Connect with us

Europe

အမေရိကန် နေရာအများအပြားတွင် နှင်းမုန်တိုင်းကြောင့် အိမ်ခြေ ၁ သိန်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ပွား

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရှေ့မြောက်ပိုင်း၊ အနောက်အလယ်ပိုင်းနှင့်တောင်ပိုင်း ဒေသအများအပြားတွင် ပြီးခဲ့သည့်ရက်ပိုင်းက နှင်းမုန်တိုင်း တိုက်ခတ်မှုခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်အထိ အိမ်ခြေ ၁ သိန်းကျော်သည် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမှ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးကြောင်း သိရသည်။ယခုအကြိမ် နှင်းမုန်တိုင်းရိုက်ခတ်မှု နယ်ပယ်အလွန်ကျယ်ပြန့်ရာ နယူးယောက်၊ ဗားမောင့်၊ နယူးဟမ်ရှိုင်းယား၊ မက်ဆာချူးဆက်၊ မိန်း၊ ပင်ဆယ်ဗေးနီးယား၊ အနောက်ဗာဂျီးနီးယား၊ အိုဟိုင်းယို၊ အင်ဒီယားနား၊ မီချီဂန်၊ တင်နက်ဆီနှင့်တက္ကဆက်စ် စသည့်ပြည်နယ်များရှိ နေရာအမြောက်အမြားတွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က နှင်းမုန်တိုင်းနှင့်အေးခဲမိုးရေ ဆက်တိုက်ရွာသွန်းမှုဖြစ်ပွားခဲ့ကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက ဆိုသည်။ စုပြုံနေသည့် နှင်းများနှင့် ပြိုကျသည့် သစ်ပင်သစ်ကိုင်းများက ဓါတ်တိုင်နှင့်ဓါတ်အားလိုင်းများကို ဖိမိပျက်စီးခြင်းကြောင့် နေရာအများအပြားတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက် ကနေဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စုပုံနေသည့် နှင်းများအား ကားဖြင့်ရှင်းလင်းနေသည်ကို ဇန်နဝါရီ ၂၉ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၅ ရက်အထိ တင်နက်ဆီ၊ နယူးယောက်၊ အိုဟိုင်းယို၊ တက္ကဆက်စ်၊ အနောက်ဗာဂျီးနီးယား စသည့် ဒေသများတွင် အိမ်ခြေ ၁ သိန်းကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်လျက်ရှိကြောင်း သက်ဆိုင်ရာ သတင်းအချက်အလက်ပြဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပြန်လည်ပြုပြင်မှုများက ရက်အနည်းငယ်ကြမည်ဖြစ်ရာ အချို့ မြို့နေပြည်သူများအနေဖြင့် ရက်သတ္တတစ်ပတ်ခန့် လျှပ်စစ်ပြတ်တောက်နေမည် ဖြစ်ကြောင်း ဓါတ်အားပေးဌာန၏ ကြိုတင်ခန့်မှန်းထားသည်။

တင်နက်ဆီပြည်နယ်၏အကြီးဆုံးမြို့ မန်းန်ဖစ်စ်သည် မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံရသည် ဒေသများအနက်တစ်ခုဖြစ်ပြီး နေရာအမြောက်အမြားတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေရာ ၎င်းအတိုင်းအတာသည် ပြီးခဲ့သည့် နှစ် ၃၀ ကာလ အလားတူဖြစ်ရပ်မျိုး၏ တတိယအနေအထားတွင် ရှိကြောင်း သိရသည်။ ယင်းမြို့ ဓါတ်အားပေးကုမ္ပဏီ အဆင့်မြင့်အရာရှိ JT Youngက ကုမ္ပဏီဝန်ဆောင်မှုပေးနေတဲ့ ၂၀ ရာခိုင်နှုန်းကျော်က သုံးရက် မီးပြတ်နိုင်ကြောင်းနှင့်ပြင်ဆင်မှုများကို အရှိန်မြင့်လုပ်ဆောင်နေရာ ဖေဖော်ဝါရီ ၁၀ ရက်မှသာ အားလုံး ပုံမှန်ပြန်ဖြစ်နိုင်မည် ဖြစ်ကြောင်း ဆိုသည်။

