Connect with us

China

တရုတ် ကုမ္ပဏီများနှင့် App များအား အိန္ဒိယနိုင်ငံ၏ ဖိနှိပ်မှုအပေါ် တရုတ်နိုင်ငံက လွန်စွာစိုးရိမ်နေ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ဝင်ပေါက်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ် ကုမ္ပဏီများနှင့် ဆက်စပ်သော App များအား အိန္ဒိယနိုင်ငံက ဖိနှိပ်မှုများနှင့်ပတ်သက်၍ အလွန်ပင် စိုးရိမ်ပူပန်မိကြောင်း၊ ယင်းအပြုအမူများသည် တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများအား ပျက်စီးစေကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။

“တရုတ်ကုမ္ပဏီတွေအပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူတွေက အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်နေတာကိုကျွန်တော်တို့ သတိပြုမိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ ပြောရေးဆိုခွင့်ရှိသူ Gao Feng က သတင်းစာရှင်းလင်းပွဲ၌ အိန္ဒိယနိုင်ငံမှ တရုတ် apps များအပေါ် တားမြစ်မှုနှင့်ပတ်သက်၍ မေးမြန်းချက်အပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အိန္ဒိယအနေနဲ့ သူ့ရဲ့ စီးပွားရေးအခြေအနေကို တိုးတက်စေဖို့၊ တရုတ်ကုမ္ပဏီတွေ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူအားလုံးအပေါ် သာတူညီမျှ၊ ပွင့်လင်းမြင်သာမှုရှိရှိ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆက်ဆံဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အရေးပါသော စီးပွားရေးမိတ်ဖက်နိုင်ငံများ ဖြစ်ကြကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းရေး အပြုသဘောဆောင်သော စီမံဆောင်ရွက်မှုများကို ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း Gao က ပြောခဲ့သည်။

၂၀၂၁ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်ကထက် ၄၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂၅.၇ ဘီလီယံရှိခဲ့ကြောင်း MOC အရ သိရသည်။ (Xinhua)

………………………………………
(English Version)
China seriously concerned over India’s crackdowns on Chinese companies, apps
Source: Xinhua
Editor: huaxia
2022-02-17 22:32:13

BEIJING, Feb. 17 (Xinhua) — China’s commerce ministry on Thursday expressed serious concerns over India’s crackdowns on Chinese companies and related apps, saying the behaviors have damaged legitimate rights and interests of Chinese companies.
“We noticed that foreign investors, including Chinese companies, are increasingly worried about the investment environment in India,” said Gao Feng, spokesperson for the Ministry of Commerce (MOC), at a press conference when answering questions regarding the ban of Chinese apps by India.
“We hope India will improve its business climate and treat all foreign investors, including Chinese companies, equally, transparently and without discrimination,” he said.
Noting that China and India are important economic partners, Gao said he hoped that India would take concrete measures to maintain a good momentum for bilateral economic and trade cooperation.
In 2021, bilateral trade surged 43 percent year on year to hit 125.7 billion U.S. dollars, according to the MOC. ■

Photo : File photo shows the entrance to the Chinese Ministry of Commerce (MOC) in Beijing, capital of China. (Xinhua/Li He)