Connect with us

China

ရေနှင့်မြေဆီလွှာထိန်းချုပ်ခြင်း၏ အကျိုးသက်ရောက်မှုများကြောင့် မြစ်ဝါမြစ် ဂေဟစနစ် ကောင်းမွန်လာသည်မှာ ပိုမိုသိသာထင်ရှားလာ

မြစ်ဝါမြစ် ရေတိမ်ဒေသတွင် ဆောင်းခိုငန်းဖြူများကို တွေ့ရစဉ်(ဓာတ်ပုံ-People Daily)

ဆန်ရှီး၊နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက”၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” သည် မြစ်ဝါမြစ်ဝှမ်းရှိ ဂေဟစနစ်ကာကွယ်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသောကာလဖြစ်သည်။တရုတ်နိုင်ငံ ဆည်မြောင်းလုပ်ငန်းဝန်ကြီးဌာနသည် မြစ်ရေနှင့်မြေဆီလွှာ ထိန်းသိမ်းကာကွယ်မှုကို ထဲထဲဝင်ဝင် လုပ်ဆောင်ပြီး ဂေဟစနစ် ကာကွယ်ရေးနှင့် ပြန်လည်ပြုပြင်ရေးကို မြှင့်တင်ကာ မြစ်ဝါမြစ် ကာကွယ်ရေးကို စဉ်ဆက်မပြတ် မြှင့်တင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အထိ မြစ်ဝါမြစ်သည် ၂၂ နှစ်ဆက်တိုက် ရေစီးကြောင်းမပြတ်စီးဆင်းနေကြောင်း ၊ လက်ရှိတွင် မြေဆီလွှာတိုက်စားမှု ပဏာမထိန်းချုပ်မှုအောက်ရှိ ဧရိယာသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် စတုရန်းကီလိုမီတာ ၁၂,၅၀၀ တိုးလာကာ မြစ်ကြောင်းစီမံခန့်ခွဲမှု တာဝန်ရှိပုဂ္ဂိုလ် ၂၂၇,၆၀၀ ဦးအထိရှိကြောင်း နှင့် မြစ်ဝါမြစ်ကာကွယ်ရေးဥပဒေကို တွန်းအားပေး အကောင်အထည်ဖော်သဖြင့် သိသာထင်ရှားသော အောင်မြင်မှုများရရှိခဲ့ကြောင်း သိရသည်။
မြစ်ဝါမြစ်သည် အရှေ့ဘက် မြစ်ကြောင်းတစ်လျှောက် အရှိန်အဟုန်အကွေ့အကောက်များဖြင့် ပြည်နယ်ပေါင်း ၉ ပြည်နယ်ကို ဖြတ်သန်းပြီး ပင်လယ်ထဲသို့ စီးဝင်သည်။ ယခုနှစ်အထိတွင် မြစ်ဝါမြစ်သည် ၂၂ နှစ်ဆက်တိုက် ရေးစီးကြောင်းမပြတ် စီးဆင်းနေကြောင်းသိရသည်။

“မကြာသေးမီ နှစ်အနည်းငယ်အတွင်းမှာ ပင်လယ်ဝရှိ ရေတိမ်ဒေသဟာ သိသိသာသာ တိုးလာပြီး အရှေ့တိုင်းကြိုးကြာဖြူနဲ့ ခေါင်းနက်စင်ရော်တို့လို ရှားပါးငှက်တွေ အခြေချနေထိုင်လာခဲ့ပါတယ်” ဟု မြစ်ဝါမြစ် အုပ်ချုပ်ရေးဗျူရို၏ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး Xu Kaoyun က ပြောကြားခဲ့သည်။ အချက်အလက်များအရ မြစ်ဝါမြစ်ဝကျွန်းပေါ်ဒေသတွင် ငှက်မျိုးစိတ် အရေအတွက်သည် မျိုးစိတ်ပေါင်း ၁၈၇ ခုမှ ယခုအခါ မျိုးစိတ် ၃၇၁ မျိုးအထိ တိုးလာခဲ့ကြောင်း သိရသည်။

