Connect with us

International Organizations

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “Delta” နိုင်ငံပေါင်း (၉၂)နိုင်ငံတွင် ကူးစက်ပျံ့နှံ့နေသော်လည်း ကာကွယ်ဆေး ထိရောက်မှုရှိနေဆဲဟု WHO ပညာရှင် ပြောကြား

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့နိုင်ငံတကာလေဆိပ်သို့ရောက်ရှိလာသော အိန္ဒိယခရီသွားတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ပြင်ဆင်နေသည်ကို ဧပြီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “Delta”သည် လက်ရှိတွင် နိုင်ငံပေါင်း (၉၂)နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပညာရှင်များက ဇွန် ၂၁ ရက် ဂျီနီဗာရုံးချုပ်တွင် ပြောကြားခဲ့သည်။ ၎င်း၏ကူးစက်ပြန့်ပွားမှုသည် ပို၍အားကောင်းပြီး ကာကွယ်ဆေးထိုးနှံထားပါက “Delta” အတွက် ဖြစ်ပေါ်သည့် neutralizing antibody (CRNAb) ပဋိပစ္စည်း လျော့နည်းသွားစေသော်လည်း ကာကွယ်ဆေးသည် ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းအောင် ကာကွယ်ရာတွင် ထိရောက်မှုရှိနေဆဲဖြစ်ကြောင်း ဆိုသည်။လက်ရှိအချိန်အထိ နိုင်ငံနှင့်ဒေသပေါင်း (၉၂)ခုတွင် “Delta” ကူးစက်ပြန့်ပွားမှုရှိနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျန်းမာရေးအရေးပေါ်စီမံကိန်း နည်းပညာဆိုင်ရာတာဝန်ခံ Maria van Kelkhoferက ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “Delta”သည် WHO မှတ်သားထားသည့် အထူးဂရုပြုရန်လိုအပ်သော ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံတွင် အစောဆုံးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အစောပိုင်းကာလက ဗြိတိန်တွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “Alpha”သည် ကမ္ဘာ့နေရာဒေသအသီးသီးကို လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုရှိခဲ့ကြောင်း၊ “Delta”ဗိုင်းရပ်စ်သည် “Alpha”ထက် ကူးစက်ပြန့်ပွားရန် ပို၍လွယ်ကူကြောင်း Maria van Kelkhoferက ဆိုသည်။ လက်ရှိ နိုင်ငံအများအပြားက ပြည်သူ့ကျန်းမာရေးနှင့် Social Distance ကန့်သတ်ချက်များကို စတင် ဖြေလျှော့နေပြီဖြစ်ကြောင်း ၊ အကယ်၍ စောလျဉ်းစွာ သို့မဟုတ် လျှင်မြန်စွာ ဖြေလျှော့မှုများပြုလုပ်ပြီး လူထု ကာကွယ်ဆေး ကျယ်ပြန့်စွာထိုးနှံမှုမရှိသေးပါက “Delta”ဗိုင်းရပ်စ် လျင်မြန်စွာ ပြန့်ပွားသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗီဇပြောင်း”Delta”ကိုရိုနာဗိုင်းရပ်စ်သည် ဆေးရုံတင်ကုသရသည့် လူနာဦးရေထပ်တိုးစေမည့် အန္တရာယ်ရှိကြောင်း စကော့တလန်၏ နောက်ဆုံး သုတေသနတစ်ရပ်တွင် ဖော်ပြထားသည်ဟု Maria van Kelkhoferက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတွေ့ရှိမှုသည် နိုင်ငံတစ်နိုင်ငံတည်း၏ ကနဦး သုတေသနဖြစ်ပြီး ရလဒ်ကို နောက်တစ်ဆင့် စမ်းစစ်တည်ပြုရန်လိုအပ်သေးကြောင်း ၊ “Delta”ဗိုင်းရပ်စ်က သေဆုံးမှုနှုန်း မြင့်တက်စေသည်ဟူသော အရိပ်လက္ခဏာ မတွေ့ရှိရသေးကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံထားပါက “Delta” အတွက် ဖြစ်ပေါ်သည့်neutralizing antibody (CRNAb) ပဋိပစ္စည်း လျော့နည်းမှုရှိသည်ဟု The Lancet ဂျာနယ်၌ ယခုကာလများအတွင်း ထုတ်ပြန်ခဲ့သည့် သုတေသနတစ်ရပ်တွင် ဖော်ပြထားသော်လည်း ကာကွယ်ဆေးသည် ရောဂါ ပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းအောင် ကာကွယ်ရာတွင် ထိရောက်မှုရှိဆဲဖြစ်ကြောင်း Maria van Kelkhoferက ဆိုသည်။လူထုအနေဖြင့် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံထားပြီးသည့် တစ်ချိန်တည်းမှာပင် ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းထားသည်။

