Connect with us

Eastern Europe

ကမ္ဘာတစ်ဝန်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထိန်းချုပ်ထားသည့် ဇီဝဓာတ်ခွဲခန်း ၃၀၀ ကျော်တွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်မှုတွေ ဘယ်လောက်ရှိသလဲ

ယူကရိန်း အနောက်ပိုင်း Lviv Oblast ပြည်နယ်၌ ကျင်းပသော အမေရိကန် တပ်ဖွဲ့ဝင်များပါဝင်သည့် “Rapid Trident 2021” အမည်ရှိ နိုင်ငံပေါင်းစုံ ပူးတွဲတပ်ဖွဲ့စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ယခုကာလများတွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ယူကရိန်းနိုင်ငံရှိ ဇီဝဓာတ်ခွဲခန်းနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အထူးဂရုပြုနေကြသည်။ အမေရိကန်နိုင်ငံ၏ ပြည်တွင်းပြည်ပ ဇီဝစစ်ရေးအသွင်ပြောင်းလှုပ်ရှားမှုနှင့် စပ်လျဉ်းသည့် သတင်းများ အဆက်မပြတ်ထွက်ပေါ်နေပြီး ယင်းလှုပ်ရှားမှုများ၏ ပွင့်လင်းမြင်သာခြင်းမရှိမှု၊ အန္တရာယ်မကင်းမှု၊ တရားမဝင်မှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်တကြီး သံသယဖြင့် စောင့်ကြည့်လျက်ရှိနေသည်။ယူကရိန်းနိုင်ငံ၌ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်နေသောဇီဝစစ်ဆင်ရေးအစီအစဉ်များကို ရုရှားနိုင်ငံက တွေ့ရှိထားပြီး သက်သေအထောက်အထားအများအပြားရရှိထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က မကြာသေးမီတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အမေရိကန်သည် ယူကရိန်းရှိ ဇီဝဓါတ်ခွဲခန်းများအတွင်း လင်းနို့မှ ကူးစက်သည့် ကိုရိုနာဗိုင်းရပ်စ် နမူနာများကို စမ်းသပ်မှုများ ဖန်တီးလုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov က ပြောကြားခဲ့သည်။ ယင်းပြောကြားမှုနှင့်ပတ်သက်၍ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Psaki က ဆိုရှယ်မီဒီယာတွင် ငြင်းဆိုခဲ့သည်။ အမေရိကန်မှ ထုတ်ပြန်သည့် အချက်အလက်များအရ အမေရိကန်သည် ယူကရိန်းတွင် ဇီဝဓာတ်ခွဲခန်းနှင့် အခြားသက်ဆိုင်ရာ အဆောက်အအုံ ၂၆ ခုရှိပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည့်အဝထိန်းချုပ်ခွင့်ရှိကြောင်း သိရသည်။ ယူကရိန်းနိုင်ငံအတွင်း အန္တရာယ်ရှိသော ဗိုင်းရပ်စ်အားလုံးကို ထိုဓါတ်ခွဲခန်းများတွင် သိုလှောင်ထားပြီး သုတေသနလှုပ်ရှားမှုအားလုံးကို အမေရိကန်က ဦးဆောင်နေခြင်းဖြစ်ရာ ၎င်း၏ခွင့်ပြုချက်မရှိဘဲ ထုတ်ပြန်ခွင့်မရှိကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ပရေးရာဌာန၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland က ယူကရိန်းတွင် “ဇီဝဗေဒ သုတေသနအဆောက်အအုံများ” ရှိကြောင်းကိုသာ ခပ်တိုတိုပင်ဝန်ခံမှုပြလုပ်ခဲ့သည်။ သို့သော် အချက်အလက်များအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် “ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇီဝလုံခြုံရေးအန္တရာယ်လျှော့ချခြင်း”၊ “ကမ္ဘာလုံးဆိုင်ပြည်သူ့ကျန်းမာရေးကဏ္ဍ အားကောင်းအောင်ဆောင်ရွက်ခြင်း” စသည့် အမည်နာမများဖြင့် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၀ ရှိ ဇီဝဓါတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ထားကြောင်း သိရသည်။ ထိုကဲ့သို့ များပြားသောအရေအတွက်ကို ပြင်ပကမ္ဘာမှ အနည်းငယ်သာသိရှိထားသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယူကရိန်းတွင်ရှိသော အမေရိကန်၏ ဇီဝစစ်ရေးလှုပ်ရှားမှုသည် တစ်စိတ်တစ်ပိုင်းအနည်းငယ်သာ ဖြစ်နိုင်သည်ဟု သံသယဖြင့် ဝေဖန်လျက်ရှိသည်။

