Connect with us

China

ပေကျင်း ဆောင်းရာသီ အိုလံပစ်ရထား ပေကျင်း-ကျန်းကျားခို အမြန်ရထားလမ်းတွင် မောင်းနှင်ပြေးဆွဲ

ပေကျင်း ဆောင်းရာသီအိုလံပစ် ကျည်ဆန်ရထား G9981 ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်း ချုံလီဘူတာတွင် ရပ်နားထားသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့စဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ပေကျင်း ဆောင်းရာသီ အိုလံပစ်ရထားကို ဇန်နဝါရီ ၆ ရက်က ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်းတွင် မောင်းနှင်ပြေးဆွဲပြသခဲ့သည်။

ပေကျင်း ဆောင်းရာသီအိုလံပစ် ကျည်ဆန်ရထား G9981အတွင်း ဆီးနှင်းအားကစားပစ္စည်းသိုလှောင်ခန်း ထားရှိသည်ကို ဇန်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်း ထိုက်ကျစ်ချိန်ဘူတာတွင် သတင်းထောက်တစ်ဦးက G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားတွဲရှေ့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်း ထိုက်ကျစ်ချိန်ဘူတာတွင် ရိုက်ကူးသည့် G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားတွဲ၏ ဆောင်းရာသီအားကစား နံရံဆေးရေးပန်းချီအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားတွဲအတွင်း ဝန်ထမ်းတစ်ဦးက အိုလံပစ်အထူးထုတ်ကုန်ပစ္စည်းများအား မိတ်ဆက်ပြောကြားနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း-ကျန်းကျားခို မြန်နှုန်းမြင့်ရထားလမ်း ထိုက်ကျစ်ချိန်ဘူတာတွင် သတင်းထောက်တစ်ဦးက G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားတွဲရှေ့တွင် အမှတ်တရ ဓါတ်ပုံရိုက်ကူးနေသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားကြီး ကျွီးရုန်းကွမ်း မဟာတံတိုင်းကြီးအား ဖြတ်သန်းသွားသည်ကို ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားတွဲအတွင်း အိုလံပစ်အထူးထုတ်ကုန်ပစ္စည်းအရောင်းဆိုင်အား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

G9981 ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားရှိ မီဒီယာရထားတွဲတွင် သတင်းမီဒီယာသမားများအား ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိတ်ဆက် ပြောကြားချက်များအရ ပေကျင်း ဆောင်းရာသီအိုလံပစ်ရထားများ အားလုံးသည် တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ နှုန်း ပြေးဆွဲနိုင်သည့် Fuxing ကျည်ဆန်ရထားများဖြစ်ပြီး 5G နည်းပညာပံ့ပိုးမှု UHD တိုက်ရိုက်ထုတ်လွှင့်မှု စတူရီယိုခန်း ပါရှိကြောင်း သိရသည်။ ဆောင်းရာသီ အိုလံပစ် ကျည်ဆန်ရထားသည် ရထားတွဲ ၈ တွဲရှိပြီး လူ ၅၆၄ ဦး လိုက်ပါစီးနှင်းနိုင်ရာ အပြင်ပန်းတွင် “ဆောင်းနှင်းဖွေးဖွေးဖြင့် နှစ်သစ်နွေဦးအား ကြိုဆိုခြင်း” နံရံဆေးရေးပန်းချီရုပ်ပုံများဖြင့် အလှဆင်ထားရာ ဆောင်းရာသီအိုလံပစ်၏ အနက်အဓိပ္ပါယ်ကိုလည်း ပေါ်လွင်အောင်ပြသထားသည်။
ပေကျင်း ဆောင်းရာသီ အိုလံပစ်ရထားများကို ဇန်နဝါရီ ၂၁ ရက်မှ မတ် ၁၆ ဆောင်းရာသီ အိုလံပစ် ကာလအတွင်း မောင်းနှင်ပြေးဆွဲသွားမည်ဖြစ်ပြီး နေ့စဉ် သယ်ယူပို့ဆောင်မှုပုံစံ အသွားအပြန် အခေါက်ရေ ၄၀ ခန့်စီ ပြေးဆွဲနိုင်ရန် စီစဉ်ထားပြီး ၎င်းတို့အနက် အခြေခံပို့ဆောင်ရေးအဖြစ် အသွားအပြန် ၁၇ ခေါက်စီ နေ့စဉ်ပြေးဆွဲမှုနှင့် ကြိုတင်ပြင်ဆင်မှုအဖြစ် အသွားအပြန်အခေါက်ရေ ၂၃ ကြိမ်စီ ပြေးဆွဲမှုကို အခြေအနေအရဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
新华全媒+丨北京冬奥列车亮相京张高铁
2022/01/06 19:12:26 来源:新华网
当日,北京冬奥列车亮相京张高铁。据介绍,北京冬奥列车全部使用时速350公里复兴号动车组开行,并配备5G超高清演播室。冬奥列车编组8辆,定员564人,外观采用“瑞雪迎春”涂装方案,彰显冬奥主题。
北京冬奥列车将在1月21日至3月16日的冬奥运输期间开行,每日安排开行40对运输方案,其中基本方案17对,每日开行;预备方案23对,视需开行。
新华社记者 鞠焕宗 摄

图书1: 1月6日,G9981次北京冬奥列车停靠在京张高铁崇礼站。
图说2:这是1月6日拍摄的G9981次北京冬奥列车内设置的滑雪器材柜。
图说3:1月6日,在京张高铁太子城站,一位记者在G9981次北京冬奥列车车厢前进行直播报道。
图说4:这是1月6日在京张高铁太子城站拍摄的G9981次北京冬奥列车车身上的冬季运动涂装。
图说5: 1月6日,在G9981次北京冬奥列车车厢内,一位工作人员在介绍北京冬奥会特许商品。
图说6: 1月6日,在京张高铁太子城站,一位记者在G9981次北京冬奥列车车厢前合影。
图说7: 1月6日,G9981次北京冬奥列车驶过居庸关长城。
图说8: 这是1月6日拍摄的G9981次北京冬奥列车车窗上的北京冬奥会和冬残奥会主题口号。
图说9: 这是1月6日在G9981次北京冬奥列车内拍摄的北京冬奥会特许商品商店。
图说10:1月6日,在G9981次北京冬奥列车媒体车厢内,媒体记者在工作。