Connect with us

China

ရှင်းကျန်းဒေသနှင့် ပတ်သက်၍ ဘလင်ကန်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များကို တရုတ် ပယ်ချ

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်(Anthony Blinken) ၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၂ ရက်တွင် ပယ်ချလိုက်ပြီး ကောလာဟလများအားလုံးသည် ဖြစ်ရပ်မှန်မပေါ်လာမီ တစ်စစီဖြစ်သွားလိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံက “ရှင်းကျန်းဒေသရှိ လူသားမျိုးနွယ်အား လူမျိုးသုဉ်းသတ်ဖြတ်မှုများနှင့် မှုခင်းများ ဆက်လက်ကျူးလွန်နေကြောင်း” ဘလင်ကန်က မတ် ၁ ရက်၌ ဗီဒီယိုမက်ဆေ့ချ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံရေးသမားများက အလိမ်အညာများဖြင့် တရုတ်နိုင်ငံအား ဂုဏ်သိက္ခာကျဆင်းစေရန် ဆောင်ရွက်မှုသည် ၎င်းတို့၏နာမည်ဂုဏ်ကို ဖျက်ဆီးခြင်းသာဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ရန်လိုမှုကို ကမ္ဘာအား လှစ်ဟပြလိုက်ခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ဘလင်ကန်၏ မှတ်ချက်များအပေါ် တုန့်ပြန်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ သမိုင်းကြောင်းတွင်ကြည့်ပါက အမေရိကန်တွင် မူလနေထိုင်သူများအား သတ်ဖြတ်ခဲ့ရာ ၁၄၉၂ ခုနှစ်တွင် လူဦးရေ ၅ သန်းရှိရာမှ ၂၀ ရာစုအစပိုင်း၌ ၂၅၀,၀၀၀ အထိ ကျဆင်းသွားခဲ့ကြောင်း ဝမ်က ဆိုသည်။ “အမေရိကန်က ဌာနေအမေရိကန်နိုင်ငံသားတွေအပေါ် ပြုမူချက်ကသာ အမှန်တကယ် လူမျိုးသုဉ်းသတ်ဖြတ်မှုပါပဲ”

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရုတ်နိုင်ငံ၏ ရှင်းကျန်းဒေသရှိ လူဦးရေသည် လေးဆမြင့်တက်ခဲ့ပြီး ဝေဂါ လူဦးရေမှာ ၂.၂ သန်းမှ ၁၂ သန်းအထိ တိုးမြင့်လာခဲ့သည်။ ရှင်းကျန်းတွင် “လူမျိုးသုဉ်းသတ်ဖြတ်မှု” ဟု စွပ်စွဲချက်မှာ အစွမ်းကုန်လိမ်ညာမှုဖြစ်ကြောင်း၊ ထိုသို့စွပ်စွဲချက်များကို ပြောဆိုသူများမှာလည်း ကျင့်ဝတ်လုံးဝမရှိသူများဖြစ်ကြောင်း ဝမ်းက ဆိုသည်။

ရှင်းကျန်းနှင့် ဆက်စပ်သော ဝါဒဖြန့်ချိရေးမဟာဗျူဟာများဖန်တီးရန်နှင့် ဦးဆောင်ဦးရွက်ပြုကာ ရှင်းကျန်းနှင့်ပတ်သက်၍ မကောင်းသောအချက်အလက် ပျံ့နှံ့ရန် အမေရိကန်၏ အထူးဆောင်ရွက်ချက်များအား မီဒီယာအချို့က ဖော်ထုတ်ထားပြီးဖြစ်ကြောင်း ဝမ်ကပြောခဲ့သည်။ ယင်းသို့ ဆောင်ရွက်ချက်များတွင် အမေရိကန် ပညာရှင်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ရှင်းကျန်းဆိုင်ရာ သုတေသနအမည်ခံ အစီရင်ခံစာများအား လုပ်ကြံပြောဆိုရေးနှင့် ဆက်စပ်သောစာအုပ်များ ထုတ်ဝေရေးတို့ကို တွန်းအားပေးခြင်းများလည်း ပါဝင်သည်။