၂ နှစ်ကြာကာလအတွင်း တရုတ်နိုင်ငံဆည်မြောင်းလုပ်ငန်းဝန်ကြီးဌာနသည် ရေထိန်းသိမ်းမှု၊ ဂေဟစနစ် ကာကွယ်ရေးနှင့် ပြန်လည်ပြုပြင်ရေးတို့ကို မြှင့်တင်ကာ စီမံခန့်ခွဲမှုစနစ် ပိုမိုကောင်းမွန်လာသဖြင့် စိမ်းလန်းသော တောင်တန်းများ၊ ကြည်လင်သော ရေနှင့် မြစ်ဝါမြစ်ဝှမ်း၏ သန့်ရှင်းကောင်းမွန်သော မြေဆီလွှာတို့ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးပမ်း အားထုတ်လျက်ရှိသည်။
မြေဆီလွှာနှင့် ရေကို ထိန်းသိမ်းခြင်းဖြင့်သာ မြစ်ဝကျွန်းပေါ်ဒေသခံပြည်သူတို့ သာယာဝပြောနိုင်မည်ဖြစ်သည်။

လွန်ခဲ့သော ကာလတွင် “မြစ်ဝါမြစ်မှရေသည် ရေတစ်ပန်းကန်လျှင် သဲတစ်ဝက်ပါခြင်းသည် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် Zhidan ခရိုင်မှ ပြည်သူများကို ဒုက္ခဖြစ်စေခဲ့သည်။ “မြေဆီလွှာကို မထိန်းနိုင်၊ ရေမထိန်းနိုင်၊ ဘာကိုမှ စိုက်ပြီး ငွေရှာလို့ မရဘူး၊နောက်ပိုင်းမှာတော့ ကျွန်တော်တို့က မြေယာဖန်တီးဖို့ နုံးတားဆည်တွေ လယ်ယာတွေကို တည်ဆောက်ခဲ့တယ်၊အခုတော့ ဒီနေရာက ကျွန်တော်တို့ အတွက် အဖိုးတန်ရတနာပါပဲ”ဟု Zhidan ခရိုင် မြေဆီလွှာနှင့်ရေထိန်းသိမ်းစောင့်ရှောက််ရေး အဖွဲ့ခေါင်းဆောင် Ma Shizhuang ကဆိုသည်။လက်ရှိ Zhidan ခရိုင်တွင် နှစ်စဉ်ရေ ၁၅ ဒသမ ၆၉ သန်းကုဗမီတာ နှင့် မြေဆီလွှာ တန်ချိန် ၅ ဒသမ ၉၉ သန်း ထိန်းသိမ်းနိုင်သည့် နုံးတားဆည်ပေါင်း ၃၁၆ ခု တည်ဆောက်ထားကေြာင်း သိရသည်။

Zhidan ခရိုင် Baoan ခရိုင်ရုံးခွဲ Yangpan ကျေးရွာ ကွန်မြူနစ်ပါတီရုံးခွဲ၏ အတွင်းရေးမှူး Liu Deping က “နုံးတားဆည်လေးခုကြောင့် ရွာမှာ မြေပြန့်ဧက ၅၆၀ ထပ်ရှိစေခဲ့တယ်၊ ပန်းသီးတွေကို တောင်စောင်းမှာ စိုက်ပျိုးကြပြီး စပါးတွေကို လယ်ကွင်းမှာစိုက်ပျိုးကြပါတယ်။ ပန်းသီးစိုက်တာ တစ်မျိုးတည်းနဲ့တင် နှစ်စဉ်ပျမ်းမျှအိမ်ထောင်စု ဝင်ငွေဟာ ယွမ် ၅၀၀၀ ကျော်တိုးလာနိုင်တယ် “ဟုဆိုသည်။

