Connect with us

Africa & Middle East

အနောက်အာဖရိက၌ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံးသော စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ကင်ညာနိုင်ငံ Kilifi ကောင်တီတွင် ရိတ်သိမ်းမရသည့် ပြောင်းခင်းအား မတ် ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်းစသည့် အကြောင်းအရင်းများ၏ ရိုက်ခတ်မှုကြောင့် အနောက်အာဖရိကဒေသတွင် ၁၀ နှစ်ကြာကာလ အတွင်းအဆိုးဝါးဆုံး စားနပ်ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ ကူညီပံ့ပိုးရေးနှင့်ပရဟိတ အသင်းအဖွဲ့ ၁၀ ခုကျော်က ဧပြီ ၅ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

အီဂျစ်နိုင်ငံ ပြည်နယ် လယ်ယာမြေတစ်ခုတွင် ဂျုံပင်များအား ပြသနေသည့် လယ်သမားတစ်ဦးအား မတ် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ နိုင်ငံတကာအသင်းအဖွဲ့များတွင် Save the Childrenနှင့် Oxfamတို့ ပါဝင်ကြောင်း သိရသည်။ DPA သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ အဆိုပါအသင်းအဖွဲ့များက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အနောက်အာဖရိကတွင် လူပေါင်း ၂၇ သန်းကျော် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရာပြီး ဇွန်လတွင် ယင်းကိန်းဂဏန်းက ၁၁ သန်းထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း ဆိုသည်။

အနောက်အာဖရိကတွင် အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးငယ် ၆.၃ သန်းက ဆိုးဝါးသောအာဟာရ ချို့တဲ့မှုဒဏ်ရခံနိုင်ကြောင်း ကုလသမဂ္ဂက ကြိုတင်ခန့်မှန်းထားသည်။

မိုးခေါ်ရေရှားခြင်း၊ ရေကြီးရေလျှံခြင်း၊ ဒေသတွင်း ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်း စသည့် အခြေအနေများကြောင့် ကမ္ဘာတစ်ဝန်း သီးနှံထုတ်လုပ်မှုများ ကျဆင်းလျက်ရှိရာ အနောက်အာဖရိက စားနပ်ရိက္ခာအကျပ်အတည်းကို ပို၍ ဆိုးဝါးစေခဲ့သည်။ အနောက်အာဖရိက စားနပ်ရိက္ခာကုန်ဈေးနှုန်းတက်မှုသည် ပြီးခဲ့သည့် ၅ နှစ် အတွင်းအမြင့်ဆုံးဖြစ်သည့် ၃၀ ရာခိုင်နှုန်းရောက်ရှိခဲ့သည်။

ရုရှားနှင့်ယူကရိန်း စားနပ်ရိက္ခာပို့ကုန်နိုင်ငံကြီးနှစ်ခု ပဋိပက္ခဖြစ်ပွားခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပို့ရေးနှင့် ကုန်ဈေးအပေါ် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်စေသည်။ ရုရှားနှင့်ယူကရိန်းသည် ဂျုံ၊ပြောင်း ပို့ကုန်နိုင်ငံကြီးဖြစ်သည်။ အာဖရိကတိုက် နိုင်ငံအများအပြားသည် အဓိကအားဖြင့် ရုရှား သို့မဟုတ် ယူကရိန်းမှ ဂျုံတင်သွင်းကြသည်။
ရုရှားနိုင်ငံက ဖေဖော်ဝါရီလကုန်တွင် ယူကရိန်းသို့ အထူးစစ်ဆင်ရေးလုပ်ဆောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံ စားနပ်ရိက္ခာတင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း တစ်ဟုန်တိုး မြှင့်တက်ခဲ့ပြီး အလယ်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတိုက် ဒေသအချို့တွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ထိုမတိုင်မီပြောကြားခဲ့သည်။

အနောက်နိုင်ငံများက ရုရှားကို ဦးတည်သည့် ပိတ်ဆို့မှုများ ကြေညာခဲ့ရာ တွင် ပါဝင်သည့်ကဏ္ဍအများအပြားရှိသည်။ ရုရှားဘက်ကလည်း ရုရှားအပေါ် ပိတ်ဆို့သည့် “ချစ်ကြည်ရင်းနှီးမှုမရှိသော”နိုင်ငံနှင့်ဒေသများ၏ အမည်စာရင်းထုတ်ပြန်ခဲ့ရာ အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိ ၊ ယူကရိန်း၊ ဂျပန်နှင့် တောင်ကိုရီးယားသည့်တို့ ပါဝင်ခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာထောက်ပို့ရေးနှင့် ဈေးနှုန်တည်ငြိမ်ရေးကို ဦးစားပေး အာမခံထား ဆောင်ရွက်သွားမည်ဖြစ်ပြီး “ချစ်ကြည်ရင်းနှီးသော”နိုင်ငံနှင့်ဒေသများကို ဆွေးနွေးထားသည့်အချိုးအစားအလိုက် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သွားမည် ဖြစ်ကြောင်း ရုရှား ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ဖက်ဒရယ် လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်ဗ်က ဧပြီ ၁ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။

