Connect with us

ASEAN

တောင်ကိုရီးယား လော့ခ်ဒေါင်းဖြေလျှော့မှု အလျဉ်းမသင့်၍ ကိုဗစ်ထပ်တိုးလူနာဦးရေ တစ်ကျော့ပြန် မြင့်တက်လာ

ပေကျင်း၊ နိုဝင်ဘာ ၄ ရက်၊ ဆင်ဟွာ

တောင်ကိုရီးယားကူးစက်ရောဂါတိုက်ဖျက်ရေးဗဟိုဌာနချုပ်က တောင်ကိုရီးယား၌ ယခင်ရက်က ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၂,၆၀၀ ကျော်ရှိခဲ့ရာ တစ်လကျော်ကာလအတွင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် တောင်ကိုရီးယားသည် လော့ခ်ဒေါင်းဖြေလျှော့မှု ပထမခြေလှမ်း စတင်ခဲ့ပြီး နေ့စဉ်ဘဝပြန်လည် ကောင်းမွန်စွာ စတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကပ်ရောဂါ ကာ ကွယ်ရေး တင်းကျပ်မှုများကို လျှော့ပေါ့ပေးခဲ့သည်။ကပ်ရောဂါကာကွယ်ရေးတင်းကျပ်မှုများ ဖြေလျှော့လိုက်ခြင်းသည် Halloween ကာလအတွင်း စားသောက်ဆိုင်များနှင့် အရက်ဆိုင်များ ကြိတ်ကြိတ်တိုးဖြစ်စေနိုင်ပြီး ကူးစက်မှုအန္တရာယ် မြင့်မားကာ ကိုဗစ်လူနာဦးရေထပ်မံတိုးလာနိုင်ကြောင်း ကပ်ရောဂါကြိုတင်ကာကွယ်ရေးဌာနက သတိပေးထားသည်။

တောင်ကိုရီယား ကူးစက်ရောဂါတိုက်ဖျက်ရေးဗဟိုဌာနချုပ်၏ အချက်အလက်များအရ တောင်ကိုရီးယားသည် နိုဝင်ဘာ ၂ ရက်တွင် ထပ်တိုးလူနာဦးရေ ၂,၆၆၇ ဦးရှိခဲ့ပြီး ယခင်ရက် အတည်ပြုလူနာဦးရေ ၁,၅၈၉ ဦးနှင့်နှိုင်းယှဉ်ပါက ၁,၀၀၀ ကျော်တိုးလာရာ၊ စက်တင်ဘာ ၃၀ ရက် နောက်ပိုင်းကာလတွင် တောင်ကိုရီးယား၌ တစ်ရက်အတွင်း ကူးစက်မှုဦးရေ ၂,၅၀၀ အထက် ပထမဆုံး အကြိမ်ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊တောင်ကိုရီးယား၌ ကိုဗစ်ဖြစ်ပွားပြီးနောက်ပိုင်း စတုတ္ထမြောက် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာဦးရေ အမြင့်ဆုံး အရေအတွက်လည်း ဖြစ်ကြောင်းသိရသည်။

“လတ်တလော ကိုဗစ်ထပ်တိုးလူနာဦးရေရဲ့ ၂၄ ရာခိုင်နှုန်းခန့်ဟာ ဆယ်ကျော်သက်တွေ ဖြစ်ကြပါတယ်၊ ကျောင်းတွေ ၊ သင်တန်းတွေ နဲ့ ပညာရေးအဖွဲ့အစည်းတွေမှာ ကူးစက်မှုပိုမိုဖြစ်ပွားလာမှာကို လူတွေက စိုးရိမ်ပူပန်နေကြပါတယ်”ဟု တောင်ကိုရီးယားအုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ကြီး Jeon Haechul က နိုဝင်ဘာ ၃ ရက် တွင် ကပ်ရောဂါဆိုင်ရာ အစည်းအဝေး၌ ပြောကြားခဲ့သည်။
မကြာသေးမီက တောင်ကိုရီးယာတွင် ဆယ်ကျော်သက်အုပ်စုများကို ကာကွယ်ဆေး စတင်ထိုးပေးနေကြောင်း၊ လက်ရှိတွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်အုပ်စု၏ ကာကွယ်ဆေးထိုးနှံမှုနှုန်းမှာ ၀.၆ ရာခိုင်နှုန်းသာ ရှိပြီး တောကိုရီးယားအစိုးရမှထုတ်ပြန်သော “နေ့စဉ်ဘဝ အဆင့်ခွဲ ပြန်လည်စတင်ခြင်း” ၏ လမ်းကြောင်းအရ နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများအားလုံးသည် နိုဝင်ဘာ ၂၂ ရက် တွင် ပုံမှန်သင်ကြားမှု ပြန်လည်စတင်မည်ဖြစ်ကြာင်းသိရသည်။