ကာကွယ်ဆေးသည် လက်ရှိ ဗိုင်းရပ်စ်အတွက် ထိရောက်မှုရှိနေဆဲဖြစ်သော်လည်း နောင်အခါတွင် ဗိုင်းရပ်စ် စီးရီးလိုက် ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ရာ ကာကွယ်ဆေး အာနိသင်ပျောက်ဆုံးသွားနိုင်ခြင်းကြောင့် ရောဂါကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်ရန်လိုအပ်ခြင်းဖြစ်ကြောင်း Maria van Kelkhoferက သတိပေး ပြောကြားခဲ့သည်။ ထို့အတွက် ဗိုင်းရပ်စ်ပြန့်ပွားမှု လျော့နည်းအောင်နှင့် ရှောင်ရှားနိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်သင့်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှု များပြားလာလေ ဗိုင်းရပ်စ်အသွင်ဗီဇပြောင်းရန် အခွင့်အရေးများလာလေ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

——————————————
(Chinese Verson)

世卫专家:新冠变异毒株德尔塔已传至92国 疫苗仍有效

新华社日内瓦6月21日电(记者刘曲)世界卫生组织专家21日在日内瓦总部表示,新冠病毒变异毒株德尔塔目前已扩散至92个国家。虽然其传播性更强且人体在接种新冠疫苗后针对德尔塔毒株产生的中和抗体滴度有所降低,但疫苗对预防重症和减少死亡仍然有效。

世卫组织卫生紧急项目技术负责人玛丽亚•范凯尔克霍弗在当天的记者会上表示,截至目前已有92个国家和地区检测到德尔塔毒株传播。德尔塔毒株是目前已被世卫组织标记为“需要关注”的新冠变异病毒之一,最早于2020年10月在印度被发现。

范凯尔克霍弗表示,最早在英国被发现的新冠变异毒株阿尔法已在世界各地迅速传播,德尔塔毒株比阿尔法毒株更易传播。目前许多国家已开始放松公共卫生和社交隔离措施,如过早或过快放松,鉴于当前民众仍未全面接种新冠疫苗,德尔塔毒株将会迅速传播。
范凯尔克霍弗指出,苏格兰的一项最新研究提出,德尔塔毒株有可能增加患者入院治疗的风险。但这只是在单一国家开展的一项初步研究,结论还需进一步验证。目前还没有迹象表明德尔塔毒株会导致新冠致死率上升。

虽然最近发表在《柳叶刀》上的一项研究显示,针对德尔塔毒株,人体接种新冠疫苗后产生的中和抗体滴度有所降低,但范凯尔克霍弗强调,疫苗对预防重症和减少死亡仍然有效。此外,她呼吁公众在确保接种两剂疫苗的同时,仍须采取防护措施。

范凯尔克霍弗警告称,虽然疫苗针对目前的病毒仍有效,但将来病毒有可能出现一系列突变从而导致疫苗实际上失去效力,这正是我们需要确保预防的情况。为此,应尽量避免和减少病毒传播,因为病毒传播得越广,变异机会就越大。
4月23日,来自印度的旅客抵达加拿大温哥华国际机场,准备进行新冠病毒检测。(新华社发,梁森摄)