Connect with us

China

အမေရိကန်အနေဖြင့် လူနည်းစုအာရှတိုက်သားများကို အကြမ်းဖက်မှုမှကင်းဝေးရန် ကာကွယ်မှုပေးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြေရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား တွေ့ရစဉ် (Photo from the Foreign Ministry website)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာများကို ထိထိရောက်ရောက် ကိုင်သွယ်ဖြေရှင်းသင့်ကြောင်း၊ အာရှတိုက်သား အပါအဝင် တိုင်းရင်းသားလူနည်းစုများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးပြီး ၎င်းတို့အား အကြမ်းဖက်မှုနှင့် ကြောက်လန့်နေရမှုများမှ ကင်းဝေးရန် ကာကွယ်ပေးသင့်ကြောင်းနှင့် ၎င်းတို့အကျိုးခံစားခွင့်ရှိသည့် တန်းတူညီမျှတဲ့အခွင့်အရေးများကို ဖန်တီးပေးရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အာရှတိုက်သားဆန့်ကျင်ရေး ပြုမှုပြောဆိုမှုများ လှုံဆော်ခြင်းမှ ရှောင်းရှားရန် အမေရိကန် တရားရေးရာဝန်ကြီးဌာနက “China Initiative” ကို မကြာသေးမီရက်များတွင် ပြန်လည်ဆန်းစစ်ချိန်ညှိခြင်းများ စတင်ခဲ့ကြောင်းနှင့် နယူးယောက်ရှိ တောင်ကိုးရီးယား ကောင်စစ်ဝန်ချုပ် Jung Byung-hwa က မကြာမီတွင် နယူးယောက်မြို့ အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး အာရှတိုက်သားများကို အမုန်းထား ပြစ်မှုကျူးလွန်ခြင်းအပေါ် တက်ကြွစွာတားဆီးကာကွယ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

““China Initiative”ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံထဲမှာ ဖြစ်နေတဲ့အာရှတိုက်သားအပေါ်မောက်မောက်မာမာဆန့်ကျင်တဲ့ပြုမူပြောဆိုမှုတွေဟာအမေရိကန်ရဲ့စနစ်တကျ လူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့အမေရိကန်နိုင်ငံထဲမှာ အမြစ်သွယ် ကုစားရခက်တဲ့ လူမှုရေး ရောဂါဘယ ကိုပေါ်လွင်စေတယ်” ဟု ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။

အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် အာရှတိုက်သားများအပေါ် ပစ်မှတ်ထားမုန်းတီးမှုကြောင့် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအရေအတွက်သည် ၇၆ ရာခိုင်နှုန်းအထိတိုးမြင့်လာကြောင်း၊ ပြီးခဲ့တဲ့နှစ်တွင် အမေရိကန်ရှိ အာရှတိုက်သားလူငယ် ၄ ပုံ ၁ ပုံ သည် လူမျိုးရေးခွဲခြားဆက်ဆံခံရမှု နှင့် ကြီးနိုင်ငယ်ညှဉ်း အနိုင်ကျင့်ခံခဲ့ရကြောင်း၊ ယင်းထိတ်လန့်ဖွယ်ကောင်းသည့် အချက်အလက်များမြင့်တက်လာမှုအပေါ် အာရှတိုက်နိုင်ငံများနှင့်နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် ဂရုပြု အာရုံစိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အမေရိကန်အနေနဲ့ နိုင်ငံထဲမှာ အဲဒီလိုမျိုးလူမျိုးရေးခွဲခြားဆက်ဆံခံရမှုတွေအပေါ်မိမိကိုယ်ကိုဝေဖန်ဆန်းစစ်သင့်ပါတယ်။နောက်ပြီးအာရှတိုက်သားတွေအပါအဝင် တိုင်းရင်းသားလူနည်းစုတွေရဲ့ တရားဝင်အခွင့်အရေး နဲ့ အကျိုးစီးပွားတွေကိုကာကွယ်နိုင်မယ့် တရားဥပဒေကို ပြဌာန်းသင့်ပါတယ်။ဒါ့အပြင် သူတို့ကို အကြမ်းဖက်ခံမှုတွေ ကြောက်လန့်နေရမှုတွေ ကနေ ကင်းဝေးအောင် အသေအချာကာကွယ်ပေးသင့်ပြီး တန်းတူညီမျှတဲ့အခွင့်အရေးတွေနဲ့ အကျိုးခံစားခွင့်တွေကို ဖန်တီးပေးသင့်ပါတယ်”ဟု ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(外事)外交部:美方应让亚裔等少数族裔远离暴力和恐惧
2022-02-17 18:15:02 分类: 政治法律
新华社北京2月17日电(记者朱超、董雪)外交部发言人汪文斌17日敦促美方切实纠正系统性种族歧视问题,维护保障包括亚裔群体在内的少数族裔的正当权益,让他们远离暴力和恐惧,享受应有的平等权利。
当日例行记者会上,有记者问:据报道,为避免煽动反亚裔言行,美国司法部近日启动了针对“中国行动计划”的审查。另据报道,韩国外交部称,韩驻纽约总领事郑秉和将于近日会见纽约市政府官员,要求纽约市政府积极预防反亚裔仇恨犯罪。发言人对此有何评论?
“无论是所谓‘中国行动计划’,还是美国内甚嚣尘上的反亚裔言行,都是美国内系统性种族歧视的体现,都反映出美国内根深蒂固的社会顽疾。”汪文斌说。
汪文斌说,数据显示,2020年,全美针对亚裔的仇恨犯罪案件数上升76%。过去一年中,四分之一的美国亚裔年轻人成为种族歧视和欺凌的目标。这些数据触目惊心,已经引起多个亚洲国家和国际社会的广泛关切。
“美方应该深刻反思,切实纠正系统性种族歧视问题,维护保障包括亚裔群体在内的少数族裔的正当权益,让他们远离暴力和恐惧,享受应有的平等权利。”他说。(完)