Connect with us

CHINA

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်ဒေသတစ်ခုလုံးကို ဇူလိုင် ၈ ရက် ၁၄ နာရီမှစ၍ Stay-at-Home ကျင့်သုံး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် စေတနာ့ဝန်ထမ်းများက ဖြတ်သန်းသွားလာသည့်ယာဉ်များအား လမ်းညွှန်ပေးနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝမ်တိန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်တိန်ဒေသတွင် ကပ်ရောဂါအခြေအနေအရ ယင်းဒေသတစ်ခုလုံးကို ဇူလိုင် ၈ ရက် ၁၄ နာရီမှစ၍ Stay-at-Home ကျင့်သုံးမည်ဖြစ်ကြောင်း ရွှေလီမြို့ ဝမ်တိန်ဒေသ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားရေးအဖွဲ့က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရပ်ကွက်တစ်ခုတွင် ပြည်သူများအတွက် Nucleic acid စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရပ်ကွက်တစ်ခုတွင် သွားလာရန်ခက်ခဲသည့် သက်ကြီးရွယ်အိုအဘိုးအဘွားများအတွက် အိမ်တိုင်ရာရောက် Nucleic acid စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရပ်ကွက်တစ်ခုတွင် လူနေမှုအထောက်အပံ့ပစ္စည်းများအား ထောက်ပို့ရေးဝန်ထမ်းများက သယ်ယူပို့ဆောင်ပေးနေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရပ်ကွက်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက လူနေမှုအထောက်အပံ့ပစ္စည်းအား စစ်ဆေးနေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ ရပ်ကွက်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက လူနေမှုအထောက်အပံ့ပစ္စည်းများအား နေအိမ်များသို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေသည်ကို ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝမ်တိန်ဒေသ၏ ကပ်ရောဂါအခြေအနေ တစ်ဆင့်တိုးလာခြင်းကြောင့် ဒေသတစ်ခုလုံးရှိ ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးနှင့်ကျန်းမာရေးကို လက်တွေ့ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ခိုင်မာစွာဆောင်ရွက်နိုင်ရန်အတွက် ရွှေလီမြို့ကပ်ရောဂါထိန်းချုပ်မှု ညွှန်ကြားရေးဌာန၏ သက်ဆိုင်ရာ ညွှန်ကြားချက်နှင့် ဝမ်တိန်၏မြေပြင်အခြေအနေအရ ဝမ်တိန်ဒေသတစ်ခုလုံး လူတိုင်းစေ့ Stay-at-Home အစီအစဉ် ဆောင်ရွက်ရန် ဝမ်တိန်ဒေသ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားရေးအဖွဲ့က သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၈ ရက် ၁၄ နာရီမှစ၍ ဝမ်တိန်ဒေသတစ်ခုလုံးကို Lockdown အစီအမံများဖြင့် နေထိုင်သူပြည်သူအားလုံး Stay-at-Home လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ ကပ်ရောဂါအခြေအနေကိုကြည့်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ဖြေလျှော့ပေးမည့်အချိန် ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Stay-at-Home ကာလအတွင်း စာသင်ကျောင်းနှင့် မွမ်းမံသင်တန်းအားလုံး ရပ်နားထားရမည်ဖြစ်ပြီး စူပါမားကတ်၊ ဈေး၊ ဆေးရုံ၊ ဆေးဆိုင်များမှလွဲ၍ အခြားသောဆိုင်များကို ရပ်နားထားရမည်ဖြစ်ရာ စားသောက်ဆိုင်လုပ်ငန်းများအတွက် ပါဆယ်ပို့ပေးသည့်ဝန်ဆောင်မှုဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဆေးကုသရေးဝန်ဆောင်မှု၊ မြို့လည်ပတ်မှုလုပ်ငန်း၊ အလှည့်ကျတာဝန်ထမ်းဆောင်သူ၊ ထောက်ပို့ရေးဝန်ထမ်း၊ ကုန်ပစ္စည်းမှာယူပို့ဆောင်ခြင်း၊ စေတနာ့ဝန်ထမ်းတို့ အနေဖြင့် အထူးသတ်မှတ်ထားသည့် ဖြတ်သန်းသွားလာခွင့်လက်မှတ်ကို ကိုင်ဆောင်ကာ ဝမ်တိန်ဒေသအတွင်း သွားလာနိုင်ကြောင်း သိရသည်။