ဂျာမနီ အကျိုးအမြတ်အတွက်ရည်ရွယ်ခြင်းမဟုတ်သောအဖွဲ့အစည်း World Hunger Aid အထွေထွေအတွင်းရေးမှူးချုပ် Matthias Moggက လက်ရှိတွင် လူသားချင်းစာနာထောက်ထားမှုအခြေအနေကို အလေးထားပြီး ရုရှားနှင့်ဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်လှစ်ထားရမည် ဖြစ်ကြောင်းမတ်လကုန်တွင် တိုက်တွန်း ပြောကြားခဲ့ပြီး G20အဖွဲ့မှ ရုရှားကို ဖယ်ထုတ်ခြင်းက အကျပ်အတည်းဖြေရှင်းရေးကြိုးပမ်းမှုကို နောက်ပြန်ဆွဲစေနိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် စားနပ်ရိက္ခာအကျပ်အတည်းသည် ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ဖြစ်ပြီး ထိုအချိန်က ရုရှားသည် G8 အဖွဲ့ဝင်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုဖြေလျှော့ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း Matthias Moggက ဆိုသည်။

အာဖရိကတိုက် ကုန်းမြေ တစ်ဖက်စွန်းဖြစ်သည့် အရှေ့အာဖရိက ဒေသများတွင် မိုးခေါင်ရေရှားမှုများကြောင့် လူပေါင်းသန်းနှင့်ချီ စားဝတ်နေရေးအခက်အခဲ အန္တရာယ် ဆိုးဝါးစွာ ဖြစ်လျက်ရှိသည်။ ကုလသမဂ္ဂ၏ ကိန်းဂဏန်းများတွင် ဆိုမာလီယာ၊ အီသီယိုးပီးယား ၊ ကင်ညာ နိုင်ငံများတွင် လူပေါင်း ၁၃ သန်းကျော် ပြင်းထန်သည့် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်ဒဏ်ကို ခံစားနေရကြောင်း ဖော်ပြထားသည်။ (Xinhua)

……………………….
(Chinese Version)
国际援助组织:西非面临十年来最糟粮食危机
2022-04-06 10:09:40
新华社北京4月6日电 十余家国际援助和慈善类组织5日警告说,受乌克兰危机等因素影响,西非地区正面临十年来最严重的粮食危机。
这些国际组织包括救助儿童会、乐施会等。据德新社报道,它们在一份联合声明中说,西非已有超过2700万人遭遇饥饿折磨,到6月这一数字可能再增长1100万。
联合国预计,西非今年将有630万名年龄在6个月至5岁的儿童严重营养不良。
3月23日,没有收获的村民扎瓦迪沮丧地站在肯尼亚基利菲枯萎的玉米地里。新华社记者董江辉摄
干旱、洪水、地区冲突和新冠病毒大流行等原因导致全球谷物产量下降,加剧西非粮食危机。西非粮食价格过去5年涨幅高达30%。
俄罗斯和乌克兰两大重量级粮食出口国发生冲突,对全球粮食供应和粮价来说相当于火上浇油。俄罗斯和乌克兰都是小麦和玉米出口大国。许多非洲国家主要从俄罗斯或乌克兰进口小麦。
联合国官员先前说,俄罗斯2月底对乌克兰发起特别军事行动以来,两国粮食出口减少,导致全球食品价格飞涨,中亚、中东和北非一些地区出现粮食短缺。
西方多国已经宣布针对俄罗斯的制裁措施,涉及诸多领域。俄方已经列出一份对俄实施制裁的“不友好”国家和地区名单,包括美国、欧洲联盟成员国、英国、乌克兰、日本和韩国等。
3月14日,农民在埃及盖勒尤卜省的农田中展示麦穗。俄乌冲突爆发以来,全球粮食价格持续走高。中东和北非地区主要粮食进口国已停止本国农产品出口,埃及已经禁止小麦、面粉等出口。新华社发(艾哈迈德·戈马摄)
俄罗斯前总理、现任联邦安全会议副主席德米特里·梅德韦杰夫1日在社交媒体上说,俄罗斯将优先保障国内粮食供应并稳定粮价,对“友好”国家和地区将按商定比例出口农产品。
德国非营利组织“世界饥饿援助组织”秘书长马蒂亚斯·莫格3月底呼吁,着眼于当前人道主义局势,必须与俄罗斯保持开放的沟通渠道。把俄罗斯排除在二十国集团以外可能拖累应对危机的努力。
莫格说,上一次粮食危机发生在2007年和2008年,当时俄罗斯还是八国集团成员,为在全球范围内减少饥饿发挥了建设性作用。
在非洲大陆另一端的东非地区,干旱正严重危及数以百万计人的温饱。联合国数据显示,在索马里、埃塞俄比亚和肯尼亚,超过1300万人受到严重饥饿的威胁。(郭倩)