Connect with us

China

တရုတ်နိုင်ငံ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲများ ကျင်းပမည့်အားကစားရုံအားလုံး ဆောက်လုပ်ပြီးစီး

ဟန်ကျိုးအိုလံပစ်အားကစားရုံများအား ၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှောက်ရှင်း ဘေ့စ်(ဆော့ဖ်)ဘော အားကစားယဉ်ကျေးမှုစင်တာ၊ ရှောက်ရှင်းဟဲချောင်ယန်ဆန်း ကျောက်တောင်တက်စခန်းတို့တွင် ပွဲလက်ခံကျင်းပခြင်း အရည်အသွေးစစ်ဆေးမှုမှ မတ် ၃၁ ရက်က ပြီးစီးခဲ့ကြောင်း သိရသည်။ အချိန် ၅ နှစ်ကြာ တည်ဆောက်ခဲ့သည့် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ အားကစားရုံ ၅၆ ခုလုံး အပြည့်အဝ ဆောက်လုပ်ပြီးစီး၍ ပြိုင်ပွဲကျင်းပခြင်း အရည်အသွေးစစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရသည်။

ချန်ထန်စကိတ်စင်တာအား၂၀၂၁ ခုနှစ် စက်တင်ဘာ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

ဟန်ကျိုး အိုလံပစ်အားကစားစင်တာ၊ တင်းနစ်စင်တာအား ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကွန်စုတူးမြောင်းအားကစားရုံကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

ဝမ်ကျိုးအားကစားစင်တာအားကစားကွင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

 

ဟန်ကျိုးအီလက်ထရောနစ်အားကစားစင်တာကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဟန်ကျိုးအာရှအားကစားကော်မတီ)

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ လဘ်ကောင်လေးများအား ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲသည် “ဟန်ကျိုးကို အဓိကထားပြီး ပြည်နယ်တစ်ခုလုံးမျှဝေခံစားခြင်း” ဟူသော အခြေခံမူဖြင့် စုစုပေါင်း အားကစားရုံ ၅၆ ခုရှိရာ ၎င်းတို့အား ဟန်ကျိုး ၊နင်းပေါ၊ ဝမ်ကျိုး၊ ကျင်းဟွာ၊ ဟူကျိုးနှင့် ရှောက်ရှင်း တို့တွင် အသီးသီးတာဝန်ဖြန့်ကျက်ထားကြောင်း သိရသည်။ ၎င်းတို့အနက် အသစ်တည်ဆောက်သော အားကစားရုံ ၁၂ ခု၊ ပြုပြင်ထားသော အားကစားရုံ ၂၆ ခု၊ ယခင်တည်ဆောက်ဆဲ အဆောက်အအုံအား ဆက်လက်တည်ဆောက်ထားသည့် အားကစားရုံ ၉ ခု၊ ယာယီအားကစားရုံ ၉ ခု ပါဝင်သည့်အပြင် လေ့ကျင့်ရေးကွင်း ၃၁ ခု၊ အာရှအားကစားကျေးရွာ ၁ ခုနှင့် အားကစားသမားကျေးရွာခွဲ ၄ ခု ရှိကြောင်း သိရသည်။ အားကစားရုံတည်ဆောက်မှုသည် “အစိမ်းရောင်၊ စမတ်ကျခြင်း၊ ချွေတာပြီး ယဉ်ကျေးသည့်” ပြိုင်ပွဲကျင်းပခြင်း အတွေးအမြင်ကို လက်ကိုင်ပြုကာ ပြိုင်ပွဲလိုအပ်ချက် ဖြည့်ဆည်းမှုကို အာမခံပြီး မြို့တော်တည်ဆောက်မှု မြှင့်တင်ခြင်း၊ မြို့တော်အသွင်သဏ္ဍာန် ပြသခြင်း၊ ပြည်သူများအား ဝန်ဆောင်မှုပေးခြင်း စသည်တို့ရည်ရွယ်ထားသည့် အာရှအားကစားရုံ “ဟန်ကျိုးနမူနာ” အဖြစ်ဖန်တီးရန် ကြိုးပမ်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
3月31日,绍兴棒(垒)球体育文化中心、绍兴柯桥羊山攀岩基地先后通过赛事功能验收。至此,历时近5年建设后,杭州2022年亚运会、亚残运会56个竞赛场馆全面竣工并通过赛事功能综合验收。
杭州亚运会、亚残运会共建设56个竞赛场馆,以“杭州为主,全省共享”的原则,分布在杭州、宁波、温州、金华、绍兴、湖州各地。其中,新建场馆12个、改造场馆26个、续建场馆9个、临建场馆9个。另有31个训练场馆、1个亚运村和4个亚运分村(运动员分村)。场馆建设秉承“绿色、智能、节俭、文明”办赛理念,确保满足赛事要求,着力打造亚运场馆建设的“杭州样板”,助推城市建设,展现城市形象,服务市民群众。
图说1-这是2021年8月2日拍摄的杭州奥体中心场馆群(无人机照片)。新华社发(杭州亚组委供图)
图说2- 这是2021年9月23日拍摄的钱塘轮滑中心。 新华社发(杭州亚组委供图)
图说3- 这是2022年3月30日拍摄的杭州奥体中心网球中心(无人机照片)。 新华社记者 黄宗治 摄
图说4-这是2021年9月22日拍摄的拱墅运河体育公园体育场。新华社发(杭州亚组委供图)

图说4-这是2021年9月28日拍摄的温州体育中心体育场(无人机照片)。新华社发(杭州亚组委供图)

图说5- 这是2021年12月27日拍摄的杭州电竞中心(无人机照片)。新华社发(杭州亚组委供图)

图说6-这是2022年3月28日拍摄的淳安界首体育中心自行车馆(无人机照片)。 新华社发(周恒忠 摄)
图说7-这是2022年3月29日在桐庐马术中心观众看台拍摄的杭州亚运会吉祥物宸宸、琮琮、莲莲(从左至右)。新华社记者 黄宗治 摄