,经过安检和证件激活确认后,“村民”将直接进入居住区,开启北京冬奥会之旅。在居住区,除了有温馨舒适的住宿服务外,还有健身中心、娱乐中心、综合诊所等相关功能空间。此外,冬奥村还提供健康安全、丰富多样的餐饮服务,菜单经国际奥委会批准,共有678道菜品,每8天循环一次。
“因为北京冬奥会是闭环管理,为了便于运动员和随队官员的日常生活,广场区设有特许商品商店、银行、邮政、理发、便利店等配套商业服务。值得一提的是,广场区还有一个中国传统文化展示和体验空间,目的是想打造一个‘文明互鉴、美美与共’的文化交流平台。”张冠男说。
据介绍,为了防疫安全,冬奥村要求所有居民每天进行核酸检测;在村内多个点位设置防疫标识,比如一米线提醒;在餐厅就餐区设置了隔板;在健身中心、娱乐中心及广场区各店铺,都有人流限制;工作人员走专门通道。
北京冬奥会恰逢中国虎年春节,冬奥村也充满了年味。“冬奥村餐饮将围绕中国年主题,增添一系列中西方特色美食,让运动员更好地体验中国饮食文化魅力。此外,在广场区,我们还设置了春节元素的景观布置,运动员还会收到‘春节礼包’,里面有福字、春联、灯笼等,希望大家对春节有更深感受。”张冠男说。(完)
图说1- 新华社照片,北京,2022年1月27日 这是1月27日拍摄的北京冬奥村。 新华社记者 李紫恒 摄
图说2- 这是1月27日拍摄的北京冬奥村旗帜广场。新华社记者 李紫恒 摄
图说3- 这是1月27日在北京冬奥村内拍摄的志愿者。 新华社记者熊琦摄
图说4- 这是1月27日在北京冬奥村内拍摄的志愿者。新华社记者熊琦摄