Connect with us

CHINA

တရုတ်နိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ တိုင်းရင်းဆေးပညာရှင်အဖွဲ့ မ္ဘောဒီးယားသို့ ရောက်ရှိ

တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ မတ် ၁၆ ရက်က ရောက်ရှိစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကူညီရန် မတ် ၁၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်သို့ ရောက်ရှိခဲ့သည်။ တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယားတွင် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီများကို ရေတိုကာလအတွင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ ဆေးပညာရှင် ၁၂ ဦးပါဝင်သောအဖွဲ့သည် တရုတ်တိုင်းရင်းဆေးပညာကောလိပ် Xiyuan ဆေးရုံမှ အသက်ရှူလမ်းကြောင်း၊ နှလုံးသွေးကြောနှင့် အပ်စိုက်ကုသရေး စသည့်ဌာနတို့မှဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်ထားသည့် Tboung Khmum ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးဆေးရုံကြီတွင် ဆေးဘက်ဆိုင်ရာအကူအညီများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားသို့ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ စေလွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Wu Guoquan သည် လေဆိပ်သို့သွားရောက်ကာ တရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့ကို ကြိုဆိုခဲ့သည်။ ပညာရှင်အဖွဲ့မှ အဖွဲ့ဝင်များအားလုံးသည် တရုတ်တိုင်းရင်းဆေးပညာ၏ စေတနာကောင်း၊ ကုထုံးကောင်းဓလေ့ကို လက်ကိုင်ပြုပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားဆေးဘက်ဆိုင်ရာအကူအညီပေးရေးစိတ်ဓာတ်ကို ရှေ့တန်းတင်ကာ အရည်အသွေးမြင့် တရုတ်တိုင်းရင်းဆေး ဝန်ဆောင်မှုများဖြင့် နှစ်နိုင်ငံအကြား ကျန်းမာရေးနယ်ပယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတွင် အပြုသဘောဆောင်သော အကျိုးဆောင်မှုများ ပြုလုပ်နိုင်မည်ကို မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာန အတွင်းရေးမှူး Oeun Boraroth က လေဆိပ်တွင် တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ရောက်ရှိလာခြင်းကို ကြိုဆိုခဲ့ပြီးတရုတ်တိုင်းရင်းဆေးပညာရှင်အဖွဲ့သည် ကမ္ဘောဒီးယား ဆရာဝန်များအား တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ မျှဝေရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားသို့ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်တိုင်းရင်းဆေး အများအပြား ပံ့ပိုးပေးသည်အတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်တိုင်းရင်းဆေးသည် ကိုဗစ်ရောဂါ ထိန်းချုပ်ကုသရာတွင် ထိရောက်မှုရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။
ပညာရှင်အဖွဲ့ခေါင်းဆောင် Xu Fengqin က ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံအတွက် တရုတ်တိုင်းရင်းဆေးဝါးများ၊ တရုတ်-အနောက်တိုင်း ပေါင်းစပ်ထားသော ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများနှင့် တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများ ပံ့ပိုးပေးမည့်အပြင် ကမ္ဘောဒီးယားဆေးဘက်ဆိုင်ရာဝန်ထမ်းများကိုလည်း ဒေသခံများအတွက် ကိုဗစ်အပါအဝင် အဖြစ်များသောရောဂါများ ကာကွယ်ကုသရေးစသည်တို့ကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
中国援柬中医抗疫专家组抵达柬埔寨
2022-03-16 23:00:42 来源: 新华网
新华社金边3月16日电(记者吴长伟)中国援柬埔寨中医抗疫专家组16日抵达柬埔寨首都金边,专家组将在柬开展短期对外医疗援助,助力柬埔寨抗疫。
据了解,专家组共有12名队员,分别来自中国中医科学院西苑医院呼吸科、心血管科、针灸科等科室,依托中方援建的考斯玛中柬友谊医院开展对外医疗援助,后续中国还将派遣中医抗疫医疗队赴柬埔寨工作。
中国驻柬埔寨大使馆经商参赞邬国权到机场迎接中医抗疫专家组。他希望全体专家组成员秉承中医仁心仁术的优良传统,发扬中国援外医疗精神,以优质的中医药服务为中柬卫生健康领域合作及两国友好关系作出积极贡献。
柬埔寨卫生部国务秘书纳博拉罗特在机场欢迎专家组的到来,表示中医专家将在与柬埔寨医生分享中国抗疫经验方面发挥重要作用。他还感谢中国向柬埔寨提供了大量抗疫中医药,称赞中药在治理新冠方面有着较好疗效。
专家组领队徐凤芹说,专家组不仅向柬埔寨提供中医药和中西医结合等医疗服务,推广“三药三方”的中医药抗疫经验,还将培训柬医务人员,制定有针对性的培训手册和课程,为当地人民提供包括新冠肺炎在内的常见疾病的防治和康复服务。
图说- 3月16日,中国援柬埔寨中医抗疫专家组抵达柬埔寨首都金边。新华社发(批隆 摄)