မြစ်ဝါမြစ် ဆည်မြောင်းလုပ်ငန်းကော်မရှင် ရေနှင့်မြေဆီလွှာထိန်းသိမ်းရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူး Liu Zhengjie က”မြစ်ဝါမြစ်ရဲ့ အထက်ပိုင်းနဲ့ အလယ်ပိုင်း မြေဆီလွှာထိန်းသိမ်းရေးကို ထိထိမိမိဆောင်ရွက်ရမယ်” ဟု ဆိုသည်။ မြစ်ဝါမြစ်၏အလယ်ပိုင်းတွင် သဲကြမ်းဧရိယာ စတုရန်းကီလိုမီတာ ၇၆,၀၀၀ ရှိရာ ၎င်းမှာ မြစ်ဝါမြစ်အောက်ပိုင်းရှိ အနည်အနှစ်များ၏ အဓိက အရင်းအမြစ်ဖြစ်သည် ဟုဆိုသည်။ မြစ်ဝါမြစ်ထိန်းသိမ်းရေးကော်မရှင်သည် မြစ်ဝှမ်းငယ်များကို ယူနစ်အဖြစ် စနစ်တကျ စီမံခန့်ခွဲခြင်း၊ နုံးတားဆည်များ၊ သဲအတားအဆီးဆည်များစသည်တို့ကို တည်ဆောက်ကာ ကုန်းစောင်းလယ်မြေများကို လှေကားထစ် စိုက်ပျိုးရေးနည်း အဖြစ်သို့ ပြောင်းလဲခြင်းအား မြှင့်တင်ပေးသည်။ မြစ်ဝှမ်းရှိ ရေနှင့် မြေဆီလွှာတိုက်စားမှု ဧရိယာသည် ၂၀၀၈ ခုနှစ်တွင် ၂၆၉,၆၀၀ စတုရန်းကီလိုမီတာမှ ၂၀၂၀ ပြည့်နှစ်တွင် ၂၆၂,၇၀၀ စတုရန်းကီလိုမီတာသို့ ကျဆင်းသွားခဲ့သည်။ လက်ရှိတွင် မြေဆီလွှာတိုက်စားမှု ပဏာမထိန်းချုပ်မှုအောက်ရှိ ဧရိယာသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် စတုရန်းကီလိုမီတာ ၁၂,၅၀၀ တိုးလာ၍ မြစ်ဝှမ်းတစ်ခုလုံးရှိ တရားမဝင်စီမံကိန်း စုစုပေါင်း ၈,၂၇၈ ခုကို ပြုပြင်ခဲ့ပြီး လူကြောင့် ဖြစ်ပေါ်သောမြေဆီလွှာတိုက်စားမှုကို တားဆီးနိုင်ခဲ့သည်။
ရေနည်းပြီး သဲများခြင်းသည် မြစ်ဝါမြစ်၏ အဓိကအခက်အခဲ ဖြစ်သည်။ မြစ်ဝါမြစ်ထိန်းသိမ်းရေးကော်မရှင်သည် မြစ်ဝှမ်းတစ်ခုလုံး၏ အုပ်ချုပ်မှုကို ပေါင်းစပ်ညှိနှိုင်း၍ အထက်ပိုင်းနှင့် အလယ်ပိုင်းရှိ ရေနှင့် မြေဆီလွှာများကို ထိန်းညှိပေးကာ မြစ်ဝါမြစ်အတွင်း အနည်ပမာဏကို လျှော့ချရန် ဆောင်ရွက်ခဲ့သည်။မြစ်အောက်ပိုင်း၏ စီးဆင်းမှုနှုန်းမှာ ၂၀၁၈ ခုနှစ်တွင် တစ်စက္ကန့်လျှင် ၄,၂၀၀ ကုဗမီတာမှ လက်ရှိ တစ်စက္ကန့်လျှင် ၅,၀၀၀ ကုဗမီတာအထိ တိုးလာခဲ့သည်။

ဌာနဆိုင်ရာအချင်းချင်း ချိတ်ဆက်ပူးပေါင်းကာ မြစ်ဝါမြစ် စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးတာဝန်ယူမှုစနစ်ကို အခြေခံအားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
မြစ်ဝါမြစ် ကမ်းခြေဧရိယာတွင် မွေးမြူရေးခြံများတည်ဆောက်ခြင်း၊တရားမဝင်သစ်ပင်များ စိုက်ပျိုးခြင်းတို့အပေါ် ကြီးကြပ်ရေးအဖွဲ့က သွားရောက်ညှိနှိုင်းပြီး အကြံဉာဏ်များပေးဆောင်ကာ မလိုက်နာပါက ဥပဒေနှင့်အညီ ပြည်သူ့လုံခြုံရေးဌာနနှင် ပူးပေါင်းဆောင်ရွက်ကြောင်း၊အထူးလုပ်ဆောင်မှုများမှတစ်ဆင့် မြစ်ဝှမ်းဧရိယာရှိ တရားမဝင်စိုက်ပျိုးထားသော သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော်ကို ဖယ်ရှားခဲ့ကြောင်း တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် Lichengခရိုင် မြစ်ဝါမြစ်ရေကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ခေါင်းဆောင်Ni Zhiwei ကပြောကြားခဲ့သည်။

