Connect with us

North America

အမေရိကန်က အသံထက်မြန်သည့် ဒုံးကျည် လျှို့ဝှက်စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်ခဲ့

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ ပင်တဂွန်စစ်ဌာနချုပ်ကို ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အမေရိကန်သည် မကြာသေးမီက အသံထက်မြန်သည့် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်သုတေသနစီမံကိန်းအေဂျင်စီ (DARPA) က ဧပြီ ၅ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

စမ်းသပ်ပစ်လွှတ်မှုသည် မတ်လလယ်တွင် လုပ်ဆောင်ခဲ့သော်လည်း ရုရှားနှင့်တင်းမားမှုများ တိုးမြင့်ခြင်းမှ ရှောင်ရှားရန် နှစ်ပတ်ကြာ လျှို့ဝှက်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍CNNသတင်းဌာနက ဖော်ပြထားသည်။

စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်သည် Lockheed Martin Corp မှ ဖြစ်ပြီး ၎င်းအားသယ်ဆောင်ရေးလေယာဉ်ဖြင့်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်သည် ၅ Mach ထက်မြန်သော အရှိန်ဖြင့် ပျံသန်းခဲ့ပြီး ပျံသန်းမှု အမြင့်ပေ ၆၅,၀၀၀ (၁၉,၈၁၂ မီတာခန့်) ၊ ပျံသန်းမှုအကွာအဝေးသည် ရေမိုင် ၃၀၀ (၅၅၆ ကီလိုမီတာခန့်)ရှိကြောင်း သိရသည်။

၎င်းသည် DARPA ၏”Hypersonic Air-breathing Weapon Concept” စီမံကိန်း၏ ဒုတိယအကြိမ် အောင်မြင်သော စမ်းသပ်ပစ်လွှတ်မှုဖြစ်ကြောင်းသိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ဘဏ္ဍာနှစ်ဘတ်ဂျက်တင်ပြချက်တွင် အသံထက်မြန်သောလက်နက်အပါအဝင် ထိုးစစ်ဆင်နိုင်သောတာဝေးပစ်လက်နက်များ တီထွင် ဖြန့်ကျက်နိုင်ရန် ၇.၂ ဘီလီယံရင်းနှီးမြှုပ်နှံရန်အဆိုပြုထားကြောင်း သိရသည်။

ရုရှားစစ်တပ်သည်မတ် ၁၈ရက်တွင်”Dagger”အသံထက်မြန်သော ဒုံးကျည်စနစ်ကိုအသုံးပြုကာ Ivano-Frankivsk ရှိ ယူကရိန်းစစ်တပ်၏ အကြီးစား မြေအောက်ဒုံးကျည်နှင့် လေကြောင်း လက်နက်ခဲယမ်းသိုလှောင်စခန်းအား ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Konashenkov က ပြောကြားခဲ့သည်။

ရုရှားက အသံထက်မြန်သော လက်နက်များ အသုံးပြုခြင်းသည် ရုရှား-ယူကရိန်းစစ်ပွဲ၏ အခြေအနေကို ပြောင်းလဲနိုင်မည်ဟု မယူဆကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J. Austin က တုန့်ပြန်ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
美国秘密试射高超音速导弹
新华社华盛顿4月5日电(记者孙丁 邓仙来)美国国防部高级研究计划局5日通报说,美国近期成功试射一枚高超音速导弹。
美国有线电视新闻网援引一名国防部官员的话报道说,试射在3月中旬举行,保密了两周,以避免加剧同俄罗斯的紧张关系。
据美国国防部高级研究计划局通报,试射的是一枚洛克希德-马丁公司的导弹,从一架运载飞机上发射,以超过5马赫的速度飞行一段时间,飞行高度超过6.5万英尺(约19812米),飞行距离超过300海里(约556千米)。
这是美国国防部高级研究计划局“高超音速吸气式武器概念”项目第二次成功飞行试射。
美国国防部在2023财年预算申请中,提出投入72亿美元研发和部署高超音速武器在内的进攻性远程火力。
据俄罗斯国防部发言人科纳申科夫透露,俄军3月18日使用“匕首”高超音速导弹系统摧毁了乌克兰武装部队位于伊万诺-弗兰科夫斯克州的一个大型地下导弹和航空弹药库。
美国国防部长奥斯汀对此回应称,他不认为俄方使用高超音速武器会根本性改变俄乌战局。(完)

图说-这是2021年8月3日在美国弗吉尼亚州阿灵顿拍摄的五角大楼。新华社记者 刘杰 摄