Connect with us

China

တရုတ်-လာအို ရထားလမ်း ဥမင်လိုဏ်ခေါင်းအားလုံး ဖောက်လုပ်ပြီးစီး၊ နှစ်ကုန်ပိုင်းတွင် မောင်းနှင်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းရ

ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ သိရှိရသည်။

တရုတ်-လာအို ရထားလမ်း ကျင်ကျိုက်ဥမင်လိုဏ်ခေါင်းဖော်လုပ်နေသည့် လုပ်ငန်းခွင်အား မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီးခြင်းသည် တရုတ်-လာအို ရထားလမ်းတစ်လျှောက်ရှိ ဥမင်လိုဏ်ခေါင်း (၁၆၇)ခု အလုံးစုံ ဖောက်လုပ်ပြီးစီးခြင်းဖြစ်ရာ နှစ်ကုန်ပိုင်းတွင် ရထားမောင်းနှင်ပြေးဆွဲနိုင်ရန်အတွက် ခိုင်မာသည့် အခြေခံဖြစ်စေခဲ့သည်။

တရုတ်-လာအို ရထားလမ်းတစ်ခုလုံးတွင်ရှိသည့် ဥမင်လိုဏ်ခေါင်းအားလုံး၏ စုစုပေါင်းအရှည်သည် (၅၉၀)ကီလိုမီတာရှိရာ ၎င်းမှာ ရထားလမ်းစုစုပေါင်းအရှည်၏ (၆၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ နောက်ဆုံးဖောက်လုပ်ပြီးစီးခဲ့သည့် ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းသည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့တွင် တည်ရှိသည်။ (၉.၅)ကီလိုမီတာအရှည်ရှိသည့် ယင်းဥမင်လိုဏ်ခေါင်းသည် လန်ချန်းမြစ်ကို ဖြတ်သန်းသည့် ပြတ်ရွေ့ဇုန်တွင် တည်ရှိရာ အန္တရာယ်များသည့် လိုဏ်ခေါင်းတည်ဆောက်မှုဖြစ်သည်။

China Railway Kunming Group သည် ရထားလမ်းတည်ဆောက်ရေး ပညာရှင်ဌာနကို ဖွဲ့စည်းခဲ့သည်။ တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးတည်ဆောက်မှုကုမ္ပဏီ(CCCC)၊ China Railway ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးဌာနနှင့် ပညာရှင်များက ကျင်ကျိုက်ဥမင်လိုဏ်ခေါင်းပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်း၍ ဆောက်လုပ်ရေးလုပ်ငန်းများကို စီမံခန့်ခွဲ၊ ကြီးကြပ်လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။

“ဒီဥမင်လိုဏ်ခေါင်း အောင်မြင်စွာ ဖောက်လုပ်နိုင်တာဟာ တရုတ်-လာအို ရထားလမ်းကို နှစ်ကုန်ပိုင်းမှာ အရည်အသွေးမြင့်ဖွင့်လှစ်နိုင်ဖို့ ခိုင်မာတဲ့ အခြေခံဖြစ်တယ်”ဟု ယူနန်ပြည်နယ်တောင်ပိုင်း ရထားလမ်းတည်ဆောက်မှု ညွှန်ကြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး မာရိုလျန်က ဆိုသည်။ လက်ရှိတွင် တရုတ်-လာအို ရထားလမ်း ပြည်တွင်းအပိုင်းစီမံကိန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိပြီး လမ်းဖောင်ဒေးရှင်းနှင့် တံတားခင်းခြင်းများ အားလုံးပြီးစီးပြီဖြစ်ကြောင်း ၊ ဘူတာရုံ (၁၁)ခုကို ဘက်စုံပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ရထားလမ်းခင်းသည့် လုပ်ငန်း (၉၅) ရာခိုင်နှုန်းနှင့်အထက် ပြီးမြောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်းအရှည်သည် ကီလိုမီတာ (၁,၀၀၀) ကျော်ရှိပြီး မြောက်ဘက်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှသည် တောင်ဘက်ရှိ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းအထိ ချိတ်ဆက်ထားသည်။ တရုတ်နိုင်ငံ ပြည်တွင်းအပိုင်းနှင့် လာအိုနိုင်ငံအပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည့် ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းနှင့် လာအိုနိုင်ငံ၏ ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်တွင်းဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း မဟာဗျူဟာနှင့်ချိတ်ဆက်သည့် စီမံကိန်းလည်းဖြစ်သည်။ ရထားမောင်းနှင်သွားလာနိုင်ပါက ယူနန်ပြည်နယ် ကူမင်းမြို့မှ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့သို့ (၃)နာရီကြာဖြင့် သွားလာနိုင်မည်ဖြစ်ပြီး လာအိုနိုင်ငံ ဗီယင်ကျန်းကို တိုက်ရိုက်နေ့တွင်းချင်းရောက်ရှိနိုင်ရန် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(经济)中老铁路隧道全部贯通 预计年底开通运营
2021-06-05 11:02:38
新华社昆明6月5日电(记者丁怡全)据中国铁路昆明局集团有限公司消息,5日上午,中老铁路景寨隧道安全贯通,转入仰拱、衬砌和无砟轨道等剩余工程施工。至此,中老铁路全线167座隧道全部贯通,为年底开通运营奠定了坚实基础。
中老铁路全线隧道总长达590多公里,占全线总长度的63%,施工任务繁重。最后贯通的景寨隧道位于云南省西双版纳傣族自治州景洪市境内,隧道全长9.5公里,穿越澜沧江断裂带,为高风险隧道。
中国铁路昆明局集团成立了由铁路各专业部门,中交一航局、中铁隧道局等参建单位和专家组成的景寨隧道联合工作组,统筹协调和督导推进隧道施工。
“景寨隧道被成功攻克,为中老铁路年底高质量开通奠定了坚实的基础。”滇南铁路建设指挥部副指挥长马有良介绍,目前中老铁路国内段项目进展顺利,路基、桥梁已全部完成,11座车站站房全面进入装饰装修,铺轨工程已完成95%以上。
中老铁路全长1000多公里,北起云南省会昆明,南至老挝首都万象,由国内段、老挝段两段组成,是中国“一带一路”倡议与老挝“变陆锁国为陆联国”战略的对接项目,建成通车后,云南省昆明市至西双版纳傣族自治州景洪市仅需3个多小时,至老挝万象有望实现直达运输、当日通达。(完)
新华社照片,昆明,2021年6月5日
中老铁路隧道全部贯通 预计年底开通运营
中老铁路景寨隧道建设者正在掌子面施工(5月18日摄)。
(配本社同题文字稿)
新华社发(姚巍 摄)