Connect with us

COVID-19 UPDATES

ယုတ္တိမတန် လုပ်ကြံဖန်တီးမှုများနှင့်ပြည့်နှက်နေသည့် ဗိုင်းရပ်စ်ဇစ်မြစ် အစီရင်ခံစာ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြသူများက Guantanamoအကျဉ်းထောင် အကျဉ်းသားများအသွင်ဖြင့် စုဝေးဆန္ဒပြနေသည်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

ရက်ပေါင်း(၉၀)ကျော် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ဩဂုတ် ၂၇ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာ အကျဉ်းချုပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်ကို ယုံကြည်နိုင်ဖွယ် သက်သေအထောက်အထားအသစ် မပြနိုင်ဘဲ တရုတ်နိုင်ငံကို အပုတ်ချ၊ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို အတားအဆီးဖြစ်အောင် လုပ်ဆောင်မှုဖြစ်ကာ အချက်အလက်မျှဝေပေးရန် ငြင်းပယ်ထားသည်။ သိပ္ပံနည်းနာနိသျှများကို ချိုးဖောက်၍ နိုင်ငံရေးကစားမှုသက်သက်သာဖြစ်သော တရုတ်နိုင်ငံသို့ မြားဦးတည်သည့် ယင်းအစီရင်ခံစာသည် အခြေအမြစ်ကင်းမဲ့၍ လုပ်ကြံဖန်တီးမှုများနှင့်ပြည့်နှက်ကာ ရယ်စရာဟာသ သက်သက်သာ ဖြစ်ခဲ့သည်။

ထောက်လှမ်းရေးအေဂျင်စီအား ဗိုင်းရပ်စ်ဇစ်မြစ် အစီရင်ခံစာတင်ခိုင်းခြင်းသည် သိပ္ပံနည်းနာနိသျှကို ဆန့်ကျင်သည့် ယုတ္တိမတန်မှုပင် ဖြစ်သည်။ ဗိုင်းရပ်စ်ဇစ်မြစ် သုတေသနလုပ်ငန်းသည် ရှုပ်ထွေးသည့် သိပ္ပံရေးရာအခက်အခဲဖြစ်ရာ သိပ္ပံကျွမ်းကျင်ပညာရှင်အဖွဲ့က သိပ္ပံနည်းကျ အလေးထားသင့်၍ တစ်လှမ်းချင်းစီ ဆောင်ရွက်မှသာ မှန်ကန်မှုကို သိရှိနိုင်မည် ဖြစ်သည်။

အမေရိကန် ထောက်လှမ်းရေးလောကတွင် ပြည်သူ့ကျန်းမာရေးနှင့် ရောဂါဗေဒကဏ္ဍအတွက် လက်တွေ့ကျသည့် သိပ္ပံသုတေသနလုပ်နိုင်စွမ်း မရှိကြောင်း အမေရိကန်နိုင်ငံ ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်း(YSPH)အကြီးအကဲ Sten H. Vermundက ဆိုသည်။ “ဒီကိစ္စ(ဗိုင်းရပ်စ်ဇစ်မြစ်)နဲ့ပတ်သတ်လို့ ကျွန်တော်တို့ကို ဘာသဲလွန်စ ဒါမှမဟုတ် သတိပေးချက်ပေးနိုင်တဲ့ဌာနလည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ အမေရိကန်အစိုးရက လိမ်ညာလှည့်ဖျားခိုးယူမှုများနှင့်သာ ပြည့်နှက်နေသည့် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီကို လုပ်ဆောင်ခိုင်းသည့် ယင်းအစီရင်ခံစာကို မည်သူက ယုံကြည်နိုင်မလဲဆိုသည်မှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

အချိန်အပိုင်းအခြားကာလတစ်ခုအတွင် အမေရိကန် နိုင်ငံရေးသမားများက ဗိုင်းရပ်စ်ဇစ်မြစ်ကို နိုင်ငံရေးအသွင် အဓမ္မပြောင်းပြီး ကပ်ရောဂါတိုက်ဖျက်ရေး ည့ံဖျင်းမှုတာဝန်ကို တရုတ်နိုင်ငံအပေါ် ပုံချရန် ကြိုးပမ်းခဲ့ကြသည်။ ထိုမတိုင်မီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တရုတ်-ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ် ပူးတွဲသုတေသနအစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာအသိုက်အဝန်းနှင့် သိပ္ပံနယ်ပယ်မှ အများသဘောတူညီလက်ခံသည့် ရလဒ်နှင့်အကြံပြုချက်ကို ရရှိခဲ့သည်။ ထို့အပေါ် အမေရိကန်ဘက် လက်ခံရန် ငြင်းဆန်ခဲ့ပြီး ထောက်လှမ်းရေးအေဂျင်စီကို ရက်ပေါင်း(၉၀)အတွင်း ဗိုင်းရပ်စ်ဇစ်မြစ် စုံစမ်းစစ်ဆေးမှုများ ထပ်တိုးလုပ်ဆောင်ဖို့ သမ္မတဘိုင်ဒန်က အမိန့်ချခဲ့သည်။ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် အမေရိကန်အတွက်ဆိုရလျှင် ဗိုင်းရပ်စ်ဇစ်မြစ်သုတေသန သိပ္ပံနည်းကျမကျ အရေးမကြီး၊ အဖြစ်မှန်အကြောင်းအရင်း တိကျမှုရှိမရှိ အရေးမကြီး၊ လုပ်ကြံဖန်တီး၍ လိုချင်သည့် သက်သေနှင့် လိုချင်သည့်ရလဒ်ရဖို့သည်သာ အရေးကြီးကြောင်း ထင်ရှားနေသည်။

