Connect with us

COVID-19 UPDATES

တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာ စတင်ဖွင့်လှစ်အသုံးပြုနေပြီဖြစ်

တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာအား တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ ရွှေလီမြို့အစိုးရ)

ကူမင်း၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာကို အောက်တိုဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာအား တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ ရွှေလီမြို့အစိုးရ)

တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာအား တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ ရွှေလီမြို့အစိုးရ)

ဖွင့်ပွဲအခမ်းအနားကို တက်ဟုန်းပြည်နယ်ခွဲနှင့် မူဆယ်ဒေသ သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဗွီဒီယိုဖြင့် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံ မူဆယ်မြို့ ၁၀၅ မိုင်တွင် သက်ဆိုင်ရာအရာရှိများက ကုသရေးစင်တာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်နိုင်ငံ ရွှေလီမြို့အစိုးရ အင်ဂျင်နီယာဆောက်လုပ်ရေးလုပ်ငန်း ကိုယ်စားလှယ်များက ကုသရေးစင်တာ ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်များအား ၁၀၅မိုင် ကုန်သွယ်ရေးဌာနသက်ဆိုင်ရာသို့ လွှဲပြောင်းပေးခဲ့သည်။

“ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့အချိန်ကစပြီး တက်ဟုန်းပြည်နယ်ခွဲနှင့်မူဆယ်ဒေသဟာ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်နေပြည်သူများရဲ့ ကျန်းမာရေး၊ အသက်အိုးအိမ်စည်းစိမ်ကို ကြိုးပမ်းကာကွယ်ဖို့ ကပ်ရောဂါကို လက်တွဲအတူ တိုက်ဖျက်ခဲ့ကြပါတယ်”ဟု တက်ဟုန်းပြည်နယ်ခွဲ ဒုတိယပြည်နယ်ခွဲမှူး လျိုရိဖုန်က ဆိုသည်။ တရုတ်နိုင်ငံ အစိုးရ အဆင့်ဆင့်၏ ထောက်ခံအားပေးမှုအောက်တွင် တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့သည် ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားများအတွက် အခမဲ့ Nucleic acid စစ်ဆေးပေးမှု အကြိမ်ရေပေါင်း (၂.၃၆)သန်းရှိပြီး မြန်မာနိုင်ငံသား ကိုဗစ်ရောဂါ ဝေဒနာရှင် (၁၁၃)ဦးကို အခမဲ့ ကုသပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ မူဆယ်ဒေသသို့ ကာလတန်ဖိုး ယွမ် သန်း(၂၀)ကျော်ရှိသည့် ကပ်ရောဂါထိန်းချုပ်ကုသရေး အထောက်အပံ့ပစ္စည်းများနှင့်အင်ဂျင်နီယာသုံးပစ္စည်းများအား ပေးအပ်လှူဒါန်းကူညီခဲ့ကာ ယင်းဒေသ ကပ်ရောဂါထိန်းချုပ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအသီးသီးအားကောင်းလာစေရန်အတွက် ကြိုးပမ်းကူညီခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်ဒေသအတွက် ကူညီတည်ဆောက်ပေးသည့် ကိုဗစ်-၁၉ ကုသရေးစင်တာ ဖွင့်လှစ်အသုံးပြုနိုင်ခြင်းသည် တရုတ်-မြန်မာ အပြန်အလှန်ဖေးမကူညီကြသည့် အေးတူပူအမျှစိတ်ဓါတ်ကို လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မူဆယ်၏ကပ်ရောဂါထိန်းချုပ်ကုသရေးအတွက် အပြုသဘောအကျိုးဆောင်နိုင်မည်ဖြစ်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တူစုံလက်ညီ ဆက်လက်ဆောင်ရွက်သွားလိုကြောင်း လျိုရိဖုန်က ပြောကြားခဲ့သည်။

ယခု တရုတ်နိုင်ငံမှ ကူညီပံ့ပိုးတည်ဆောက်ပေးသည့် ကုသရေးစင်တာသည် ခေတ်မီအဆင့်ရှိရာ မူဆယ်ဒေသ ဆေးကုသစောင့်ရှောက်မှု ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အရေးပါကြောင်း ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ တရုတ်နိုင်ငံနှင့်အတူ လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်ရင်း ကပ်ရောဂါတိုက်ဖျက်ရေး ဆောလျင်စွာ အနိုင်ရပြီး နှစ်ဖက်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အခြေခံအတွက် အတူကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း မူဆယ်ဒေသ သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ကုသရေးစင်တာကို ယခုနှစ် ဩဂုတ်လတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အပိုင်း ၈ ပိုင်း၊ လူနာကုတင် ၁,၀၀၀ နှင့် ဆေးကုသသုံး စက်ပစ္စည်းများ၊ ဆေးဝါးထောက်ပံ့ရေးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
中国瑞丽援建缅甸木姐新冠肺炎医疗救治中心启用
2021-10-02 19:10:05
新华社昆明10月2日电(记者姚兵)由中国云南省德宏州瑞丽市援助缅甸木姐地区建设的一个新冠肺炎医疗救治中心10月1日启用。
当日,德宏州和木姐地区相关代表以视频连线方式出席启用仪式。在缅甸木姐105码,缅方官员为医疗救治中心剪彩,瑞丽市政府工程建设企业代表向木姐105码贸易处官员移交医疗救治中心建设资料。
“新冠肺炎疫情发生以来,德宏州与木姐地区积极行动,携手抗疫,为守护中缅两国边民的生命健康和民生福祉不懈努力。”德宏州副州长刘毅鹏说,在中国各级政府的支持下,德宏瑞丽为在瑞缅籍人员免费开展核酸检测236万人次,免费救治113名缅籍新冠肺炎患者,向木姐地区捐赠了价值2000余万元人民币的抗疫物资和工程材料,努力帮助木姐地区加强疫情防控各项工作。
刘毅鹏说,德宏瑞丽援建木姐地区新冠肺炎医疗救治中心的启用,以实际行动诠释中缅“胞波”情谊和守望相助的命运共同体精神,将为木姐地区的新冠肺炎防治发挥积极作用,希望双方继续同心携手,抗击新冠肺炎疫情。
木姐地区官员表示,此次中方援建的医疗救治中心具有较先进的水平,对改善木姐地区医治能力有重要作用,缅方将努力做好疫情防控工作,希望与中方继续加强疫情防控方面的务实合作,共同努力、早日战胜新冠肺炎疫情,为双边经济发展奠定基础。
据了解,该医疗救治中心自今年8月开始建设,设置8个功能分区,有1000张床位,并配备医疗器械和医药物资。(完)