Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းပိုင် လေယာဉ်ပျက်ကျမှုအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင် လေယာဉ်ပျက်ကျသည့်အချင်းဖြစ်နေရာသို့ ကယ်ဆယ်ရေးသမားများ ထွက်ခွာသွားသည်ကို မတ် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ MU5735လေယာဉ် သည် ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ဦးတည်ပျံသန်းစဉ် မတ် ၂၁ ရက် ၁၄ နာရီ ၃၈ မိနစ်ခန့်တွင် ကွမ်ရှီးဒေသ ဝူကျိုးမြို့ကောင်းကင်၌ အဆက်အသွယ်ပြတ်၍ ပြတ်ကျမှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်တွင် ခရီးသည် ၁၂၃ ဦး၊ လေယာဉ်အမှုထမ်း ၉ ဦး ပါဝင်ကြောင်း သိရသည်။

အချင်းဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ချက်ချင်း အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာ၌ MU5735 လေယာဉ်ပျက်ကျမှုကို သိရှိရကြောင်း ၊ အရေးပေါ်ယန္တရားချက်ချင်းစတင်ကာ ရှာဖွေကယ်ဆယ်မှုများ အစွမ်းကုန် ဆောင်ရွက်ကြရန်နှင့် နောက်ဆက်တွဲဖြစ်ပွားမှုများကို ကောင်းမွန်စွာ စီမံဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီမှ ခေါင်းဆောင်စေလွှတ်၍ အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် ၊အချင်းဖြစ်ပွားသည့်အကြောင်းအရင်းကို အမြန်ဆုံးရှာဖွေရန်၊ အဖက်ဖက်အားဂရုပြုဆောင်ရွက်နိုင်ရန် ၊ မြို့ပြလေကြောင်းလိုင်းကဏ္ဍ၏ လုံခြုံရေးအန္တရာယ်စိစစ်မှုများကို မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှုတာဝန်ခံမှုကို အခြေတကျ အကောင်အထည်ဖော်ရန်၊ လေကြောင်းသွားလာမှု အလုံးစုံလုံခြုံရေး၊ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးကို အပြည့်အဝ အာမခံထားရှိဆောင်ရွက်ကြရေးတို့ကို ညွှန်ကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်က ညွှန်ကြားမှုပေးခဲ့ရာတွင် အသက်ရှင်ကျန်ရစ်သူများအား အစွမ်းကုန်အဆုံးစွန်ရှာဖွေရန်နှင့် ဒဏ်ရာရသူများအား အတတ်နိုင်ဆုံး ကယ်ဆယ်ကုသရန်၊ နောက်ဆက်တွဲကိစ္စရပ်များအား ကောင်းမွန်စွာ စီစဉ်ပေးရန်၊ သေဆုံးသူများ၏ မိသားစုဝင်များအား ကောင်းမွန်စွာနှစ်သိမ်အားပေးမှု ရှိရန် ၊ ကိစ္စရပ်၏ အဖြစ်မှန်အတိုင်း အချိန်မီ မှန်ကန်တိကျစွာ သတင်းထုတ်ပြန်ရန်၊ အချင်းဖြစ်ပွားသည့်အကြောင်းအရင်းကို တင်းတင်းကျပ်ကျပ် စစ်ဆေးရန် ၊ မြို့ပြလေကြောင်းလုံခြုံရေး စီမံခန့်ခွဲမှုကို အားကောင်းသည့် နည်းလမ်းများနှင့်မြှင့်တင်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရသည်။

သမ္မတရှီကျင့်ဖိန်၏ ညွှန်ကြားချက်နှင့် လီခဲ့ချန်၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံမြို့ပြလေကြောင်းလိုင်းစီမံခန့်ခွဲရေးဌာန၊ အရေးပေါ်စီမံခန်ခွဲရေးဌာန စသည့် သက်ဆိုင်ရာဌာနများက လုပ်ငန်းအဖွဲ့များ စေလွှတ်ကာ အချင်းဖြစ်ပွားသည့်နေရာတွင် လိုအပ်သည်များကို ညွှန်ကြားစီမံဆောင်ရွက်ပေးနေပြီ ဖြစ်သလို ကွမ်ရှီး၊ ကွမ်တုန်းစသည့် ဒေသများမှ ရှာဖွေကယ်ဆယ်ရေးအင်အားစုများကလည်း အချင်းဖြစ်ပွားသည့်နေရာတွင် ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရသည်။ လက်ရှိ အချင်းဖြစ်နေရာ၏ ကယ်ဆယ်ကူညီမှုများ၊ နောက်ဆက်တွဲစီမံဆောင်ရွက်မှုများနှင့် အချင်းဖြစ်ပွားသည့်အကြောင်းအရင်းစသည့် လုပ်ငန်းစဉ်များ စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

…………………………………

(Chinese Version)

习近平对东航客机坠毁作出重要指示  要求全力组织搜救 妥善处置善后  加强民航安全隐患排查 确保航空运行绝对安全  李克强作出批示
2022-03-21 18:32:28
新华社北京3月21日电3月21日14时38分许,东方航空公司MU5735航班执行昆明-广州任务时,在广西梧州市上空失联并坠毁。机上载有乘客123人、机组人员9人。
事故发生后,中共中央总书记、国家主席、中央军委主席习近平立即作出重要指示,惊悉东航MU5735航班失事,要立即启动应急机制,全力组织搜救,妥善处置善后。国务院委派领导同志靠前协调处理,尽快查明事故原因,举一反三,加强民用航空领域安全隐患排查,狠抓责任落实,确保航空运行绝对安全,确保人民生命绝对安全。
中共中央政治局常委、国务院总理李克强作出批示,要求全力以赴搜寻幸存者,尽一切可能救治伤员,妥善处理善后事宜,做好遇难者家属安抚和服务,实事求是、及时准确发布信息,认真严肃查明事故原因,采取有力措施加强民航安全管理。
根据习近平指示和李克强要求,中国民航局、应急管理部等有关部门已派出工作组赴现场指导处置,并调派广西、广东两地救援力量赶赴现场参与救援。目前,现场救援、善后处置及事故原因调查等工作正在进行中。(完)