ကပ်ရောဂါအရေးကိစ္စတွင် အမေရိကန်က တရုတ်ကို စွပ်စွဲအပုတ်ချခြင်းသည် အလွန်နိမ့်ကျကြောင်း ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ် ငြိမ်းချမ်းရေးနှင့်သံတမန်ရေးရာ သုတေသနဌာန အကြီးအကဲMuhammad Asif Noorက ဆိုသည်။

အာမေးနီးယား နိုင်ငံရေး၊စီးပွားရေး မဟာဗျူဟာသုတေသနဗဟို ညွှန်ကြားရေးမှူးချုပ် Benyamin Poghosyanက သက်သေမရှိဘဲ အပြစ်တင်စွပ်စွဲခြင်းသည် တရုတ်ကိုတားဆီးမည့် အမေရိကန်၏မဟာဗျူဟာနှင့်ကိုက်ညီကြောင်း၊ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသော အမေရိကန်၏ ကျဉ်းမြောင်းသည့် ပထဝီနိုင်ငံရေးအကြံအစည်သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးစေနိုင်ကြောင်း ဆိုသည်။

လက်တွေ့ကိုမျက်ကွယ်ပြု၍ တရုတ်နိုင်ငံကို အိုးမဲသုတ်သည့် မည်သည့်အကြံအစည်မျှ အောင်မြင်မည်မဟုတ်ဘဲ ကိုယ်တိုင်ရေးသည့် အမေရိကန်၏ပြဇာတ်သည် ၎င်း၏အကျည်းတန်သည့်အသွင်ကို ပို၍ပေါ်လွင်စေမည်သာ ဖြစ်တော့သည်။ (Xinhua)

———————————–
(Chinese Version)
新华国际时评:美方炮制的溯源报告就是一场彻头彻尾的闹剧
2021/08/28 11:25:48 来源:新华网

新华社记者乔继红
经过90多天的所谓调查之后,美国情报机构当地时间27日发布了新冠病毒溯源报告的摘要,没有就新冠病毒起源拿出有说服力的新证据,诬蔑中方阻挠国际调查、拒绝共享信息。这份将矛头指向中国的报告违背科学,完全是政治操弄。这场彻头彻尾的闹剧注定沦为笑柄。

让情报机构搞溯源报告,充满反科学的荒诞。病毒溯源研究是复杂的科学难题,本应由科学团队以科学的方法、严谨的态度,一步步开展,才可能揭开真相。美国耶鲁大学公共卫生学院院长斯滕•弗蒙德说,美国情报界在公共卫生和病毒学方面没有实质性科学能力,“是最不可能在这件事(病毒溯源)上为我们提供任何线索或警示的部门”。美国政府让声名狼藉、擅长“撒谎、欺骗、偷窃”的美国情报机构完成这样的报告,谁信呢?

一段时间来,美国政客执意将病毒溯源政治化,妄图将抗疫不力的责任甩锅给中国。世界卫生组织此前发布的中国-世卫组织新冠病毒溯源联合研究报告,已得出国际社会和科学界公认的结论和建议。美方对此不仅拒不承认,总统拜登还下令情报部门“加大力度”调查病毒源头,并设定90天的期限。显然,对美方来说,溯源过程是否科学不重要,事实是否准确不重要,制造“想要的证据”才重要,炮制“想要的结论”才重要。

美方大搞政治溯源的行径,只会使其在全球失去更多人心。巴基斯坦伊斯兰堡和平与外交研究所所长穆罕默德•阿西夫•努尔说,美国在疫情问题上对中国的诽谤十分可鄙。亚美尼亚政治经济战略研究中心主任本雅明•波戈相说,无凭无据指责中国传播病毒完全符合美国遏制中国的战略,但美国狭隘的地缘政治图谋只会妨害全球抗疫合作。

任何罔顾事实、抹黑中国的险恶图谋注定不会得逞。美方导演的溯源荒诞剧,只会让世人更加看清其丑恶嘴脸。
图说1:2013年1月11日,在美国首都华盛顿白宫前,抗议者装扮成关塔那摩监狱囚犯参加集会活动。(新华社记者张军摄)