Connect with us

Eastern Europe

ဒူဘိုင်းဆိပ်ကမ်းရှိ သင်္ဘောတစ်စီးမှ ဓာတုဗေဒပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွား

မီးလောင်မှုဖြစ်ပွားနေသည့် ဆိပ်ကမ်းတစ်ခု၏မြင်ကွင်းအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ)

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ Jebel Ali ဆိပ်ကမ်းတွင် ဇူလိုင် ၇ ရက်ညပိုင်းက သင်္ဘောတစ်စီးပေါ်ရှိဓာတုဗေဒပစ္စည်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဓါတုပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောတစ်စီးပေါ်ရှိ ကွန်တိန်နာတစ်လုံး ယင်းနေ့တွင် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ၊ အချင်းဖြစ်ရပ်ကြောင့် သေဆုံးဒဏ်ရာရသူ မရှိကြောင်း ဒူဘိုင်းအစိုးရ ပြန်ကြားရေးရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ရေတပ်မီးသတ်ရေယာဉ်(၄)စီးနှင့် မီးသတ်ကားများအတူ မီးငြိှမ်းသတ်ခဲ့ရာ တစ်နာရီအတွင်း မီးထိန်းနိုင်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Jebel Ali ဆိပ်ကမ်းသည် ဒူဘိုင်းမြို့လယ်ခေါင်နှင့် (၃၅)ကီလိုမီတာအကွာခန့်တွင် တည်ရှိပြီး အရှေ့အလယ်ပိုင်းနှင့်ပင်လယ်ကွ့ဒေသ၏ အရေးကြီးသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————-
(Chinese Verion)

(国际)迪拜港口一船只发生化学品爆炸事故

新华社迪拜7月7日电(记者苏小坡)停靠在阿联酋迪拜杰贝阿里港的一艘船7日晚发生化学品爆炸事故,目前尚无人员伤亡报告。
迪拜政府新闻办公室在媒体声明中说,一艘载有化学品的船上有一集装箱当天发生爆炸并引起火灾,没有造成人员伤亡。

现场目击者告诉新华社记者,四艘海军消防船与消防车共同参与灭火,一小时内控制了火势。
杰贝阿里港距离迪拜市中心约35公里,被认为是中东和海湾地区的重要港口之一。(完)