Stay-at-Home ကာလအတွင်း လူနေမှုအထောက်အပံ့ပစ္စည်းများကို ဝမ်တိန်မြို့နယ် ရှေ့တန်းညွှန်ကြားရေးအဖွဲ့က စုစည်းပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

စည်းကမ်းသတ်မှတ်ချက်များကို ချိုးဖောက်၍ မိမိသဘောဖြင့် ဆိုင်ဖွင့်လုပ်ငန်းလည်ပတ်ပါက ပိတ်သိမ်းသွားမည်ဖြစ်ပြီး မိမိသဘောဖြင့် ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည့် Stay-at-Home သတ်မှတ်ချက်များကို ချိုးဖောက်သူများအား ပြည်သူ့လုံခြုံရေးဌာနက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝမ်တိန်ဒေသတွင်းနေထိုင်သူများအနေဖြင့် တရားဥပဒေကို လိုက်နာဆောင်ရွက်ကာ ကပ်ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အနှောင့်အယှက်အတားအဆီးဖြစ်အောင် လုပ်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အရေးပေါ်ကိစ္စနှင့် ရောဂါရုတ်တရက်ဖြစ်ပွားမှုများရှိပါက ဖုန်းနံပါတ် ၁၁၀ ၊ ၁၂၀ ၊ ၁၁၉ ကို ဆက်သွယ် နိုင်သလို သက်ဆိုင်ရာနေရာရှိတာဝန်ရှိသူအား အကြောင်းကြားနိုင်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။ (Xinhua)

———————————–
(Chinese Version)

云南瑞丽畹町全区自7月8日14时起实行全员居家隔离
2021-07-08 19:00:44浏览量:539527 来源:畹町微信公众号
关于畹町全区实行全员居家隔离的通告
因我辖区疫情形势进一步升级,为切实维护全区广大人民群众生命安全和身体健康,扎实开展好疫情防控工作,根据市疫情防控指挥部相关指示,结合畹町实际情况,经畹町疫情防控工作指挥部研究决定,对畹町辖区(含畹町镇、畹町农场)采取全员居家隔离管理措施,现就有关事宜通告如下:
一、从2021年7月8日14时起,对畹町辖区实行封闭管理,所有居民居家隔离。解除时间视疫情另行通知。
二、居家隔离期间,学校和各类培训机构全部停课。除保供超市、农贸市场、医院、药店外,其他经营场所一律停业。餐饮行业仅可提供外卖配送服务。
三、保障防疫、医疗服务、城市运行、值班执勤、保供人员、外卖配送员、志愿者等人员持特定通行证在全区通行。
四、居家隔离期间,生活物资由畹町镇前线作战指挥部组织配送。
五、对违反规定擅自开门经营的场所坚决关停,对擅自外出、聚集等违反居家隔离管理规定的人员,由公安机关依据《治安管理处罚法》进行处罚。
六、严厉打击非法偷越国(边)境行为,严惩偷渡者及其组织、协助、容留者。
七、居民要自觉履行法律义务,配合支持疫情防控工作。对干扰、阻碍防控工作的,依法追究其法律责任。
八、对突发事件、突发疾病等,请广大群众报110、120、119进行处置,并立即向网格员报备。
瑞丽市畹町新冠肺炎疫情防控工作指挥部
2021年7月8日
图说1:7月7日,在云南省瑞丽市志愿者在进行交通劝导。 新华社记者 王冠森 摄
图说2:7月8日,防疫人员在友谊社区为居民进行核酸检测。 新华社记者 王冠森 摄
图说3:7月8日,友谊社区防疫人员入户为行动不便的老人进行核酸检测。新华社记者 王冠森 摄
图说4:7月8日,友谊社区保供点工作人员在搬运生活物资。新华社记者 王冠森 摄
图说5:7月8日,网格员在友谊社区保供点清点生活物资。新华社记者 王冠森 摄
图说6:7月8日,友谊社区的网格员将生活物资送至居民家。新华社记者 王冠森 摄