Connect with us

COVID-19 UPDATES

လာမည့် ရက်သတ္တပတ် (၂)ပတ်ကြာကာလတွင် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း သန်း ၂၀၀ ကျော် ရှိလာနိုင်ဟု WHO ခန့်မှန်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား မေ ၇ ရက်၌ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်သတ္တပတ်၌ ကမ္ဘာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄)သန်းခန့် ထပ်တိုးလာရာ လက်ရှိအခြေအနေအရ လာမည့် ရက်သတ္တပတ်(၂)ပတ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း သန်း ၂၀၀ ကျော် ရှိလာမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် (၄)ပတ်ကြာကာလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ခွဲခြားထားသော ဒေသ (၆)ခု၌ ဒေသ(၅)ခု၏ ထပ်တိုးအတည်ပြုလူနာဦးရေသည် (၈၀)ရာခိုင်နှုန်းအထိ တိုးပွားလာခဲ့သလို ထိုကာလတွင်ပင် အာဖရိကတိုက်ဒေသ၏ ထပ်တိုးသေဆုံးသည့် ဦးရေ (၈၀)ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တက်ဒရော့စ်က ယင်းနေ့၌ ဂျီနီဗာတွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

အတည်ပြုလူနာဦးရေနှင့် သေဆုံးလူနာဦးရေ တစ်ဟုန်ထိုး မြင့်တက်လာခြင်းသည် ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဒယ်လ်တာ(Delta)ကြောင့် ဖြစ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ လက်ရှိ ကမ္ဘာ့နိုင်ငံနှင့်ဒေသ (၁၃၂) ခုတွင် ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သည့်လူနာများရှိနေပြီဖြစ်ကြောင်း၊ လှုပ်ရှားသွားလာမှု များပြားခြင်း၊ ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများ တူညီမှုမရှိခြင်းနှင့် ကာကွယ်ဆေး ဖြန့်ဝေမှု မမျှတခြင်းများက ကပ်ရောဂါအခြေအနေပိုမို ဆိုးဝါးလာစေသည့် အကြောင်းအရင်းဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်သည် ယခုနှစ် စက်တင်ဘာလမတိုင်မီ နိုင်ငံတိုင်းတွင် လူဦးရေ အနည်းဆုံး (၁၀) ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန်ဖြစ်ပြီး ယခုနှစ်ကုန်မတိုင်မီ ကာကွယ်ဆေးထိုးနှံသည့်နှုန်းသည် အနည်းဆုံး (၄၀) ရာခိုင်နှုန်း၊ လာမည့်နှစ်နှစ်လယ်ပိုင်းမတိုင်မီ အနည်းဆုံး (၇၀) ရာခိုင်နှုန်းရှိရမည်ဖြစ်သော်လည်း ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ခရီးရှည်ကြီးလျှောက်ရဦးမည်ဖြစ်ကြောင်း တက်ဒရော့စ်က ဆိုသည်။

လက်ရှိအချိန်အထိ နိုင်ငံတစ်ဝက်ကျော်လောက်ကသာ ကာကွယ်ဆေး ထိုးနှံမှုနှုန်း (၁၀)ရာခိုင်နှုန်းနှင့် လေးပုံတစ်ပုံခန့်ရှိသည့် နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း (၄၀)ရာခိုင်နှုန်း ရှိပြီး နိုင်ငံ (၃)နိုင်ငံကသာ ကာကွယ်ဆေးထိုးနှံမှုနှုန်း(၇၀)ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ အာဖရိကတိုက်၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုသည် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံမှု စုစုပေါင်းပမာဏ၏ (၂)ရာခိုင်နှုန်းပင် မရှိရာ ကာကွယ်ဆေးထိုးနှံထားသည့်သူအ‌ရေအတွက်မှာ အာဖရိကတိုက်လူဦးရေ၏ (၁.၅)ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际疫情)世卫组织:预计未来两周全球累计新冠确诊病例将超过两亿例
2021-07-31 07:36:15
新华社日内瓦7月30日电(记者陈斌杰 陈俊侠)世界卫生组织总干事谭德塞30日表示,过去一周全球新增新冠确诊病例近400万例,按照目前趋势,预计未来两周全球累计确诊病例将超过两亿例。
谭德塞当天在日内瓦举行的例行新闻发布会上说,过去4周,在世卫组织划分的全球6个区域中,有5个区域新增确诊病例数增加了80%;同一时期,非洲地区的新增死亡病例数上升了80%。
谭德塞表示,确诊病例数和死亡病例数快速上升,在很大程度上是由高传染性的变异新冠病毒德尔塔毒株引起的。目前,全球132个国家和地区已报告德尔塔毒株感染病例。此外,人口流动增加、防疫措施前后不一,以及疫苗分配不平衡也是导致疫情加剧的原因。
谭德塞说,世卫组织的目标仍是在今年9月前为每个国家至少10%的人口接种新冠疫苗,在今年年底前该接种率至少达到40%,在明年年中前达到至少70%。但为了实现上述目标,“仍有很长的路要走”。
世卫组织数据显示,截至目前,只有略超过半数国家的新冠疫苗接种率达到10%,不到四分之一国家的接种率达到40%,仅有3个国家的接种率达到70%。与此同时,非洲大陆已接种的新冠疫苗量不到全球已接种总量的2%,非洲人口中仅有1.5%完成接种。(完)

图说1:这是世界卫生组织总干事谭德塞5月7日在瑞士日内瓦出席新闻发布会的视频截图。 新华社发