Connect with us

Europe

နောက်အကြိမ် ရုရှား-ယူကရိန်း ဆွေးနွေးပွဲများကို ဘီလာရုဇ်-ပိုလန် နယ်စပ်၌ ကျင်းပသွားမည်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြော

ဘီလာရုဇ်နိုင်ငံ ဂိုမဲလ်ဒေသ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပပြုလုပ်သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲမြင်ကွင်းအားတွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua )

မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ)

နောက်အကြိမ် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လာမည့်ရက်အနည်းငယ်အတွင်း ဘီလာရုဇ်-ပိုလန် နှစ်နိုင်ငံ နယ်စပ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘီလာရုဇ်နိုင်ငံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Vladimir Medinsky ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ရေးသားဖော်ပြခဲ့သည်။” အရေးကြီးဆုံးက ဆွေးနွေးပွဲဖြစ်စဉ်ကို ဆက်လက်ဖော်ဆောင်သွားကြဖို့ ကျွန်တော်တို့ သဘောတူညီခဲ့ကြပါတယ် ၊ နောက် အစည်းအဝေးကို လာမယ့်ရက်အနည်းငယ်အတွင်း ပိုလန်-ဘီလာရုဇ် နယ်စပ်မှ ကျင်းပသွားမှာပါ” ဟု ရုရှား-ယူကရိန်း ပထမအကြိမ်ဆွေးနွေးပွဲအပြီး Medinsky က ပြောကြားခဲ့သည်။

ထို့ပြင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဆွေးနွေးပွဲနှင့်သတ်သက်သည့်အခြေအနေအရပ်ရပ်ကို ခေါင်းဆောင်များအားတင်ပြရန် ယခုအခါ သက်ဆိုင်ရာ ၎င်းတို့၏ မြို့တော်အသီးသီးတို့ ပြန်သွားကြပြီ ဖြစ်ကြောင်း နှင့် နောက်ထပ် တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း Medinsky က မှတ်ချက်ပြုခဲ့သည်။

” ကျနော်တို့ နှစ်ဖက်ကြားမှာ ဘုံသဘောတူညီချက် တွေ ရရှိမယ်လို့ ခန့်မှန်းနိုင်တဲ့ အချို့သောအကြောင်းအရာတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ” ဟု ရုရှားအရာရှိကြီးက ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော ဆွေးနွေးပွဲတွင် အားလုံးသောနှစ်ဖက်ရပ်တည်ချက် အနေအထားများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

——————————
(English Version)

Next round of Russia-Ukraine peace talks to be held on Belarusian-Polish border- Head of Russian delegation

MOSCOW, Feb. 28 (Xinhua) — The next round of Russia-Ukraine peace talks will take place on the Belarusian-Polish border in the coming days, according to Vladimir Medinsky, head of the Russian delegation at the talks held in Belarus, Russia’s RIA Novosti news agency reported Monday.

“Most importantly, we agreed to continue the negotiation process, the next meeting will be held in the coming days on the Polish-Belarusian border,” Medinsky said after the consultations.

Medinsky also pointed out that each one of the delegations would now head back to their capitals to further discuss all negotiation positions and would meet for the next round of negotiations.

“We have found some issues on which we can predict there would be common positions,” said the official.

During the talks, all negotiation positions were discussed in detail, he added.
Photo shows a view of the talks between the Ukrainian and Russian delegations held in the Gomel region in Belarus on Feb. 28, 2022. (Belta news agency via Xinhua)