Connect with us

China

တရုတ်-လာအို ရထားလမ်း၏ ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး စတင် ထွက်ခွာ

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး ရှောင်နန်ရား ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာမှ ထွက်ခွာသွားသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ မတ် ၃ ရက်(ဆင်ဟွာ)

ကုန်းလမ်း-ပင်လယ်ရေကြောင်း လမ်းနှစ်သွယ် ဆက်နွယ်ထားသည့် တရုတ်-လာအို ရထားလမ်း ကျန်းကျင်း- ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထားကြီးသည် ချုံချင့်မြို့ ကျန်းကျင်း လော့ဟွမ် ကုန်စည်သယ်ယူပို့ဆောင်ရေးဥယျာဉ်ဇုန်ရှိ ရှောင်နန်ရား ရထားလမ်းပို့ဆောင်ရေးစင်တာတွင် မတ် ၂ ရက် ညနေပိုင်းတွင် တရားဝင်စတင်ထွက်ခွာသွားပြီဖြစ်သည်။

ယင်းကုန်စည်ရထားသည် ကွန်တိန်နာ ၃၇ လုံး ၊ တန်ဖိုး ယွမ်ငွေ ၄ သန်းခန့်ရှိသည့်ကုန်ပစ္စည်းများကို သယ်ဆောင်သွားခြင်းဖြစ်ရာ အလှကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အများသုံးစက်ပစ္စည်း၊ နေ့စဉ်သုံး ကုန်စုံပစ္စည်းများပါဝင်ကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး ရှောင်နန်ရား ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာမှ ထွက်ခွာရန် စောင့်ဆိုင်းနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး ရှောင်နန်ရား ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာမှ ထွက်ခွာရန် စောင့်ဆိုင်းနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး ရှောင်နန်ရား ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာမှ ထွက်ခွာသွားသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး ရှောင်နန်ရား ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးစင်တာမှ ထွက်ခွာရန် စောင့်ဆိုင်းနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ကျန်းကျင်း-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထား ပထမဆုံး မထွက်ခွာမီ ရထားလမ်းဝန်ထမ်းက စစ်ဆေးနေသည်ကို မတ် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခင်က ချုံချင့်မှ လာအိုနိုင်ငံ ဗီယင်ကျန်းသို့ တင်ပို့သည် ထုတ်ကုန်ပစ္စည်းများသည် အဝေးပြေးလမ်းကို အားထားရပြီး ယူနန်ပြည်နယ် မိုဟန်နယ်စပ်ဂိတ်မှတစ်ဆင့် လာအိုနိုင်ငံ ဗီယင်ကျန်းသို့ ပို့ဆောင်ရခြင်းဖြစ်ရာ အချိန်အားဖြင့် ၁၀ ရက်ခန့် ကြာမြင့်ခဲ့သည်။ တရုတ်-လာအို ရထားလမ်းဖွင့်လှစ်လိုက်ခြင်းနှင့်အတူ ယခုအခါ ချုံချင့်၏ ပို့ကုန် သယ်ယူပို့ဆောင်ချိန်သည် ၅ ရက်ခန့်သာ ကြာမြင့်တော့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ချုံချင့် နိုင်ငံတကာကုန်စည်သယ်ယူပို့ဆောင်ရေးအချက်ချာဥယျာဉ်ဇုန်နှင့် ကျန်းကျင်း လော့ဟွမ် ကုန်စည်သယ်ယူပို့ဆောင်ရေး ဥယျာဉ်ဇုန်တို့ကို ချုံချင့် ကုန်းလမ်း-ဆိပ်ကမ်းချိတ်ဆက်သည့် နိုင်ငံတော် ကုန်စည်သယ်ယူပို့ဆောင်ရေးအချက်အချာအဖြစ် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်ကုန်စည်သယ်ယူပို့ဆောင်ရေးအချက်အချာ တည်ဆောက်မှု (၂၂) ခု အမည်စာရင်းတွင် ထည့်သွင်းခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ် လည်ပတ်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ဆက်နွယ်သည့် လမ်းကြောင်းသစ် တရုတ်-လာအိုရထားလမ်း ချိန်တူး၊ချုံချင့်-ဗီယင်ကျန်း နိုင်ငံတကာ ကုန်စည်ရထားများကို ချုံချင့်မြို့ ညီညွတ်ရေးကျေးရွာနှင့် ချိန်တူးမြို့ နိုင်ငံတကာ ရထားလမ်းကုန်းတွင်းဆိပ်ကမ်းမှ စတင်ပြေးဆွဲခဲ့သည်။

