Connect with us

COVID-19 UPDATES

ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံဝန်ကြီးချုပ် က တရုတ်နိုင်ငံ မှ ကာကွယ်ဆေးများ ကူညီထောက်ပံ့ပေးသည့် အတွက် ကျေးဇူးတင်ကြောင်းပြောကြား

ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံဝန်ကြီးချုပ် Keith Rowley အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ မေ ၂၀ ရက် (ဆင်ဟွာ)

ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံဝန်ကြီးချုပ် Keith Rowley က မေလ ၁၉ ရက်၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ အစိုးရ မှ ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ အား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ အား COVID-19 ရောဂါကာကွယ်ဆေး များကူညီထောက်ပံ့ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံခေါင်းဆောင် နှင့် အစိုးရ အား လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရ မှ ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ အားကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါကာကွယ်ဆေးများသည် မေ ၁၉ ရက်၌ ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံမြို့တော် Port of Spain သို့ရောက်ရှိခဲ့သည်။ ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံဝန်ကြီးချုပ် က လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ကာလတစ်လျှောက် ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး အထူးသဖြင့် ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ အနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ အကြိမ်ကြိမ် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ ထို့ပြင်တရုတ် နိုင်ငံ က ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နည်းပညာအတွေ့အကြုံများကိုလည်း မျှဝေပေးခဲ့ကြောင်း ၊ တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများက ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ ဘက်စုံကာကွယ်ဆေးထိုးနှံမှုဖော်ဆောင်ရန် ၊ အမြန်ဆုံး ကပ်ရောဂါအား ထိန်းချုပ်နိုင်ရန် နှင့် စီးပွားရေးပြန်လည်ထူထောင်ရန်တို့အတွက် လွန်စွာ အရေးပါခဲ့ပြီး နိုင်ငံကြီးတစ်နိုင်ငံ၏ တာဝန်ယူမှု နှင့် နှစ်နိုင်ငံ အနီးကပ်ချစ်ကြည်မိတ်ဖက်ဆက်ဆံရေးကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖန်းချုံ က တရုတ်နိုင်ငံ အနေဖြင့် မိမိရင်ဆိုင်နေရသည့် အခက်အခဲအားဖြေရှင်း၍ ထရီနီဒက် နှင့် တိုဘာဂိုနိုင်ငံ ပြည်သူလူထု အား ကူညီထောက်ပံ့မှုဆောင်ရွက်ပေးခဲ့ခြင်းသည် နှစ်နိုင်ငံ အပြန်အလှန်ကူညီစောင့်ရှောက်မှုကို အပြည့်အဝ ဖေါ်ပြပေးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အတူတကွ အခက်အခဲအား ဖြေရှင်းသည့် ညီအကို သံယောဇဉ်ကိုလည်း ဖေါ်ပြနိုင်ခဲ့ပြီး နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး ကိုလည်း သက်သေပြနိုင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ နှင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ၊ အများပြည်သူကျန်းမာရေး နှင့် စီးပွားရေးပြန်လည်ထူထောင်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားလိုပြီး နှစ်နိုင်ငံ လက်တွဲ၍ အတူတကွ အမြန်ဆုံး ကပ်ရောဂါအားတိုက်ဖျက်သွားကာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထရီနီဒက် နှင့် တိုဘာဂို နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မေလ ၁၉ ရက် ထုတ်ပြန်ကြေညာချက်အရ နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၇,၆၆၉ ဦးရှိခဲ့ပြီးရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၃၁ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)
————————————
(Chinese Version)
(国际)特立尼达和多巴哥总理感谢中国援助疫苗
2021-05-20 14:11:28 分类: 医药卫生
新华社墨西哥城5月19日电西班牙港消息:特立尼达和多巴哥总理罗利19日出席中国政府援助特多政府新冠疫苗交接仪式,并对中国领导人和政府向特多援助新冠疫苗表示衷心感谢。
中国政府援助特多政府的一批新冠疫苗当天运抵该国首都西班牙港。罗利在疫苗交接仪式上说,中国长期以来对特多经济社会发展给予无私帮助,特别是疫情暴发以来,中方向特多援助多批抗疫物资并分享技术经验,为特多全面实现接种、尽早控制疫情、尽快复苏经济发挥了重要作用,彰显了大国担当和两国亲密伙伴情谊。
中国驻特多大使方遒说,中方克服自身困难驰援特多人民,充分展现了中国和特多两国守望相助、共克时艰的兄弟情谊,也是两国全面合作伙伴关系的又一生动例证。中方愿与特多加强疫情防控、公共卫生、经济复苏等领域合作,双方携手早日战胜疫情、实现发展目标。
据特多卫生部19日公布的数据,该国累计确诊新冠肺炎病例17669例,累计死亡331例。(完)

Photo
特立尼达和多巴哥总理罗利像。 新华社发