Connect with us

Asia

တောင်ကိုရီးယားတွင် နေ့စဉ်ထပ်တိုး ကိုဗစ်လူနာဦးရေ ၃ ရက် ဆက်တိုက် ၃၅,၀၀၀ ကျော်ရှိခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားတွင် နွေဦးပွဲတော် အားလပ်ရက်ပြီးနောက် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် ပြန့်ပွားမှုဆက်တိုက်ရှိနေရာ နေ့စဉ်ထပ်တိုးသည့် အတည်ပြုလူနာဦးရေသည် ဖေဖော်ဝါရီ ၇ ရက်တွင် သုံးရက်ဆက်တိုက် ၃၅,၀၀၀နှင့်အထက်ရှိခဲ့ကြောင်း သိရသည်။တောင်ကိုရီးယား ကပ်ရောဂါစီမံခန့်ခွဲရေးဌာန၏ ကိန်းဂဏန်များတွင် ဖေဖော်ဝါရီ ၇ ရက် (တနင်္လာနေ့)တွင် ကူးစက်မှုအသစ် ၃၅,၂၈၆ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၁.၀၄၅သန်း ရှိကြောင်း ဖော်ပြထားသည်။ ပြည်တွင်းကူးစက်မှုအသစ်များတွင် မြို့တော်တစ်ဝိုက်ရှိ Goyang-siတွင် ၉,၇၈၀ ဦး၊ မြို့တော် ဆိုးလ်တွင် ၆,၈၇၃ ဦး၊ အနောက်ဘက်ဆိပ်ကမ်းမြို့ အင်ချွန်းတွင် ၂,၃၆၆ ဦး ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ကိုဗစ် စစ်ဆေးရေးစင်တာတွင် ဓါတ်ခွဲနမူနာယူနေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စနေ၊တနင်္ဂနွေရက်များတွင် စစ်ဆေးသည့်ပမာဏ နည်းခြင်းကြောင့် တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်သည် များသောအားဖြင့် နည်းပါးကြောင်း၊ သို့သော်လည်း အိုမီခရွန်ဗိုင်းရပ်စ် တဟုန်ထိုး ပြန့်ပွားမှုများကြောင့် ဤအခြေအနေသည် ပြောင်းလဲနေပြီဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ ယခုလကုန်ပိုင်းတွင် နေ့စဉ် ထပ်တိုးသည့် ကိုဗစ်လူနာဦးရေသည် ၁၃၀,၀၀၀ မှ ၁၇၀,၀၀၀ ထိ ရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ခန့်မှန်းထားသည်။

တောင်ကိုရီးယား၏ ကပ်ရောဂါအခြေအနေသည့် ယခုကာလများအတွင်း တစ်ဟုန်ထိုး ဆိုးဝါးလာခဲ့ရာ နေ့စဉ် ကူးစက်မှုသည် ဇန်နဝါရီ ၂၆ ရက်တွင် ပထမဆုံး ၁ သောင်းကျော်၊ ယခုလ ၂ ရက်တွင် ပထမဆုံးအကြိမ် ၂ သောင်းကျော်ရှိရာမှ ယခု ၃ ရက်တွင် ၃ သောင်းကျော် ရှိလာခြင်း ဖြစ်သည်။

သို့သော် ကိုဗစ်ကြောင့် သေဆုံးသူနှင့် ရောဂါပြင်းထန်သူ လူနာအရေအတွက်သည် နည်းပါးသည့်အဆင့်တွင် ထိန်းထားနိုင်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၇ ရက်က တောင်ကိုရီးယားတွင် စုစုပေါင်း သေဆုံးလူနာ ၆,၈၈၆ ဦး ရှိရာ ပြီးခဲ့သည့်ရက်ကထက် ၁၃ ဦးထပ်တိုးလာကြောင်း၊ လက်ရှိ ရောဂါပြင်းထန်သော လူနာအရေအတွက် ၂၇၀ ဦးရှိရာ ပြီးခဲ့သည့်ရက်ကထက် ၂ ဦးလျော့နည်းသွားပြီး ၁၀ ရက်ဆက်တိုက် ၂၀၀ ကျော်အနေအထားဖြင့် ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ မျိုးကွဲဗိုင်းရပ်စ် အိုမီခရွန်၏ ကူးစက်မှုသည် ဒယ်လ်တာ၏ နှစ်ဆဖြစ်ပြီး ကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်ခြေ ၂၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ကြိုတင်ပြင်ဆင်ထားရှိသော ကိုဗစ် ရောဂါပြင်းထန်လူနာကုတင်၏အသုံးပြုမှုသည် ၁၈.၂ ရာခိုင်နှုန်းရှိရာ တည်ငြိမ်သည့်အနေအထားတွင်ရှိကြောင်း ကပ်ရောဂါ စီမံအုပ်ချုပ်ရေးဌာနက ဆိုသည်။ ဖေဖော်ဝါရီ ၇ ရက်တွင် နေအိမ်၌ ကုသမှုခံယူသည့် ထပ်တိုး ကိုဗစ်လူနာ ၁၇,၇၂၉ ဦး ရှိကြောင်း သိရသည်။

