Connect with us

China

တရုတ်နိုင်ငံက သက်ဆိုင်ရာ အမေရိကန် အရာရှိများအပေါ် တန်ပြန်ပိတ်ဆို့မှုလုပ်ဆောင်ရန် ဆုံးဖြတ်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်က “ရှင်းကျန်းလူ့အခွင့်အရေး”ကိစ္စရပ်ကို အကြောင်းပြ၍ အမေရိကန်ပြည်တွင်းရေးဥပဒေဖြင့် တရုတ်တာဝန်ရှိများအပေါ် တရားမ၀င် ပိတ်ဆို့အရေးယူမှုများချမှတ်လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက သက်ဆိုင်ရာ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြင်းထန်စွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းလုပ်ဆောင်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချပြီး ဥပဒေနှင့်အညီ တန်ပြန်ပိတ်ဆို့မှုဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် ကျောက်လိကျန်းက အမေရိကန်၏ အထက်ဖော်ပြထားသော မှားယွင်းသည့် လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြား ပိတ်ဆို့အရေးယူမှု ဆန့်ကျင်ရေး ဥပဒေနှင့်အညီ တန်ပြန်ပိတ်ဆို့မှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာကော်မတီ (USCIRF)ဥက္ကဋ္ဌ Nadine Maenza ၊ ဒုဥက္ကဋ္ဌNury Turkel ၊ ကော်မတီအဖွဲ့ဝင် Anurima Bhargava ၊ ကော်မတီအဖွဲ့ဝင် James Carr တို့ကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ တန်ပြန်ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ရန် ကြေညာခဲ့သည်။ ဆောင်ရွက်မှုများတွင် အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအား တရုတ်နိုင်ငံ (ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအို အပါအဝင်) သို့ဝင်ရောက်ခွင့် တားမြစ်ခြင်း၊ တရုတ်နိုင်ငံတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ တရုတ် နိုင်ငံသားများနှင့် အဖွဲ့အစည်းများအား ၎င်းတို့နှင့် ရောင်းဝယ်ရေးပြုလုပ်ခြင်းမှ တားမြစ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ရှင်းကျန်းကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး အမေရိကန်သည် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးနှင့် အရည်အချင်း မရှိကြောင်း၊ အမေရိကန်သည် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းသင့်ပြီး ရှင်းကျန်းရေးရာနှင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း ရပ်တန့်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အခြေအနေတိုးတက်မှုအပေါ် တန်ပြန်တုံ့ပြန်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
中方决定对美方有关人员进行对等反制
新华社北京12月21日电(记者成欣、马卓言)针对美方依据美国内法,借口所谓“新疆人权”问题,对中方官员进行非法制裁,外交部发言人赵立坚21日说,有关行径严重干涉中国内政,严重违反国际关系基本准则,严重损害中美关系,中方对此坚决反对,强烈谴责,决定依法进行对等反制。
赵立坚在当日例行记者会上回答有关提问时说,针对美方上述错误行径,中方决定依据反外国制裁法进行对等反制,自即日起对美国国际宗教自由委员会主席马恩扎、副主席特克尔、委员巴尔加娃、委员卡尔实施相应反制。措施包括禁止上述人员入境中国(包括内地和香港、澳门),冻结其在华财产,禁止中国公民和机构同其交易。
“必须指出,新疆事务纯属中国内政,美方没有权利、没有资格横加干涉。美方应撤销所谓制裁,停止干涉新疆事务和中国内政。中方将视形势发展作出进一步反应。”赵立坚说。(完)