“ကျွန်တော်တို့က ဒေသဆိုင်ရာ ပြည်သူ့ရှေ့နေရုံးနဲ့ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတယ်၊Lichengခရိုင် ပြည်သူ့အစိုးရနဲ့မြစ်ဝါမြစ်ကမ်းခြေအတွက် ရေရှည်ပူးတွဲစီမံခန့်ခွဲမှု ယန္တရားတစ်ရပ်ကို ထူထောင်ခဲ့ပြီး ဌာနပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်” ဟု Ni Zhiwei က ပြောသည်။
မြစ်ဝါမြစ်ကြောင်းထိန်းသိမ်းရေးကော်မရှင်နှင့် မြစ်ဝါမြစ်တစ်လျှောက်ရှိ ပြည်နယ် ၉ ခုတို့ ပူးပေါင်းပြီး အတူလက်တွဲကာ “မငြိမ်မသက်မှုကို ရှင်းထုတ်ခြင်း မိခင်မြစ်ကိုကာကွယ်ခြင်း”ဆိုင်ရာ တရုတ်နိုင်ငံ၏ ပထမဆုံးမြစ်ချောင်းအင်းအိုင်များ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းကာကွယ်‌ေရး ပလပ်ဖောင်းကို တည်ဆောက်နိုင်ခဲ့သည်။

မြစ်ဝါမြစ်ရေ ထိန်းသိမ်းရေး ကော်မရှင် တာဝန်ခံကပြောကြားရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြောင်းအင်းအိုင်များ စီမံခန့်ခွဲရေးနှင့် ကာကွယ်မှု အခန်းကဏ္ဍကို အပြည့်အဝ ဖော်ဆောင်ပေးပြီး မြစ်ဝါမြစ်ဝှမ်းပြည်နယ်အဆင့် မြစ်ရေ ထိန်းသိမ်းရေးပူးတွဲစနစ်တစ်ရပ်ကို ထူထောင်ခဲ့ကြောင်း၊ မြစ်ဝှမ်းတစ်လျှောက် ပြည်နယ်များရှိ ဆည်မြောင်းလုပ်ငန်းဌာန၊ပြည်သူ့လုံခြုံရေး၊တရားစီရင်ရေး စသည်တို့ ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှု ယန္တရား တည်ဆောက်နိုင်ပြီး ဘက်ပေါင်းစုံမှ ပိုမိုပေါ်လွင်သော ကာကွယ်မှု၊စီမံခန့်ခွဲမှုပုံစံကို အရှိန်မြှင့်တင် ဖွဲ့စည်းကာ လက်ရှိတွင် မြစ်ဝှမ်းပြည်နယ်များတွင် အဆင့်ငါးဆင့်ရှိသောမြစ်ကြောင်းစီမံခန့်ခွဲမှု စနစ်တစ်ရပ်ကို မြစ်ကြောင်းစီမံခန့်ခွဲမှု တာဝန်ရှိပုဂ္ဂိုလ် ၂၂၇,၆၀၀ ဦး၊ပတ်ဝန်းကျင် အရင်းအမြစ်ဆိုင်ရာ တိုက်နယ်တရားရုံး ၂၇ ခု၊ ဂေဟဗေဒပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ရေးစခန်း ၂၀ ခု တို့ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
黄河实现连续22年不断流

