Connect with us

Latin America

အီကွေဒေါနိုင်ငံ အကျဉ်းထောင်နှစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားမှုများကြောင့် လူ ၂၂ ဦး သေဆုံး

အီကွေဒေါနိုင်ငံ ဂွိုင်ယာကွီးလ်မြို့တွင် အဓိကရုဏ်းဖြစ်ပွားခဲ့သော အကျဉ်းထောင်ပြင်ပတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကီတို၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်နှစ်ခုတွင် ဇူလိုင် ၂၁ ရက် ညပိုင်းက အဓိကရုဏ်းဖြစ်ပွားမှုများကြောင့် အနည်းဆုံး အကျဉ်းသား ၂၂ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရဝန်ကြီး Alexandra Bella က ဇူလိုင် ၂၂ ရက် ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဓိကရုဏ်းဖြစ်ပွားသည့် အကျဉ်းထောင်နှစ်ခုသည် Guayas ပြည်နယ်နှင့် Cotopaxi ပြည်နယ်တွင် တည်ရှိကြောင်း အီကွေဒေါ အကျဉ်းဦးစီးဌာနက ဇူလိုင် ၂၂ ရက်တွင် ကြေညာချက်၌ ဖော်ပြထားသည်။ နာရီနှင့်ချီ ကြာမြင့်သည့် အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် အကျဉ်းဦးစီးဌာနနှင့် ရဲတပ်ဖွဲ့က အခြေအနေများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဓိကရုဏ်းများမှာ အကျဉ်းထောင်အတွင်း ဂိုဏ်းဂဏများအကြား ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။

အကျဉ်းဦးစီးဌာန တာဝန်ခံအသစ်တစ်ဦးကို ခန့်အပ်ထားပြီး တစ်နိုင်ငံလုံး အကျဉ်းထောင်စနစ်တွင် အရေးပေါ်အခြေအနေကျင့်သုံးမည်ဖြစ်ပြီး ဘက်ပေါင်းစုံ အကျဉ်းထောင်စည်းကမ်းများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အီကွေဒေါ သမ္မတ Guillermo Lasso က ဇူလိုင် ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အစိုးရက အမည်းဂိုဏ်းရာဇဝတ်မှုများကို အစွမ်းကုန်တိုက်ဖျက်သွားမည်ဖြစ်ပြီး လူမှုလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ကာကွယ်ထိန်းသိမ်းသွားမည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အီကွေဒေါ ရဲတပ်ဖွဲ့က ထောင်ဖောက်ပြေးသည့် လူအရေအတွက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ အဓိကရုဏ်းအတွင်း ထောင်ပြေးသူ ၇၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၂ ရက် ညနေပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

အီကွေဒေါနိုင်ငံ၏ အကျဉ်းထောင်စနစ်သည် ကာလကြာရှည်စွာ အကျဉ်းသားဦးရေ အတိုင်းထက်အလွန်များပြားခြင်း၊ အသုံးစရိတ် မလုံလောက်ခြင်း စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ အီကွေဒေါအစိုးရ၏ ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသား ၃၉,၀၀၀ ကျော် ရှိရာ သတ်မှတ်ထားသည်ထက် ၂၉ ရာခိုင်နှုန်းကျော်လွန်နေကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)厄瓜多尔两所监狱发生暴乱致22人死亡
2021-07-23 09:39:12
新华社墨西哥城7月22日电(记者王钟毅)基多消息:厄瓜多尔政府部长亚历山德拉•贝拉22日下午举行新闻发布会说,厄两所监狱21日晚发生暴乱,至少22名在押犯人死亡,数十人受伤。
厄瓜多尔监狱管理局22日发表声明说,发生暴乱的两所监狱分别位于瓜亚斯省和科托帕希省。暴乱持续数小时后,监狱管理人员和警方重新控制了局面。据当地媒体报道,暴乱是由囚犯帮派争斗引发。
厄总统拉索22日在新闻发布会上宣布,政府已任命新的监狱管理局负责人,并在全国监狱系统实施紧急状态,以调动各类资源维护监狱秩序。他表示,政府将全力打击黑帮犯罪,维护社会安全和法治。
目前厄瓜多尔警方没有公布具体的越狱人数。厄国家警察22日下午在社交媒体发布消息说,警方已抓获78名在暴乱中越狱的逃犯。
厄瓜多尔监狱系统长期面临囚犯超员和经费不足等问题。厄政府本月初公布的数据显示,厄监狱共关押囚犯3.9万多名,超员29%。(完)
图说1:2月23日,士兵在厄瓜多尔瓜亚基尔发生暴乱的监狱附近警戒。 新华社发