ရပ်ကျေးဆေးရုံများက အစိုးရကို ကူညီပံ့ပိုးပြီး အိုမီခရွန်ကပ်ရောဂါကို ဖြေရှင်းကြရန်၊ ကိုဗစ်ကပ်ရောဂါဖြေရှင်းရေးစနစ်သစ်တွင် လူထုက အပြည့်အဝ ပူးပေါင်းပါဝင်စေလိုကြောင်း ယင်းနေ့တွင် ကျင်းပသည့် ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် သမ္မတ မွန်ဂျေအင်းက တိုက်တွန်းထားသည်။ “ကျွန်တော်တို့အနေနဲ့အန္တရာယ်အသိကို မြှင့်တင်ထားသင့်သော်လည်း အလွန်ကြောက်ရွံ့နေစရာ မလိုအပ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

ကပ်ရောဂါစနစ်သစ်တွင် ရပ်ကျေးဆေးရုံဆေးခန်းများက ကိုဗစ်စစ်ဆေးခြင်းနှင့်ကုသခြင်း၊ အသက် ၆၀နှင့်အထက် လူအုပ်စုများနှင့် ရောဂါအခံရှိသည့် အန္တရာယ်များ လူအုပ်စုများကို ဦးစားပေး Nucleic acid ဆေးစစ်ခြင်း ၊ အခြားလူအုပ်စုများ Antigen စစ်ဆေးမှု လျင်မြန်စွာ ခံယူခြင်းတို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————-
(Chinese Version)

韩国日增新冠病例连续三天超3.5万例
2022-02-07 16:30:23
Image Carouse
新华社北京2月7日电 韩国春节假期过后,变异新冠病毒奥密克戎毒株仍在肆虐,全国日增确诊病例7日连续第三天保持在3.5万例以上。

韩国疾病管理厅数据显示,7日、即周一,全国报告新增35286例确诊病例,累计确诊病例104.5万例。新增本土病例中,处于首都圈的京畿道报告9780例,首都首尔6873例,西部港口城市仁川2366例。

2月2日,人们在韩国首尔一处新冠检测点排队。(新华社发,徐儒锡摄)
据韩联社报道,由于周末检测量较小,韩国每周一报告的数据往往较低,但奥密克戎毒株迅速传播,似乎已经打破这一趋势。卫生部门预测,到本月底,日增新冠确诊病例可能达到13万至17万例。

韩国疫情近来迅速加剧,日增确诊病例上月26日首次超过1万例,本月2日首超2万例,仅三天便超过3万例。

不过,新冠死亡和重症病例仍保持在较低水平。7日,韩国报告累计死亡病例6886例,比前一天增加13例;现有重症病例270例,比前一天减少两例,连续十天保持在200多例。
2月2日,在韩国首尔一处新冠检测点,人们接受核酸采样。(新华社发,徐儒锡摄)
按照韩国卫生部门的说法,奥密克戎毒株的传染性是德尔塔毒株的两倍,人感染后发展成重症的几率为20%。

疾病管理厅说,全国预留给新冠重症病例的病床使用率为18.2%,保持在稳定水平。7日报告居家护理的新冠病例增加17729例。

总统文在寅当天在一场疫情应对会议上呼吁更多社区医院协助政府应对奥密克戎疫情,希望民众充分配合新冠疫情应对新体系。“我们应当提升危机意识,但没有必要太害怕。”

在新体系下,社区医院和诊所开展新冠检测与治疗,年满60岁人群和患有基础病的高风险人群优先接受核酸检测,其他群体主要接受快速抗原检测。(陈丹)