အင်ဒီယားနားပြည်နယ်တွင် လမ်းများ၌ စုပုံနေသည့် နှင်း၏အထူသည် ၄၀ စင်တီမီတာ ရှိပြီး နှင်းရေခဲများကြောင့် သစ်ပင်ပြိုလဲမှုဖြစ်ပွားခဲ့သလို လမ်းမျက်နှာပြင်တွင် ရေခဲနေခြင်းကြောင့် ယခုရက်ပိုင်း ယာဉ်မတော်တဆဖြစ်ပွားမှု ထောင်နှင့်ချီ ရှိကြောင်း သိရသည်။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochulက လူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်သာ နေထိုင်ကြရန်နှင့် ယာဉ်မောင်းအပြင်ထွက်သွားလာခြင်းကို ရှောင်ရှားကြရန် တိုက်တွန်းထားသည်။ Hochulက “လက်ရှိမှာ အန္တရာယ်ကာလကနေ မလွတ်ကင်းသေးပါဘူး၊ ရာသီဥတုအခြေအနေကလည်း အပြောင်းအလဲအများကြီး ရှိနိုင်သေးတယ်”ဟု ဆိုသည်။

နှင်းမုန်တိုင်းတိုက်ခတ်မှုနှင့်အတူ ဗားမောင့်ပြည်နယ် စသည့်ဒေသများရှိ တောင်ထိတ်များတွင် ယခုရက်ပိုင်းအတွင်း နှင်းပြိုမှုအန္တရာယ်ပိုများခြင်းကြောင့် လူထုအနေဖြင့် ပိုမို သတိထားကာကွယ်သင့်ကြောင်း တောင်တက်ကယ်ဆယ်ရေးအသင်းတစ်ခုက ဖေဖော်ဝါရီ ၄ ရက်တွင် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

#US, #WinterStorm, #xinhua, #xinhuamyanmar, #PowerOutage, #အမေရိကန်, #နှင်းမုန်တိုင်း, #လျှပ်စစ်ဓါတ်အားပြတ်တောက်, #ဆင်ဟွာ

…………………………………………
(Chinese Version)

美国多地暴风雪 逾10万用户断电
2022-02-07 09:46:20
Image Carouse
新华社北京2月7日电 美国东北部、中西部和南部的多个地区过去几天遭遇暴风雪袭击,截至5日,超过10万个用户的电力供应仍未恢复。

美国国家气象局说,本轮暴风雪影响范围较广,纽约州、佛蒙特州、新罕布什尔州、马萨诸塞州、缅因州、宾夕法尼亚州、西弗吉尼亚州、俄亥俄州、印第安纳州、密歇根州、田纳西州和得克萨斯州多地过去一周连降暴雪及冻雨。

积雪和倒伏的树木压垮电线杆和输电线,造成多地发生大面积停电。一家汇总停电数据的网站说,截至5日,田纳西州、纽约州、俄亥俄州、得克萨斯州和西弗吉尼亚州等地超过10万个用户断电。

1月29日,铲雪车在美国纽约肯尼迪国际机场清扫积雪。美国东北部地区29日遭遇“炸弹气旋”袭击,多州出现暴风雪天气,数千航班被取消。(新华社发,周焕新摄)
供电部门预测,维修电力设施需要花费数日,部分居民可能不得不忍受一周的停电生活。

田纳西州最大城市孟菲斯市是暴风雪重灾区之一,该市遭遇大面积停电,停电范围在过去30年该市同类事故中排名第三。市供电公司高管J•T•扬说,公司超过20%的用户3日遭遇停电,公司已加紧派人维修电力设施,预计到10日供电才能完全恢复正常。
在印第安纳州,道路积雪厚度超过40厘米,再加上冰雪压垮大树、路面结冰,最近几天交通事故数以千计。

1月29日,铲雪车在美国纽约肯尼迪国际机场清扫积雪。(新华社发,周焕新摄)
纽约州州长凯茜•霍楚尔呼吁民众尽量待在家中,避免驾车出行。霍楚尔说:“眼下还没脱离‘危险期’,天气状况仍然充满变数。”

一家登山救援协会4日警告,随着暴风雪来袭,佛蒙特州等地山峰近日发生雪崩的风险加大,民众应小心防范。(杨舒怡)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.