Connect with us

Europe

ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့အနီးတစ်ဝိုက်ရှိ ရေနံချက်စက်ရုံနှင့်လောင်စာဆီ သိုလှောင်ရုံအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့ ဆိပ်ကမ်းအား မတ် ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ တောင်ပိုင်း အိုဒက်ဆာမြို့အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လောင်စာဆီသိုလှောင်ရုံ ၃ ခုကို ရုရှားစစ်တပ်က ဧပြီ ၃ ရက် နံနက်ပိုင်းတွင် ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ယင်းနေ့တွင် ဖော်ပြခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူIgor Konashenkovက ရုရှားစစ်တပ်သည် တိကျမှုမြင့်မားသော ရေပြင်နှင့်ဝေဟင်ပစ် ဒုံးကျည်များဖြင့် အဆိုပါအဆောက်အဦများကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအဆောက်အဦများသည် မီကိုလိုက်ဖ်ကို ဦးတည်သည့် ယူကရိန်းတပ်များကို လောင်စာဆီပံ့ပိုးနေကြောင်း ပြောကြားခဲ့သည်။

အိုဒက်ဆာမြို့သည် ဧပြီ ၃ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခံရခြင်းကြောင့် နေရာအများအပြား၌ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း၊ အချို့တိုက်ခိုက်လာသည့် ဒုံးကျည်များကို လေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း အစိုးရအရာရှိတစ်ဦးက ယင်းနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)

俄国防部:俄军摧毁敖德萨周边炼油厂和燃料储存设施
2022-04-03 16:31:43
新华社莫斯科4月3日电(记者黄河)俄罗斯国防部网站3日通报说,俄军当天上午使用导弹摧毁了乌克兰南部城市敖德萨附近的1座炼油厂和3座燃料储存设施。
俄罗斯国防部发言人科纳申科夫说,俄武装部队使用高精度海基和空基导弹对上述设施进行了攻击,这些设施为尼古拉耶夫方向的乌军提供了燃料。
乌克兰政府官员3日早些时候说,敖德萨当天上午遭导弹袭击,致多地发生火灾,部分袭来的导弹被防空部队击落。(完)
图说1:这是3月3日在乌克兰敖德萨拍摄的敖德萨港。 新华社记者 王勍 摄