Connect with us

Europe

ကုန်း-ရေ နှစ်သွယ်ပူးတွဲချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားလာနိုင်သည့် လမ်းကြောင်းသစ် ပထမဆုံး ဖွင့်လှစ်

ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီး ချုံချင့် မီးရထားကွန်တိန်နာစင်တာမှ ဧပြီ ၂ ရက်တွင် ပထမဆုံး စတင်ထွက်ခွါသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ချုံချင့်၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ကုန်း-ရေ နှစ်သွယ် ချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့အဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီးသည် ဧပြီ ၂ ရက်က ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့သည်။ ၎င်းသည် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်မည့် လမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
အနောက်ဘက် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်များနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအတွက် တည်ဆောက်ထားသည့် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်ဖြစ်သည်။ အဆိုပါလမ်းကြောင်းသည် ချုံချင်ကို ဗဟိုပြု၍ တရုတ်နိုင်ငံအနောက်ပိုင်း ပြည်နယ်၊ဒေသ၊ မြို့များကို အဓိကထားကာ ရထားလမ်း၊ ပင်လယ်ရေကြောင်းလမ်း၊ ကားလမ်းစသည့် သယ်ယူပို့ဆောင်မှုပုံစံများဖြင့် တောင်ဘက် ကွမ်ရှီး၊ ယူနန် စသော ပင်လယ်ကမ်းရိုးတန်းနှင့်နယ်စပ်တစ်လျှောက်ဂိတ်များကို ဖြတ်သန်းပြီး ကမ္ဘာ့ဒေသအသီးသီးကို သွားရောက်ခြင်းဖြစ်ရာ အရှေ့ဘက်ဒေသများကို ဖြတ်သန်း၍ ပင်လယ်ထွက်ရသည့် ကြာချိန်ထက် များစွာ လျော့နည်းသက်သာစေသည်။

ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေး “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီး ချုံချင့် မီးရထားကွန်တိန်နာစင်တာမှ ဧပြီ ၂ ရက်တွင် ပထမဆုံး စတင်ထွက်ခွါသွားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

《”၁၄ ကြိမ်မြောက် ၅ နှစ်တာ စီမံကိန်း” အနောက်ဘက်ဒေသ ကုန်းလမ်း-ပင်လယ်ရေကြောင်း ချိတ်ဆက်သည့် လမ်းကြောင်းသစ် အရည်အသွေးမြင့်တည်ဆောက်မှု အကောင်အထည်ဖော်ရေး နည်းလမ်း》၌ ၂၀၂၅ ခုနှစ်တွင် အရှေ့-အလယ်-အနောက် လမ်းကြောင်း ၃ သွယ် ဖော်ဆောင်ရေး မပြတ် အားကောင်းစွာဆောင်ရွက်ရန် ၊ လမ်းကြောင်း၊ဆိပ်ကမ်းနှင့် ကုန်စည်ပို့ဆောင်ရေး ချိတ်ဆက်မှုဗဟို လည်ပတ်ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်ရန်၊ လမ်းကြောင်းတစ်လျှောက် စီးပွားရေးနှင့်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး သိသာထင်ရှားစွာ အကျိုးသက်ရောက်မှုရှိစေရန် စသည့် ရည်မှန်းချက်များကို အဆိုပြုထားသည်။

အနောက်ဘက်ဒေသ ကုန်းလမ်း-ပင်လယ်ရေကြောင်း လမ်းကြောင်းသစ် လည်ပတ်ရေးဗဟိုစင်တာ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်ကုန်အထိ ယင်းလမ်းကြောင်းသစ်နှင့်ချိတ်ဆက်ထားသည့် နေရာများသည် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသပေါင်း ၁၀၇ ရှိ ဆိပ်ကမ်း ၃၁၅ ခုအထိ တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်တွင် ချုံချင့်ကို အစပြုထွက်ခွာသည့် ရထားလမ်း-ပင်လယ်ရေကြောင်းလမ်း ပူးတွဲပို့ဆောင်ရေး ရထား၊ နယ်စပ်ဖြတ်ကျော်အဝေးပြေးလိုင်း၊ အပြည်ပြည်ဆိုင်ရာ ရထားလမ်းချိတ်ဆက်ပို့ဆောင်ရေး ရထားများ၏ သယ်ယူပို့ဆောင်ရေးပမာဏသည် ၆၀ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်းသိရသည်။ (Xinhua)
———————–
(Chinese Version0
#China, #Land-seaTradeCorridor, #IndianOcean, #Chongqing, #xinhua, #xinhuamyanmar, #တရုတ်, #ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း, #အိန္ဒိယသမုဒ္ဒရာ, #ချုံချင့်, #ဆင်ဟွာ
陆海新通道首次开辟直通印度洋新线路
2022-04-02 15:03:53 分类: 行业经济
新华社重庆4月2日电(记者赵宇飞)陆海新通道中缅印国际联运班列(重庆-仰光-印度洋)2日在重庆铁路集装箱中心站首发,这是陆海新通道首次开辟直通印度洋的新线路。
西部陆海新通道是由中国西部省份与东盟国家合作打造的国际陆海贸易新通道,以重庆为运营中心,各西部省区市为关键节点,利用铁路、海运、公路等运输方式,向南经广西、云南等沿海沿边口岸通达世界各地,比经东部地区出海所需时间大幅缩短。
《“十四五”推进西部陆海新通道高质量建设实施方案》提出,到2025年将实现东中西三条通路持续强化,通道、港口和物流枢纽运营更加高效,对沿线经济和产业发展带动作用明显增强的总体目标。
西部陆海新通道运营组织中心数据显示,截至2021年底,陆海新通道目的地已拓展至全球107个国家(地区)的315个港口。2021年,以重庆为始发站的铁海联运班列、跨境公路班车、国际铁路联运班列运量同比分别增长60%、17%和30%。(完)

图说:4月2日,陆海新通道中缅印国际联运班列(重庆-仰光-印度洋)在重庆铁路集装箱中心站首发,这是陆海新通道首次开辟直通印度洋的新线路。 新华社发(潘婕摄)