Connect with us

Asia

အီရန်မီဒီယာဝဘ်ဆိုက်များကို အမေရိကန် ပိတ်ပစ်ခြင်းက နျူကလီးယားအရေး ဆွေးနွေးမှုအတွက် အပြုသဘောမဆောင်ဟု အီရန် ပြောကြား

အီရန် သမ္မတအဖြစ် ရွေးကောက်တင်မြေှာက်ခံရသည့် အီဘရာဟင်လီဘီ(Ebrahim Raisi)အား ဇွန် ၂၁ ရက်က တီဟီရန်ရွေးကောက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အီရန် မီဒီယာဝဘ်ဆိုက်များကို အမေရိကန် အစိုးရဘက်က ပိတ်ပစ်ခဲ့ခြင်းအပေါ် အီရန်အစိုးရက ဇွန် ၂၃ ရက်တွင် ဝေဖန်ခဲ့ပြီး ၎င်းလုပ်ရပ်သည် ပြုလုပ်နေဆဲဖြစ်သည့် အီရန် နျူကလီးယား ဘက်စုံသဘောတူညီချက် သက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုအတွက် အပြုသဘောမဆောင်ကြောင်း အလေးထားပြောကြားခဲ့သည်။နိုင်ငံတကာ၊ ဥပဒေနည်းလမ်းဖြင့် အမေရိကန်၏မှားယွင်းသည့် ဤလုပ်ဆောင်ချက်ကို ပြစ်တင်ရှုတ်ချသွားမည်ဟု အီရန်သမ္မတရုံးညွှန်ကြားရေးမှူး Mahmoud Vaeziက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အီရန်အစ္စလာမ်စ်ရေဒီယိုနှင့်ရုပ်မြင်သံကြားပူးတွဲဌာန(IRTVU)တို့ အသုံးပြုသည့် ဝဘ်ဆိုက်(၃၃)ခုနှင့် ရှီယာလက်နက်ကိုင်အဖွဲ့ Kata’ib Hizballah (KH)၏ဝဘ်ဆိုက်(၃)ခုသည် ပိတ်ဆို့မှုစာရင်းပါ သတ်မှတ်ချက်အား ချိုးဖောက်ရာရောက်သည်ဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပစ်မည်ဟု အမေရိကန် တရားရေးဌာနက ဇွန် ၂၂ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါဝဘ်ဆိုက်ဒိုမိန်းအမည်များသည် အမေရိကန်ကုမ္ပဏီလုပ်ငန်းပိုင်ဖြစ်ပြီး ယင်းဒိုမိန်းများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများကိုမူ အမေရိကန်တရားရေးဌာနက ရှင်းလင်းစွာ ညွှန်ပြပြောဆိုခြင်း မရှိကြောင်း သိရသည်။

Press TVအပါအဝင် အီရန်အစိုးရမီဒီယာဝဘ်ဆိုက်များကို ဇွန် ၂၂ ရက်တွင် ကြည့်ရှု၍မရကြောင်း ၊ အချို့ မီဒီယာဝဘ်ဆိုက်များကို အီရန်ဒိုမိန်းနာမည်ပြောင်းပြီးမှ ပုံမှန်ကြည့်ရှု၍ရကြောင်း အချို့သတင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဝဘ်ဆိုက် ပိတ်ခံရသည့် အီရန်ပြည်သူ့အသံလွှင့်ဌာန(IRIB)က အမေရိကန်သည် လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ထားပြီး အီရန်မီဒီယာများက အမေရိကန်ဒေသတွင်းမဟာမိတ်များ ကျူးလွန်သည့် ပြစ်မှုအား ထုတ်ဖော်မည်ကို တားဆီးရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ထိုမတိုင်မီ အီရန်အစ္စလာမ်စ်ရေဒီယိုနှင့်ရုပ်မြင်သံကြားပူးတွဲဌာန(IRTVU) နှင့်Kata’ib Hizballah (KH)ကို အမေရိကန်က ပစ်မှတ်ထားပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းခဲ့ပြီး Kata’ib Hizballah (KH)ကို အကြမ်းဖက်အဖြစ် သတ်မှတ်ခဲ့ရာ အမေရိကန် ကုမ္ပဏီလုပ်ငန်း သို့မဟုတ် လူပုဂ္ဂိုလ်များကို ဤအဖွဲ့အစည်းများနှင့် စီးပွားရေးအသွားအလာလုပ်ခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်သည် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီနိုင်ငံများနှင့် အီရန်နျူကလီးယားသဘောတူညီချက် ရရှိခဲ့သည်။ သဘောတူညီချက်အရ နျူကလီးယားအစီအစဉ်ကို အကန့်အသတ်ဖြင့် ဆောင်ရွက်ရန် အီရန်က ကတိပြုထားပြီး နိုင်ငံတကာအသိုက်အဝန်းက အီရန်အပေါ် ပိတ်ဆို့မှုများအား ဖယ်ရှားပေးရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်အစိုးရ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် ပိတ်ဆို့မှုများ၊ ထပ်တိုးအသစ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေလမှစ၍ နျူကလီးယားသဘောတူညီချက်ပါအကြောင်းအရာအချို့ကို အီရန်က လိုက်နာရန် ရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အခြေအနေအပြောင်းအလဲရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့်အီရန် နှစ်နိုင်ငံအကြား သဘောတူညီချက်ကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ညှိနှိုင်းဖို့အတွက် သက်ဆိုင်ရာဘက်ပေါင်းစုံက ယခုနှစ် ဧပြီလမှစ၍ ဗီယင်နာမြို့တွင် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲက တိုးတက်မှုရှိသော်လည်း အတားအဆီးအချို့ကို ကျော်လွှားဖို့လိုနေဆဲဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maasက ဇွန် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
—————————————-
(Chinese Version)

伊朗说美国关闭伊朗媒体网站对伊核会谈“无建设性”

新华社北京6月24日电(记者安晓萌)伊朗政府23日批评美国政府关闭多家伊朗媒体网站,强调这种做法对正在举行的伊朗核问题全面协议相关方会谈“不具有建设性”。

伊朗总统办公室主任马哈茂德•瓦埃齐当天说,伊方会采用所有国际和法律手段谴责美国这一错误举动。
美国司法部22日宣布关闭33家由伊朗伊斯兰广播与电视联盟运营的网站和3家由什叶派武装组织“真主旅”运营的网站,理由是“违反制裁”。这些网站域名均为美国企业所有。美司法部没有指明拥有这些域名的企业。

一些媒体报道,包括伊朗新闻电视台在内的一些伊朗官方媒体网站22日无法访问,部分媒体网站在使用伊朗域名后可以正常浏览。受关闭网站影响的伊朗伊斯兰共和国广播电视台谴责美国压制言论自由,企图阻止伊朗媒体“曝光美国地区盟友的罪行”。
美国先前把伊朗伊斯兰广播与电视联盟和“真主旅”列为制裁对象,认定“真主旅”为恐怖组织,意味着美国企业或个人不得与这些组织有商业往来。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。

为讨论美伊两国恢复履约事宜,伊核协议相关方今年4月初开始在奥地利维也纳举行多轮会谈。
德国外交部长海科•马斯23日说,会谈取得进展,但仍需克服一些障碍。

6月21日,伊朗当选总统易卜拉欣•莱希在德黑兰出席当选后的首场新闻发布会。(新华社发,艾哈迈德•哈拉比萨斯摄)