Connect with us

CHINA

တရုတ် တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး သန်း(၉၀၀)ကျော် ထိုးနှံပြီးဖြစ်

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဆေးစစ်မှုများပြုလုပ်ရန် ဓါတ်ခွဲနမူနာရယူနေသည်ကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး သန်း(၉၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ ဇွန် ၁၅ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် မြို့နေပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အတွက် တန်းစီစောင့်ဆိုင်းနေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် မြို့နေပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်အတွက် တန်းစီစောင့်ဆိုင်းနေသည်ကို မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကာကွယ်ဆေး သန်း(၈၀၀)ကျော် ထိုးနှံထားပြီး (၆)ရက်အကြာတွင် နောက်ထပ် ကာကွယ်ဆေးသန်း(၁၀၀)ကျော် ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ်ခံစွမ်းအားမဟာတံတိုင်းတည်ဆောက်ရန် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးပံ့ပိုးမှုများကို အားသွန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု ကာကွယ်ဆေးထိုးနှံမှုအဆင်ပြေလွယ်ကူစေရန် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ကလည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က ဆိုသည်။

ယခုရက်ပိုင်းများတွင် ကွမ်တုန်းပြည်နယ် ကပ်ရောဂါအခြေအနေက ရောဂါကာကွယ်ထိန်းချုပ်ရေးကို ပေါ့ဆ၍မရကြောင်း သတိပေးနေသလို “ပြည်ပကူးစက်မှုကို ကာကွယ်ရန်နှင့် ပြည်တွင်းကူးစက်မှုတစ်ကျော့ပြန်ခြင်းကို ကာကွယ်ရန်”အတွက် အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။

ဗီဇပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်ရာတွင် တရုတ်နိုင်ငံ၏ကာကွယ်ဆေးသည် ထိရောက်နိုင်မှုရှိသည်ကို တွေ့မြင်ရကြောင်း ၊ ကာကွယ်ဆေးထိုးနှံခြင်းသည် ကိုဗစ်-၁၉ ပြင်းထန်အဆုတ်ရောင်ရောဂါကို ကြိုတင်ကာကွယ်ရာတွင် ထိရောက်သည့်နည်းလမ်းဖြစ်နေကြောင်း ပညာရှင်များက ဆိုသည်။ (Xinhua)
———————————–
(Chinese Version)

权威快报|全国新冠疫苗接种剂次超9亿
2021-06-15 15:11:45
国家卫健委6月15日通报
全国新冠疫苗接种超9亿剂次
距离超8亿剂次仅过去6天
“免疫长城”正在加速构建

国家卫健委表示
要继续全力以赴保障疫苗供应
加大疫苗接种组织实施力度
方便群众接种

近日广东疫情提醒我们
疫情防控不可松懈
“外防输入、内防反弹”仍要加强

专家表示
我国现有疫苗对变异病毒有可观保护效果
接种疫苗仍是预防新冠肺炎的有效办法

早日建立免疫屏障
还需你我再添一把力

策划|监制:赵承
统筹:谢良、杨进欣
记者:陈席元、徐鹏航
编辑:刘媛媛
设计:肖循
新华社国内部出品

图说1: 6月12日,在广州荔湾区白鹤洞街广钢新城,医务人员为小朋友进行核酸检测采样。新华社记者 邓华 摄
图说2: 3月29日,在深圳市南山区南山文体中心的临时接种点,市民排队等待登记接种新冠疫苗。新华社记者 毛思倩 摄
图说3:3月29日,在深圳市南山区南山文体中心的临时接种点,居民排队接种新冠疫苗。 新华社记者 毛思倩 摄