Connect with us

CHINA

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၃)ဘီလီယံကျော် ထိုးနှံပြီးဖြစ်

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ ကျန်းရှဒေသတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေသည်ကို ဇွန် ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (၁.၃)ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ ကိုယ်ခံစွမ်းအား မဟာတံတိုင်းကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။လူထုကိုယ်ခံအားစနစ်(Herd immunity) မတည်ဆောက်ရသေးသည့် အခြေအနေတွင် ကာကွယ်ဆေး ထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ပါးစပ်နှာခေါင်းစည်းကို နေ့စဉ်အမြဲတပ်ဆင်ရန်လိုအပ်သည်ဟု ပညာရှင်များက သတိပေးထားသည်။ ကိုယ်ခံစွမ်းအား မဟာတံတိုင်း တည်ဆောက်ရန် အတွက် ကာကွယ်ဆေးထိုးနှံမှုတွင် တက်တက်ကြွကြွပါဝင်ရန် လိုအပ်ကြောင်း သိရသည်။ (Xinhua)
—————————–i———————-
(Chinese Version)

权威快报丨全国新冠疫苗接种剂次超13亿

国家卫健委7月5日通报,全国新冠疫苗接种超13亿剂次,“免疫长城”构建更进一步。专家提醒,在群体免疫尚未建立的情况下,无论是否打疫苗,戴口罩要成为日常“标配”。积极接种疫苗,构建“免疫长城”仍需你的力量。(记者徐鹏航、陈席元,海报设计杨轶群)

Photo- A person receives a dose of COVID-19 vaccine at a vaccination site in Jiangxia District of Wuhan, central China’s Hubei Province, June 9, 2021. (Xinhua/Xiao Yijiu)