Connect with us

Europe

တရုတ်-ဥရောပ ရထား “အရှေ့လမ်းကြောင်း” ၏ ယခုနှစ်အတွင်း ရထားပြေးဆွဲမှု အစီးရေ စံချိန်တင် မြင့်မားခဲ့

မန်ကျိုးလီ နယ်စပ်ဂိတ်ကို ဖြတ်သန်းနေသည့် တရုတ်-ဥရောပရထားကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာအယ်ပင်း၊ ဒီဇင်ဘာ ၁၈ ရက် ( ဆင်ဟွာ)

ယခုနှစ်အတွင်း တရုတ်-ဥရောပရထား အရှေ့လမ်းကြောင်းဖြစ်သည့် မန်ကျိုးလီနှင့် ဆွေဖန်ဟော် နယ်စပ်ဂိတ်မှ ဝင်ထွက်သွားလာသည့် တရုတ်-ဥရောပ ရထားသည် ဒီဇင်ဘာ ၁၇ ရက်အထိဆိုလျှင် စုစုပေါင်း အစီးရေ ၄,၅၅၄ စီးရှိပြီး ပို့ဆောင်ခဲ့သည့်ကုန်ပစ္စည်းကွန်တိန်နာ(TEU) အလုံးရေ ၄၃၆,၆၃၂ ခု ရှိရာ ပြီးခဲ့သည့် ကာလတူထက် ၂၅ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာကြောင်း China Railway Harbin Group ကုမ္ပဏီလီမိတက်မှ သိရှိရသည်။ ၎င်းမှာ တရုတ်-ဥရောပရထား “အရှေ့လမ်းကြောင်း” ၏ ယခုနှစ်အတွင်း မောင်းနှင်သွားလာသော ရထားအစီးရေ ပထမဆုံးအကြိမ်အဖြစ် ၄,၅၀၀ ကျော် ရှိလာခြင်း ဖြစ်သည်။

ဆွေဖန်းဟော်နယ်စပ်ဂိတ် မြင်ကွင်းကို ၂၀၁၈ ခုနှစ် ဇွန်လ ၃ ရက်နေ့က တွေ့ရစဉ် (ဆင်ဟွာ)

မန်ကျိုးလီ နယ်စပ်ဂိတ်ကို ဖြတ်သန်းပြေးဆွဲသည့် အသွား-အပြန် တရုတ်-ဥရောပရထားအစီးရေသည် ၄,၀၄၃ စီး ရှိပြီး ဆွေဖန်းဟော်နယ်စပ်ဂိတ်ကို ဖြတ်သန်းပြေးဆွဲသည့် အသွား-အပြန် တရုတ်-ဥရောပရထားအစီးရေသည် ၅၁၁ စီး ရှိကြောင်း သိရသည်။ ယခုအချိန်အထိ မန်ကျိုးလီ နယ်စပ်ဂိတ်တွင် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားပြေးဆွဲမှု အရေအတွက်သည် ၉ လဆက်တိုက် အစီးရေ ၃၀၀ ကျော်ရှိပြီး ဆွေဖန်းဟော်နယ်စပ်ဂိတ်တွင် ပြေးဆွဲသည့် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားအရေအတွက်သည် ၁၁ လ ဆက်တိုက် ဆယ်ဂဏန်း တိုးလာခဲ့ကြောင်း သိရသည်။

အချက်အလက်များအရ ယခုနှစ်အစပိုင်းမှစတင်၍ ဟေးလုံကျန်း ပြည်နယ်မှ ထွက်ခွာလာသည့် အသွားအပြန် တရုတ်-ဥရောပ ရထားအစီးရေသည် ၂၃၆ စီးအထိ ရှိလာခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
中欧班列“东通道”年内开行中欧班列数量创历史新高
新华社哈尔滨12月18日电(记者王君宝)记者从中国铁路哈尔滨局集团有限公司获悉,截至12月17日,今年经中欧班列“东通道”满洲里和绥芬河口岸进出境的中欧班列累计开行4554列、发送货物436632标箱,同比分别增长约25%、31%,年内开行数量首次突破4500列大关。
数据显示,今年经满洲里口岸进出境的中欧班列开行4043列,经绥芬河口岸进出境的中欧班列开行511列。截至目前,满洲里口岸已连续9个月单月开行中欧班列超300列,绥芬河口岸开行中欧班列数量连续11个月同比实现两位数增长。
据介绍,今年以来,黑龙江省始发和终到的中欧班列达236列,较去年有明显增长。(完)
图说1- 2020年11月17日,一列中欧班列通过满洲里口岸(图片由中国铁路哈尔滨局集团有限公司提供)
图说2- 2018年6月3日,绥芬河站全景(图片由中国铁路哈尔滨局集团有限公司提供)