အမေရိကန်၏ လုပ်ဆောင်မှုသည် ပွင့်လင်းမြင်သာမှုမရှိ

အမေရိကန်၏ ဇီဝဓါတ်ခွဲခန်းများသည် အချိန်ကြာမြင့်စွာ မြူထူများဖြင့် ဖုံးလွှမ်းလျှို့ဝှက်ထားပြီး အမေရိကန်က ယင်းဓါတ်ခွဲခန်းများကို “ငြိမ်းချမ်းရေးရည်ရွယ်ချက်” နှင့် “ပူးပေါင်းဆောင်ရွက်မှု” လုပ်ငန်းစဉ်တွင် အသုံးပြုရန်ဖြစ်သည်ဟု အကြိမ်ကြိမ်ငြင်းဆိုပြောကြားခဲ့သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်လျှို့ဝှက်ထားရသနည်း။ အမည်ခံအကျိုးပြုမှုက အမေရိကန်၏ လုပ်ထုံးလုပ်နည်းမဟုတ်ပေ။ အမေရိကန်၏ ပြည်ပ “ဇီဝဓါတ်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်” တွင် ပြည်ပနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်သွယ်သည့်ဌာနမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်သည်။ တစ်နည်းဆိုရသော် ၎င်းသည် ကြားနေအရပ်သား သိပ္ပံနည်းကျ သုတေသန အဖွဲ့အစည်းမဟုတ်ဘဲ ပင်တဂွန်၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ အဖွဲ့အစည်းမှ တိုက်ရိုက်ထောက်ပံ့၊ စီမံခန့်ခွဲပြီး လည်ပတ်နေခြင်းဖြစ်သည်။

အမေရိကန်သည် ယူကရိန်းတွင် ဇီဝဓာတ်ခွဲခန်းများ တည်ဆောက်ရန်နှင့် ခေတ်နှင့်လျော်ညီမှုရှိစေရန် ပြုပြင်ခြင်းအတွက် ၂၀၀၅ ခုနှစ်ကတည်းက နည်းပညာပံ့ပိုးပေးခဲ့သည်။ ယူကရိန်းဆိုင်ရာ အမေရိကန်သံရုံးသည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၎င်း၏ဝက်ဘ်ဆိုက်ပေါ်ရှိ သက်ဆိုင်ရာအချက်အလက်များကို အရေးပေါ်ဖျက်ဆီးပစ်ခဲ့သည်။ ဘူလ်ဂေးရီးယား စုံစမ်းစစ်ဆေးရေး သတင်းထောက် Gatangieva က အမေရိကန်ဘက်မှ ဤသို့လုပ်ဆောင်ရခြင်းသည် ထိုဓာတ်ခွဲခန်းအတွင်း လုပ်ဆောင်နေသည့်အကြောင်းအရာများကို ပြင်ပမှသိရှိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

အမေရိကန်ရှိ Fort Detrick အခြေစိုက်စခန်းတွင် ဇီဝစစ်ရေးလှုပ်ရှားမှုများသည်လည်း သံသယများစွာရှိပြီး အမေရိကန်မီဒီယာများကပင် ၎င်းအား “အမေရိကန်အစိုးရမှ အမှောင်မိုက်ဆုံးစမ်းသပ်မှုများ ပြုလုပ်ရာစင်တာ ” ဟုပင် ခေါ်ဆိုခဲ့ကြသည်။ ယင်းအခြေစိုက်စခန်းတွင် လုံခြုံရေးဆိုင်ရာ အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်က ပိတ်သိမ်းခြင်းခံရဖူးသည်။ ပြည်တွင်းပြည်ပ ပြင်းထန်သော စိုးရိမ်ဂရုပြုမှုနှင့် သံသယများ ရင်ဆိုင်နေရသော်လည်း အမေရိကန် အစိုးရသည် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းမရှိသလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ စုံစမ်းစစ်ဆေးမှုကို လက်ခံရန် ဆန္ဒလည်းမရှိခဲ့ပေ။ ယင်းနောက်ကွယ်တွင် မည်သည့်အရာကို လျှို့ဝှက်ထားပြီး မည်သို့သော ရည်ရွယ်ချက်ရှိပါသလဲကိုမူ မသိရပေ။