生态环境明显向好,水沙治理成效显著
黄河实现连续22年不断流
核心阅读
“十四五”是推动黄河流域生态保护和高质量发展的关键时期。水利部门将继续深度节水控水,推动生态保护修复,扎实推进黄河大保护,力争尽快见到新气象。
截至今年,黄河实现连续22年不断流。目前,初步治理水土流失面积年均增加1.25万平方千米,设立河湖长22.76万名,推动黄河保护立法实现实质性突破。
黄河浩荡蜿蜒,结成九曲连环,一路东行入海。截至今年,黄河已实现连续22年不断流。
“这几年,入海口的湿地面积明显增加了,东方白鹳、黑嘴鸥等珍稀鸟类都来安了家。”山东黄河河务局黄河河口管理局防汛办公室副主任许考云说。据统计,近两年,利津水文站的年均入海水量达336亿立方米,比近10年平均值多123亿立方米,累计向黄河三角洲湿地补水4.21亿立方米。据统计,在黄河三角洲,鸟类已由保护区建立之初的187种增至现在的371种。
变化不仅仅发生在入海口。两年来,水利部门大力促进节水,推进生态保护修复,完善治理体系,全力守护黄河流域的青山碧水、蓝天净土。
保持水土,才能兴业富民。
曾经,“一碗水半碗沙”困扰着陕西省志丹县。“保不住土,存不住水,种啥也挣不了钱。”志丹县水土保持工作队队长马世壮说,“多年来,我们建设淤地坝,淤地造田,荒沟沟变成了‘聚宝盆’。”截至目前,志丹县累计建设316座淤地坝,每年可新增保水能力1569万立方米,保土599万吨。
志丹县保安街道办事处杨畔村党支部书记刘德平深有感触:“4座淤地坝,让村里多出了560亩平地。坡上种苹果,坝田里种粮食,仅苹果一项户均年增收就有5000多元。”
“黄河上中游要突出抓好水土保持。”黄河水利委员会水土保持局副局长刘正杰介绍,黄河中游7.86万平方公里的多沙粗沙区,是黄河下游河道泥沙主要来源。黄河水利委员会坚持以小流域为单元的系统治理,新建改建淤地坝、拦沙坝等工程,推进坡耕地改建梯田。流域水土流失面积从2018年的26.96万平方公里下降到2020年的26.27万平方公里,水土流失面积、强度实现“双下降”。目前,初步治理水土流失面积年均增加1.25万平方千米,全流域共有8278个违法违规项目完成整改,初步遏制了人为水土流失。
水少沙多、水沙关系不协调,是黄河复杂难治的症结所在。黄河水利委员会统筹全流域治理,上中游保持水土,减少入黄泥沙量;中下游调水调沙,加快泥沙外排入海。目前下游河道最小过流能力由2018年的4200立方米每秒提升到现在的5000立方米每秒。
跨部门联动、上下游联手,黄河流域河湖管护责任体系基本形成
有人在黄河滩区建养殖场,臭味熏天……不久前,一条线索引起了山东黄河河务局历城黄河水政监察大队的注意。河务局迅速联系当地公安,双方集结队伍,现场收集证据,提出整改意见。
“过去大家各管一段,执法力量相对分散,难以形成有效监管。”历城黄河水政监察大队专职副大队长倪志伟介绍,河务与公安部门建立联勤联动机制,开展联合执法巡查。
部门形成合力,啃下一个个“硬骨头”。“去年,我们发现黄河护堤内有人违规栽种树木,监察大队先期走访、提示、规劝,对不听从的,与公安部门联合执法。”倪志伟说,通过多次专项行动,护堤内的3万多棵违规栽种树木被清除。
“此外,我们还与当地人民检察院签订了行政执法合作协议;与历城区人民政府建立了黄河滩区长效联合管理等机制,多部门联手确保监管全覆盖。”倪志伟说。
近年来,跨区域、跨部门的管理体制不断探索。黄河水利委员会与沿黄9省份联合实施“携手清四乱 保护母亲河”专项行动,创建了全国首个流域性河湖管理与司法保护衔接平台。
黄河水利委员会有关负责人介绍,一方面,充分发挥河湖长制的作用,建立了黄河流域(片)省级河长办联席会议制度;另一方面,构建流域省份水利、公安、司法等联动机制。多层次、立体化的“大保护、大治理”格局加快形成,目前流域省份全面建立五级河湖长体系,设立河湖长22.76万名,27个环境资源审判巡回法庭和20个生态环境司法修复基地落户黄河流域。(记者 王 浩)

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.