Connect with us

China

ပြည်သူများ၏ သာယာလှပသော ဘဝနေထိုင်မှုမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ရင်း ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအားမြှင့်တင်ခြင်း သမိုင်းပေးတာဝန်အား ပုခုံးတွင်ထမ်းကာ ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးတူပူအမျှအသိုက်အဝန်းကို ပို၍တည်ဆောက်သွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်း၌ ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးကျင်းပသည့် နေရာမြင်ကွင်းအား စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး တည်ဆောက်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို နိုတင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် သမ္မတရှီက တရုတ်နိုင်ငံတွင် “လောကပါလတရားကို အခြေခံသည့်ဆောင်ရွက်မှုက ရလဒ်ကောင်းရရှိမည်ဖြစ်ပြီး ပြည်သူကိုအခြေပြုသည့် ဆောင်ရွက်မှုသည် အောင်မြင်မည်သာဖြစ်သည်”ဟူသော ရှေးလူကြီးများ၏ အဆိုရှိကြောင်း ဆိုသည်။

မိမိတို့အနေဖြင့် ပြည်သူများ၏ သာယာလှပသော နေထိုင်မှုဘဝမျှော်လင့်ချက်ကို ရင်ဝယ်ပိုက်ပြီး ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ခြင်း သမိုင်းတာဝန်ကို ပုခုံးတွင်ထမ်းကာ လက်တွဲအတူရှေ့ဆက်ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် ပိုမိုနီးကပ်သည့် တရုတ်-အာဆီယံ အေးတူပူအမျှအသိုက်အဝန်းကို ပို၍ တည်ဆောက်သွားပြီး ပိုမိုစည်ပင်သာယာဝပျောသည့် ဒေသနှင့်ကမ္ဘာကြီးကို အတူတည်ဆောက်သွားကြပါစို့ဟူ သမ္မတရှီကျင့်ဖိန် ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)

习近平:把人民对美好生活的向往放在心头,把维护和平、促进发展的时代使命扛在肩上,构建更为紧密的中国—东盟命运共同体
2021-11-22 10:34:23 来源: 新华社微博

国家主席习近平22日上午在北京以视频方式出席并主持中国—东盟建立对话关系30周年纪念峰会。
习近平指出,中国古人说:“谋度于义者必得,事因于民者必成。”让我们把人民对美好生活的向往放在心头,把维护和平、促进发展的时代使命扛在肩上,携手前行,接续奋斗,构建更为紧密的中国—东盟命运共同体,共创更加繁荣美好的地区和世界!