အမေရိကန်၏ လုပ်ဆောင်မှုသည် လုံခြုံမှုမရှိ

အမေရိကန် ဇီဝဓာတ်ခွဲခန်းသည် သက်ဆိုင်ရာ ဒေသများရှိ လူများ၏ လုံခြုံရေးအပေါ် ဆိုးရွားသောခြိမ်းခြောက်မှု ဖြစ်နိုင်သည်။ Fort Detrick အခြေစိုက်စခန်းသည် တောင်ကိုရီးယားတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်၏ ဇီဝဓာတုဓာတ်ခွဲခန်းသို့ ဇီဝလက်နက်အဖြစ်အသုံးပြုနိုင်သော anthrax ဘက်တီးရီးယားများ လွှဲပြောင်းခဲ့ရာ ထိတ်လန့်ကြောက်ရွံ့မှုများဖြစ်ပေါ်စေခဲ့သည်ဟုဆိုကာ တောင်ကိုးရီးယားက ၎င်းဓါတ်ခွဲခန်း ၂ ခုအား တရားစွဲခဲ့ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ရုရှားSatellite မှ သတင်းဖော်ပြချက်အရ သိရသည်။ အမေရိကန်၏ 《ဇီဝလက်နက်တိုက်ဖျက်ရေးဥပဒေ ၁၉၈၉》ကို ရေးဆွဲခဲ့သသည့် Illinois တက္ကသိုလ်မှ ပါမောက္ခ Francis Boyle က အမေရိကန်မှ ထောက်ပံ့သည့် ရာနှင့်ချီသော ပြည်တွင်းပြည်ပဓါတ်ခွဲခန်းရှိ သိပ္ပံပညာရှင် ၁၃,၀၀၀ ခန့်သည် ကာကွယ်ဆေးခံနိုင်ရည်နှင့် လူ့ခန္ဓာကိုယ်ကို ထိခိုက်စေမည့် အသွင်ပြောင်းမျိုးကွဲအသစ်များ တီထွင်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်မှ ထပ်မံဖွင့်လှစ်ထားသော ဇီဝဓာတ်ခွဲခန်းအသစ်အများစုသည် ယခင်ဆိုဗီယက်သမ္မတနိုင်ငံအချို့အပါအဝင် အာရှနှင့် အာဖရိကတွင် ရှိကြောင်းတွေ့ရသည်။ ယင်းဓာတ်ခွဲခန်းများကို အဘယ်ကြောင့် အမေရိကန်ပြည်တွင်းတွင် မဖွင့်လှစ်သလဲ? ကမ္ဘာပေါ်တွင် ကပ်ရောဂါအသစ်ဖြစ်ပွားခဲ့သည့် ဗဟိုအာရှဒေသသည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ပဇီဝဓာတ်ခွဲခန်းများ ဖွင့်လှစ်ရာနေရာနှင့် ကိုက်ညီမှုနှုန်း မြင့်မားကြောင်း ရုရှားနိုင်ငံ စားသုံးသူအခွင့်အရေး နှင့် လူသားကျန်းမာရေးလေ့လာစောင့်ကြည့်မှု ဌာန အကြီးအကဲ Anna Popov ကပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ဆောင်ချက်သည် တရားမဝင်

အမေရိကန် ဇီဝဓာတ်ခွဲခန်းများသည် “ငြိမ်းချမ်းသော သုတေသနပြုမှု” ခြုံလွှာဖြင့် စစ်ရေးအသွင်ပြောင်း ဇီဝလုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။ အမေရိကန်သည် ယခင်ကတည်းက ဇီဝလက်နက်အသုံးပြုသည့် သမိုင်းရှိခဲ့သည်။ သမိုင်းတွင်ဖော်ပြထားသည့် အမေရိကန်၏ ဇီဝလက်နက် သုတေသနစင်တာ Fort Detrick အခြေစိုက်စခန်းသည် တရုတ်နိုင်ငံကိုကျူးကျော်သည့် ဂျပန် “Unit 731” ၏ ဆိုးဝါးသောအမွေကိုဆက်ခံခဲ့သည်။ မကြာသေးမီနှစ်များအတွင်း CIA မှ ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများသည် အမေရိကန်က မြောက်ကိုရီးယားစစ်ပွဲတွင် ဇီဝလက်နက်များ အမှန်တကယ် အသုံးပြုခဲ့ကြောင်း ပြသနေသည်ဟု အမေရိကန်သမိုင်းပညာရှင် Jeffrey Kay က ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ဆင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းရာ၌ ပြောကြားခဲ့သည်။

