Connect with us

COVID-19 UPDATES

အစ္စရေးနှင့်ရရှိထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးလဲလှယ်ရေးသဘောတူညီချက်ကို ပါလက်စတိုင်း ဖျက်သိမ်း

ပါလက်စတိုင်းတွင် မတ် ၂၁ ရက်မှစ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေး‌ရေး အစီအစဉ်ကို စတင်ခဲ့ရာ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း Hebronမြို့ အနီးကျေးရွာတွင် အဘိုးအိုတစ်ဦးအား ကာကွယ်ဆေးထိုးနှံပေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရမော်လာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အစ္စရေးမှ လွှဲပြောင်းပေးသည့် ကာကွယ်ဆေးသည် နည်းပညာစံချိန်စံညွှန်းနှင့်မကိုက်ညီခြင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး လဲလှယ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်ဟု ပါလက်စတိုင်းအစိုးရက ဇွန် ၁၈ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန ဆေးကုသရေးနှင့်နည်းပညာအဖွဲ့က ယင်းနေ့ညပိုင်း၌ အစ္စရေးလွှဲပြောင်းပေးသည့် Pfizer ကာကွယ်ဆေး ပထမအသုတ်ကို စစ်ဆေးခဲ့ရာတွင် သဘောတူညီချက်စာချုပ်၌ပါရှိသည့် နည်းပညာစံချိန်စံညွှန်းနှင့်မကိုက်ညီသည်ကို တွေ့ရှိရခြင်းကြောင့် စာချုပ်ကို ပါလက်စတိုင်း ဝန်ကြီးချုပ် Muhammad Shtayyeh ၏ ညွှန်ကြားချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဖျက်သိမ်းခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Ibrahim Melhem က ယင်းနေ့ညပိုင်း၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သက်တမ်းလွန်တော့မည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပါလက်စတိုင်းအစိုးရက လက်မခံကြောင်း၊ ပထမအသုတ်ကာကွယ်ဆေး အားလုံးကို အစ္စရေးသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း Ibrahim Melhem က ဆိုသည်။ Pfizer ကုမ္ပဏီနှင့်တိုက်ရိုက်ဝယ်ယူထားသည့် စာချုပ်အရ ကုမ္ပဏီက အသုတ်ခွဲပို့ဆောင်ပေးမည့် ကာကွယ်ဆေးများကိုပါလက်စတိုင်းအစိုးရက စောင့်ဆိုင်းနေသည်ဟု ၎င်းက ဆိုသည်။

အစ္စရေးနှင့်ရရှိထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး လွှဲပြောင်းရေးသဘောတူညီချက်စာချုပ်တွင် တိကျသည့်တောင်းဆိုချက်များရှိရာ သက်ဆိုင်ရာ ကာကွယ်ဆေးများက ဘေးကင်းထိရောက်မှုရှိသည့် နည်းပညာစံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသင့်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး Mai al-Kaila က ပြောကြားခဲ့သည်။ ဝယ်ယူထားသည့်ကာကွယ်ဆေးများ အမြန်ဆုံးရရှိရန် Pfizer ကုမ္ပဏီကို ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းသွားမည်ဟု ၎င်းက ဆိုသည်။

အစ္စရေးနှင့်ပါလက်စတိုင်းအကြား ကာကွယ်ဆေး လဲလှယ်ရေးသဘောတူညီချက် ရရှိခဲ့ရာ အစ္စရေးသိုလှောင်ထားသည့် Pfizerကာကွယ်ဆေးကို ပါလက်စတိုင်းအား လွှဲပြောင်းပေးရမည်ဖြစ်ပြီး ကာကွယ်ဆေး သက်တမ်းလွန်တော့မည်ဖြစ်ခြင်းကြောင့် လဲလှယ်ပေးသည့်အနေဖြင့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် Pfizerကုမ္ပဏီမှ အစ္စရေးရရှိမည့် ကာကွယ်ဆေးများကို အရေအတွက်အလိုက် ပါလက်စတိုင်းအား လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အစ္စရေးအစိုးရ သတင်းနှင့်ပြန်ကြားရေးရုံး၏ ဇွန် ၁၈ ရက် အစောပိုင်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး အစ္စရေးတွင် လူပေါင်း (၉.၂)သန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ရာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ (၅၅)ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ပါလက်စတိုင်း လူဦးရေ(၅)သန်းခန့်တွင် လက်ရှိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ(၂၇၀,၀၀၀)ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)巴勒斯坦宣布取消与以色列达成的新冠疫苗交换协议
2021-06-19 06:26:58
新华社拉姆安拉6月18日电(记者熊思浩)巴勒斯坦政府18日晚宣布,取消与以色列达成的一项新冠疫苗交换协议,因为以方移交的疫苗“不符合技术指标”。
巴勒斯坦政府发言人易卜拉欣•穆勒哈姆在当晚举行的新闻发布会上说,巴卫生部医疗和技术小组对以方当晚移交给巴方的首批约9万剂辉瑞疫苗进行检测,结果发现这批疫苗不符合交换协议所规定的技术指标,因此巴总理阿什提耶指示卫生部取消该协议。
穆勒哈姆表示,巴政府拒绝接收即将过期的新冠疫苗,首批疫苗已全部退回以色列。根据与美国辉瑞公司达成的直接采购协议,巴政府正在等待由辉瑞公司直接分批供应的疫苗。
巴卫生部长马伊•凯拉说,巴方当天与以方达成新冠疫苗交换协议时曾明确要求以方,相关疫苗应符合有效性和安全性所涉及的各项技术指标和条件。巴卫生部将敦促辉瑞公司,以尽快获得所订购的新冠疫苗。
以色列政府新闻办公室18日早些时候发表声明说,以色列当天与巴勒斯坦达成一项疫苗交换协议,以方将向巴方移交的疫苗为以色列库存的辉瑞新冠疫苗,这些疫苗即将过期。作为交换,以色列将接收辉瑞公司原计划9月或10月交付巴方的疫苗,数量与以方移交给巴方的相等。
自去年底启动新冠疫苗接种工作以来,在以色列约920万人口中,约有55%的人完成了两剂疫苗接种。另据巴勒斯坦卫生部数据,在巴勒斯坦约500万人口中,目前已有27万人完成了两剂疫苗接种。(完)

新华社照片,希伯伦,2021年3月21日
(国际)巴勒斯坦启动大规模新冠疫苗接种计划
3月21日,医务人员在约旦河西岸城市希伯伦附近的村庄为一名老人接种疫苗。
巴勒斯坦于21日在约旦河西岸和加沙地带启动大规模新冠疫苗接种计划,医护人员、75岁以上老人等人群将优先接种疫苗。
新华社发(马蒙•沃兹沃兹摄)