ယခုလော့ခ်ဒေါင်းဖြေလျှော့မှုကို အဆင့် ၃ ဆင့် ခွဲခြားထားပြီး၊ တစ်ဆင့်စီသည် ၄ ပတ် အကောင်အထည်ဖော်ကာလနှင့် ၂ ပတ် အကဲဖြတ်ကာလအပါအဝင် သီတင်းပတ် ၆ ပတ်ကြာ ကြာမြင့်မည်ဖြစ်သည်။
ပထမအဆင့်ကို နိုဝင်ဘာ ၁ ရက်တွင်စတင်ခဲ့ရာ နိုက်ကလပ်များမှလွဲ၍ စားသောက်ဆိုင်၊ ကော်ဖီဆိုင်စသောအများသူငှာ စုဝေးရာနေရာ၏ အလုပ်ချိန်များကို ကန့်သတ်ထားတော့မည် မဟုတ်ကြောင်း၊ ဆိုးလ်၊ အင်ချွန်း၊ Gyeonggido ပြည်နယ့် စသောမြို့တော်ဧရိယာနယ်မြေများတွင်လူစုလူဝေး အများဆုံး ၁၀ ဦးနှင့် မြို့တော်မဟုတ်သောနယ်မြေများတွင် လူ ၁၂ ဦးအထိ ဖြေလျှော့ပေးခဲ့သည်။ ထို့အပြင် မြို့တော်နယ်မြေတွင် နိုဝင်ဘာ ၁ ရက်မှစတင်၍ ကုမ္ပဏီများသည် ၎င်းတို့၏ဝန်ထမ်းများ၏ ၃၀ ရာခိုင်နှုန်း ကို အိမ်မှအလုပ်လုပ်ခွင့်ပြုရန် အကြံပြုချက်ကိုဖျက်သိမ်းလိုက်ကြောင်းသိရသည်။

တောင်ကိုရီးယားသည် ယခုနှစ် ဒီဇင်ဘာလနှင့် လာမည့်နှစ်ဇန်နဝါရီလ တွင် ဒုတိယနှင့် တတိယအဆင့်သို့ ဝင်ရောက်ရန် စီစဉ်မျှော်လင့်ထား သည်။ အဆင့်တစ်ဆင့် ကုန်ဆုံးမည့် ကာလတိုင်းတွင် အစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်း၊ ကိုဗစ်ကူးစက်မှုအရေအတွက်၊ အထူးကြပ်မတ်ကုသဆောင် နှင့် ရိုးရိုးကုတင် အသုံးပြုမှု အခြေအနေ၊ ကိုဗစ်ရောဂါပြင်းထန်လူနာအရေအတွက်နှင့် သေဆုံးသူဉီးရေ တို့ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်မည်ဖြစ်ပြီး နောက်တစ်ဆင့်တက်သင့်မတက်သင့် ဆုံးဖြတ်မည်ဖြစ်သည်။

ရောဂါကူးစက်မှု ကာကွယ်ရေးဌာနက ကိုဗစ်ထပ်တိုးလူနာဦးရေ အဆမတန် မြှင့်တက်လာပါက အစိုးရအနေဖြင့် “ခေတ္တရပ်ရန်” ခလုတ်ကို နှိပ်ကာ အရေးပေါ်အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း သတိပေးထားသည်။
လူအချို့က ယခုကာလတွင် ကပ်ရောဂါကာကွယ်ရေးတင်းကျပ်မှုများ ဖြေလျှော့မှုသည်ကပ်ရောဂါတစ်ကျော့ ပြန်လည်ဖြစ်ပွားစေနိုင်သည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။(Xinhua)

…………………………………………
(Chinese Version)

韩国“解封”开局不利 新增病例数反弹严重
新华社北京11月4日电 韩国中央防疫对策本部3日通报,韩国前一日新增新冠确诊病例超过2600例,创一个多月以来新高。两天前,韩国刚迈出“解封”第一步,放宽一系列防疫限制措施,以期分阶段恢复日常生活。
防疫部门警告,随着防疫限制措施的放宽,餐厅和酒吧在万圣节期间人满为患,群体性感染风险增高,新增病例数恐将进一步攀升。
根据中央防疫对策本部的数据,韩国2日新增确诊病例2667例,较前一日的1589例增加1000多例。这是9月30日以来,韩国单日新增病例数首次突破2500例,同时是韩国新冠疫情暴发以来的第四高单日数值。
韩国行政安全部长官全海澈3日在一场疫情相关会议上说:“近期新增病例中,超过24%是青少年。人们越来越担忧,学校、培训班等教育机构将更频繁地发生新的群体性感染。”
韩国最近开始为青少年群体接种疫苗。目前,12至17岁群体疫苗接种率仅为0.6%。
根据韩国政府发布的“分阶段恢复日常生活”路线图,全国所有学校将于22日完全恢复正常教学。
这一“解封”路线图分为3个阶段,每阶段为期6周,包括4周执行期和2周评估期。
第一阶段从1日开始。除夜总会等高风险娱乐设施外,餐厅、咖啡馆等大部分公众聚集场所营业时间不再受限;首尔、仁川、京畿道等首都圈地区私人聚会人数上限放宽至10人,非首都圈地区放宽至12人。另外,首都圈地区1日起不再建议企业让30%的员工居家办公。
韩国预计在今年12月和明年1月先后进入第二和第三阶段。每一阶段结束前,政府将综合评估新冠疫苗接种完成率、新冠病毒基本感染数、重症监护和一般病床使用情况、新冠重症患者和死亡人数,以决定是否进入下一阶段。
防疫部门警告,一旦新增病例数激增,政府将按下“暂停键”,启动应急计划。
一些民众担忧,新增病例数仍处于高位,放宽防疫限制措施可能导致疫情卷土重来。
图说1-9月18日,在韩国首尔火车站附近,一名医护人员给一个小朋友做核酸检测。(新华社发,徐儒锡摄)