“Fort Detrick က အမေရိကန်ရဲ့ ဇီဝလက်နက်သုတေသနစင်တာတစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်”
အမေရိကန်သည် ၁၉၇၅ ခုနှစ်တွင် ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်း (BWC )တွင် ပါဝင်ပြီးနောက်လည်း ယင်းအခြေစိုက်စခန်းသည် ဇီဝလက်နက်များကို ဆက်လက်တီထွင် သိမ်းဆည်းခဲ့သည်။ အကယ်၍ အမေရိကန်က BWC ကို အမှန်တကယ်လိုက်နာပါက၊ ၎င်းသည် အဘယ်ကြောင့် နိုင်ငံစုံစိစစ်ရေး ယန္တရား ထူထောင်ခြင်းကို နှစ် ၂၀ တိုင်တိုင် ဆန့်ကျင်နေရပါသနည်း။
ဇီဝစစ်ရေးအသွင်ပြောင်းမှုသည် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အကျိုးစီးပွားအပေါ် ထိခိုက်စေမည့် အဓိက ပြဿနာဖြစ်သည်။ လက်ရှိအခြေအနေအရ ကမ္ဘာတစ်ဝန်းရှိ လူများ၏ ကျန်းမာရေးနှင့် လုံခြုံရေး ရှုထောင့်မှကြည့်လျှင် အမေရိကန်သည် ဇီဝဓဓါတ်ခွဲခန်းများတွင် ဗိုင်းရပ်စ်ပိုးများ သိုလှောင်ထားရှိမှု၊ မည်သည့်သုတေသနများပြုလုပ်ခဲ့မှုနှင့် သက်ဆိုင်ရာအသေးစိတ်အချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်သင့်သည်။

အသက်အိုးအိမ်စည်းစိမ်ကို ဦးထိပ်ထား၍ ကျင့်ဝတ်ကိုစောင့်ထိန်းရမည်ဖြစ်ကြောင်း၊ အမေရိကန်သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများကို ပွင့်လင်းမြင်သာမှုပြီး တာဝန်ယူမှုရှိသည့်သဘောထားဖြင့် တုံ့ပြန်ဆောင်ရွက်သင့်ကြောင်းနှင့် ၎င်း၏ပြည်တွင်း၊ ပြည်ပဇီဝဓါတ်ခွဲခန်းများနှင့်ပတ်သက်၍ ဘက်စုံရှင်းလင်းပြောကြားမှုများ ပြုလုပ်ရန်၊ ဇီဝစစ်ရေးအသွင်ပြောင်းမှုအားလုံးကို ရပ်တန့်ရန်နှင့် နိုင်ငံစုံစစ်ဆေးမှုကို လက်သင့်ခံရန် ဆောင်ရွက်သင့်ပေသည်။ အမေရိကန်သည် အမှန်တရားကို ဖုန်းကွယ်ထားခြင်းမဟုတ်ဘဲ ကမ္ဘာ့ရှေ့မှောက် ဖော်ထုတ်သင့်သည်။ ဤကိစ္စသည် ဖြေရှင်းချက် တစ်ခွန်းနှစ်ခွန်းနှင့် ပြီးဆုံးနိုင်မည်မဟုတ်ပေ။ (Xinhua)

——————————-
(Chinese Version)

不透明 不安全 不合法——美国防部在全球控制300多个生物实验室藏了多少秘密?
新华社北京3月18日电 不透明 不安全 不合法——美国防部在全球控制300多个生物实验室藏了多少秘密?
新华社记者乔继红   近期美国国防部在乌克兰的生物实验室引发各方高度关注。多年来,有关美国在其境内外开展大量生物军事化活动的消息层出不穷,这些活动不透明、不安全、不合法,引发国际社会严重关切和疑虑。

俄罗斯国防部和外交部近日接连表示,俄方在军事行动中发现了由美国资助的、在乌克兰境内实施的军事生物计划,并已获得大量证据。俄罗斯国防部发言人科纳申科夫10日说,美国在乌克兰的生物实验室从事过蝙蝠冠状病毒样本实验。美国白宫发言人普萨基在社交媒体上予以否认。据美方自己公布的数据,美国在乌克兰有26个生物实验室和其他相关设施,美国国防部拥有绝对控制权。乌境内所有的危险病毒都必须存储在这些实验室,所有的研究活动都由美方主导。未经美方许可,任何信息都不得公开。