U.S. Agency for Global Media (USAGM) မှ ကြီးကြပ်ထားသော သတင်းအေဂျင်စီများသည် ရှင်းကျန်းတွင် “လူမျိုးသုဉ်းသတ်ဖြတ်မှု” နှင့် “အဓမ္မအလုပ်ခိုင်းစေမှု” နှင့်ပတ်သက်၍ ဘာသာစကားပေါင်း မြောက်များစွာဖြင့် သတင်းမှားများနှင့် “ဝါဒဖြန့်ကိရိယာများ” ထုတ်လုပ်ရန်နှင့် ဘာသာရေးနှင့် ထိခိုက်လွယ်သောအကြောင်းအရာ ခေါင်းစဉ်များ တိုးမြှင့်ဖော်ပြရန် ညွှန်ကြားထားခဲ့သည်။ ထို့ပြင် USAGM က အမေရိကန် မိတ်ဖက်နိုင်ငံများရှိ မီဒီယာကွန်ရက်များနှင့်လည်း ယင်းသို့ထုတ်လွှင့်ချက်များအား ပြန်လည်ပုံနှိပ်ဖော်ပြရန်နှင့် တွန်းအားပေးရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အထက်ဖော်ပြပါ နည်းလမ်းများ၌ ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အမေရိကန် အွန်လိုင်းမီဒီယာများသည် တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသော ရှင်းကျန်းနှင့်ပတ်သက်သော ယုံကြည်ရသောအချက်အလက်များကို အားနည်းစေခြင်း၊ ပိတ်ပင်ခြင်းအားဖြင့် နည်းပညာအသုံးပြုဖယ်ရှားလျက်ရှိကြောင်း၊ ယင်းဒေသနှင့် ဆက်စပ်သော သတင်းအချက်အလက်အမှားများ ပျံ့နှံစေရန် တရုတ်ဆန့်ကျင်ရေးအတွက် နည်းပညာအကူအညီ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကြိုးပမ်းအားထုတ်မှုများကို အမေရိကန်အစိုးရက ငွေကြေးပံ့ပိုးပေးထားခြင်းဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

လိမ်ညာမှုများနှင့် ကောလာဟလများသည် ဖြစ်ရပ်မှန်များနှင့် အမှန်တရားများ ထွက်ပေါ်လာချိန် နောက်ဆုံးတွင် အပိုင်းပိုင်းပြတ်ကာ ပျောက်ကွယ်သွားမည်သာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

………………………………………………

(English Version)

China refutes Blinken’s groundless accusations concerning Xinjiang
Source: Xinhua
Editor: huaxia
2022-03-03 00:16:15

BEIJING, March 2 (Xinhua) — A Chinese foreign ministry spokesperson on Wednesday refuted U.S. Secretary of State Anthony Blinken’s groundless accusations concerning Xinjiang, noting that all rumors will crumble before the facts.
Blinken reportedly said in a video message on Tuesday that China “continues to commit genocide and crimes against humanity in Xinjiang.”
When asked to comment on Blinken’s remarks, spokesperson Wang Wenbin said at a daily press briefing that the move from U.S. politicians to discredit China by spreading lies will only damage their reputation and expose their sinister intentions to the world.
Wang said that in its history, the U.S. has slaughtered Native Americans, whose population nosedived from 5 million in 1492 to 250,000 at the beginning of the 20th century. “What the U.S. has done to the Native Americans is true genocide.”
Over the past 60-plus years, the population in China’s Xinjiang region increased fourfold, and the Uyghur population has grown from 2.2 million to about 12 million. The accusation of “genocide” in Xinjiang is a flat-out lie. Those who make such accusations are entirely unethical, Wang said.
Some media platforms have revealed specific U.S. measures to create Xinjiang-related propaganda strategies and spread negative information about Xinjiang in an organized manner, Wang said. Measures include encouraging U.S. academic institutions, think tanks and non-governmental organizations to constantly fabricate so-called research reports on Xinjiang and publish related books.
News agencies that are overseen by the U.S. Agency for Global Media (USAGM) are instructed to produce fake news reports and “propaganda materials” about “genocide” and “forced labor” in Xinjiang in dozens of languages, and promote religious and sensitive topics. Meanwhile, the USAGM coordinates with media networks in U.S. ally nations to reprint and push such products.
In addition to the above-mentioned methods, online U.S. media also chip in technologically by weakening and blocking credible information about Xinjiang released by China while providing technical assistance for anti-China forces to spread false information related to the region. Such efforts are also financially supported by the U.S. government, Wang said.
Lies and rumors will eventually shatter into pieces when confronted by facts and the truth, the spokesperson said. ■