“သမရိုးကျ ကားလမ်းသယ်ယူပို့ဆောင်မှုနဲ့ယှဉ်ရင် ရထားသယ်ယူပို့ဆောင်မှုက အချိန်ရော၊ကုန်ကျစရိတ်ရော သက်သာရုံသာမက ကုန်ပစ္စည်း လုံခြုံမှုက ပိုပြီး အာမခံချက်ရှိတယ်။ ဒီနှစ် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက် (RCEP)တရားဝင် အသက်ဝင် အကောင်အထည်ဖော်လာတာရယ်၊ နောက်ပြီး တရုတ်-လာအို ရထား အမြန်လမ်းပေါက်သွားတာရယ်ကြောင့် ကျွန်တော်တို့လုပ်ငန်းတွေက အရှေ့တောင်အာရှ ဈေးကွက်တိုးချဲ့ဖို့၊ အမှတ်တံဆိပ် နိုင်ငံတကာယှဉ်ပြိုင်မှုကို တိုးမြှင့်ဖို့ ပိုပြီး ယုံကြည်ချက်ရှိလာတယ်”ဟု ကျန်းကျင်းလုပ်ငန်းရှင် ကျန်းနန်က ပြောသည်။ (Xinhua)

……………………..
(Chinese Version)
(经济)中老铁路(江津-万象)国际货运列车首发
2022-03-02 19:23:50 分类: 社会
新华社重庆3月2日电(记者陈青冰)3月2日下午,首趟陆海新通道中老铁路(江津-万象)国际货运列车在重庆江津珞璜物流园片区的小南垭铁路物流中心正式发车,共运载37个集装箱,货值约400万元,包括化工品、建筑材料、通用机械、日用百货等。
过去,重庆出口老挝万象的产品,只能依靠公路经云南磨憨口岸至老挝万象,全程需要10天。随着中老铁路的开通,现在重庆出口货物运输时间缩短至5天左右。
2020年10月,由重庆国际物流枢纽园片区和江津珞璜物流园片区组成的重庆陆港型国家物流枢纽,被纳入了22个国家物流枢纽建设名单之一。
2021年12月3日,中老铁路开通运营。12月4日,陆海新通道中老铁路(成渝-万象)国际货运班列分别从重庆团结村站和成都国际铁路港始发。
“相较于传统公路运输方式,铁路运输不仅节省大量时间和物流成本,而且货物的安全性更加有保障。今年,区域全面经济伙伴关系协定(RCEP)正式生效实施,再加上中老铁路这条快捷通道的开通,我们企业更有信心开拓东南亚市场,提升品牌的国际竞争力。”江津企业江记酒庄负责人姜南说。(完)
图说1:3月2日,中老铁路(江津-万象)国际货运首发列车从小南垭铁路物流中心驶出。新华社记者 唐奕 摄
图说2,3:3月2日,中老铁路(江津-万象)国际货运首发列车在小南垭铁路物流中心等候发车。新华社记者 唐奕 摄
图说4:3月2日,中老铁路(江津-万象)国际货运首发列车从小南垭铁路物流中心驶出(无人机照片)。新华社记者 唐奕 摄
图说5:3月2日,中老铁路(江津-万象)国际货运首发列车在小南垭铁路物流中心等候发车。新华社记者 唐奕 摄
图说6:3月2日,铁路工作人员在中老铁路(江津-万象)国际货运首发列车旁巡逻检查。新华社记者 唐奕 摄