面对不断增加的质疑和指控,美国副国务卿维多利亚·纽兰日前只是简单承认,乌克兰有“生物研究设施”。然而,据统计,美国国防部以“合作减少生物安全风险”“加强全球公共卫生”等名义,在全球30个国家控制了336个生物实验室。数量如此众多,外界却对其知之甚少,国际社会对此广泛质疑:美国在乌克兰的生物军事活动或只是冰山一角。

美方做法不透明。美方生物实验室长期被罩上一层厚厚的迷雾。美国官方一再辩称这些实验室用于所谓“和平用途”“协同合作”,但为何对外秘而不宣?做好事不留名不是山姆大叔的风格。在美方许多海外“生物合作参与计划”中,与所在国卫生部门接洽的机构却是美国国防部。换言之,由五角大楼所辖机构直接出资、管理和运营在境外的生物实验室,而非中立的民用科研机构。

在乌克兰,据该国卫生部透露,从2005年开始,美方就为一些生物实验室的建造和现代化改造提供了技术支持。诡异的是,美国驻乌大使馆曾于2月底紧急删除了官网上的相关文件。保加利亚调查记者盖坦吉耶娃认为,美方反应表明,他们担心外界了解到美国在这些实验室中所做的事情。

在美国境内,德特里克堡生物基地同样疑点重重,就连美国媒体都将其称为“美政府进行最黑暗实验的中心”。该基地曾发生多起安全事故,并在2019年7月被关停过。然而,面对国内外强烈关切和质疑,美国政府始终选择避而不谈,不愿接受国际社会调查。这背后究竟有什么见不得光的秘密,又隐藏着什么不可告人的目的?

美方做法不安全。美方生物实验室可能对相关地区民众生命安全构成严重威胁。2021年9月,俄罗斯卫星通讯社报道称,韩国团体将驻韩美军的生化实验室和德特里克堡基地告上法庭,称德特里克堡曾15次向驻韩美军生化实验室发送可作为生化武器的炭疽病菌,引发恐惧。美国《1989年生物武器反恐法案》起草者、伊利诺伊大学教授弗朗西斯·博伊尔说,在美国设在境内外的数百个实验室中,约有1.3万名科学家致力于研发对疫苗有抗性、对人体有攻击性的新菌株。

从地点上看,美国海外新增生物实验室大多设在亚洲和非洲,包括一些原苏联加盟共和国。这些实验室为什么不设立在美国本土?俄罗斯联邦消费者权益保护和公益监督局局长安娜·波波娃曾表示,世界暴发新流行病的中亚地区分布图,与美国防部布局的海外生物实验室分布高度吻合。

美方做法不合法。美国生物实验室经常披着“和平研发”的外衣,从事生物军事活动。美国早有使用生化武器的“黑历史”。德特里克堡基地继承了侵华日军“731部队”的魔鬼遗产,历史上是美国生物武器计划的中心。美国历史学家杰弗里·凯2021年9月接受新华社采访时说,美国中央情报局近年来公布的文件“实锤”了美国在朝鲜战争中曾使用生物武器。“德特里克堡过去曾是、现在仍是美国生物战的研究中心。”美国1975年加入《禁止生物武器公约》后,仍在该基地继续研制和贮存生物战剂。更令人困惑的是,如果美国确实遵守了《禁止生物武器公约》,为什么20年来美国独家反对建立多边核查机制?
生物军事化活动是事关国际和平与安全、事关各国安全利益的重大问题。当前形势下,从全世界人民的健康和安全出发,美国应尽快公布相关具体情况,包括在全球哪些生物实验室里存储了哪些病毒、开展了哪些研究。
生命至上,道义为先。美方应以公开、透明、负责任的态度,认真回应国际社会关切,切实履行公约缔约国义务,对其境内外生物实验室作出全面澄清,停止一切生物军事化活动并接受多边核查。美方应还世界一个真相,不要一味掩盖。这不是一两句话就能应付过去的。
图说-2020年9月17日,美国士兵参加在乌克兰西部利沃夫州举行的代号为“快速三叉戟-2020”的多国联合军事演习开幕式。(新华社发)