Connect with us

Eastern Europe

အနောက်နိုင်ငံများက သဘာဝဓာတ်ငွေ့ကို ရူဘယ်ဖြင့် ဝယ်ယူရန်ငြင်းဆို၊ ရုရှားကအခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်း

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)

G7 က ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေကြေးဖြင့် ဝယ်ယူခြင်း တောင်းဆိုချက်အား လိုက်နာမည်မဟုတ်ဟု ထုတ်ဖော်ပြောကြားပြီးနောက် ရုရှားက ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်းနှင့် အခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်းကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ရုရှားသည် သဘာဝဓာတ်ငွေ့ကို “အခမဲ့ထောက်ပံ့မည်မဟုတ်” “ရူဘယ်ဖြင့်သာ ဝယ်ယူနိုင်” ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က မတ် ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်းပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း စတင်ပြီးနောက် အနောက်တိုင်းအုပ်စုက ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ရုရှားမှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများစသည့် “ချစ်ကြည်ရင်းနှီးမှုမရှိသည့်” နိုင်ငံနှင့် ဒေသများသို့ သဘာဝဓါတ်ငွေ့ရောင်းချသည့်အခါ ရူဘယ်နှင့်ပြောင်းလဲတွက်ချက်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ပူတင်က ရုရှားအစိုးရ၊ ဗဟိုဘဏ်နှင့် ရုရှား Gazprom ကုမ္ပဏီအား မတ် ၃၁ ရက် မတိုင်မီ သက်ဆိုင်ရာ စီမံချက်များ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ဂျာမနီနိုင်ငံ၊ Frankfurt မြို့ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေသည့် အမျိုးသမီးတစ်ဦးအား ဖေဖော်ဝါရီ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဥရောပကရုရှား၏ ရူဘယ်ငွေကြေးဖြင့် တွက်ချက်ခြင်းတောင်းဆိုချက်အပေါ် တုံ့ပြန်မှုသည် “မပြည့်စုံသော” “စိတ်မြန်လက်မြန်မှု” ဖြစ်ကြောင်းနှင့် “အီးယူနိုင်ငံတွေအတွက် ယခုအခါ ရုရှားစွမ်းအင်ကို စွန့်လွှတ်ခြင်းက တစ်နည်းအားဖြင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်ကြောင်း” ဥရောပသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် Vladimir Chizhov က Rossiya-24 သတင်း ရုပ်သံလိုင်းအား ပြောကြားခဲ့သည်။

ဂျာမနီဝန်ကြီးချုပ် Olaf Scholz စသည့် ဥရောပနိုင်ငံမှ ခေါင်းဆောင်များက ၎င်းတို့သည် ရူဘယ်ငွေကြေးဖြင့် တွက်ချက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ယခင်က ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ တောင်းဆိုချက်သည် “တစ်ဖက်သတ်” ဖြစ်ကာ “ရှိပြီးသားသဘောတူစာချုပ်များအား ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း” ဖြစ်ကြောင်းနှင့် G7 သည် “ရူဘယ်ဖြင့် တွက်ချက်မှုကို လက်မခံနိုင်” ကြောင်း ဂျာမနီနိုင်ငံ စီးပွားရေး နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သူ ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က G7 စွမ်းအင်ဝန်ကြီးများ၏ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“(အနောက်တိုင်း)က ရုရှားအပေါ် စီးပွားရေးစစ်ပွဲ စတင်ပြီးနောက် အခြေအနေဟာ လုံးဝပြောင်းလဲသွားပြီဆိုတာကို (ဥရောပ)လုပ်ငန်းတွေအနေနဲ့ နားလည်ထားရမယ်”ဟု Peskov က မတ် ၂၉ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။”ရုရှားထက် ပိုကောင်းတဲ့ (ရွေးချယ်မှု) မရှိပါဘူး၊ တခြားရွေးချယ်စရာတွေက ပိုဆိုးပါတယ်။ အဲဒါက အဖြစ်မှန်ပဲ” ဟု ၎င်းက ဆိုသည်။

ရုရှားစွမ်းအင်သည် ဥရောပနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်အတွက် အရေးပါကြောင်း၊ ဥရောပသမဂ္ဂ လိုအပ်သော သဘောဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းခန့်သည် ရုရှားမှ တင်သွင်းခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ၏ စီးပွားရေးနိုင်ငံကြီးဖြစ်သည့် ဂျာမနီ၏ ၂၀၂၁ ခုနှစ်အတွင်း ရုရှားသဘာဝဓာတ်ငွေ့ တင်သွင်းမှုသည် စုစုပေါင်းတင်သွင်းမှု၏ ၅၅ ရာခိုင်နှုန်းရှိပြီး ၂၀၂၂ ခုနှစ် ပထမလေးလပတ်တွင် တင်သွင်းမှု ကျဆင်းခြင်းရှိသော်လည်း တင်သွင်းမှု အချိုးအစားမှာ ၄၀ ရာခိုင်နှုန်းရှိနေသေးကြောင်း သိရသည်။ ဂျာမနီ စသည့်နိုင်ငံများသည် စွမ်းအင် တင်သွင်းမှု အရင်းအမြစ်များ တိုးချဲ့ရန် ကြိုးပမ်းရှာဖွေနေကြသော်လည်း ဖြေးဖြေးချင်းရှာဖွေခြင်းက လက်တလောအကြပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ဂျာမနီသည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမတိုင်မီ ရုရှားစွမ်းအင်ကို လုံးဝစွန့်လွှတ်နိုင်မည်မဟုတ်ကြောင်း Habeck က ပြောကြားခဲ့သည်။

ဂျာမနီစွမ်းအင်နှင့် ရေလုပ်ငန်းအဖွဲ့အစည်းက အစိုးရအား စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေ သတိပေးချက်အနေဖြင့် စွမ်းအင်ပြတ်လပ်မှု တုံ့ပြန်ရေး အစီအစဉ် ပထမအဆင့် စတင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ အကယ်၍ အမြင့်ဆုံးအဆင့်ဖြစ်သည့် တတိယအဆင့် ရောက်ရှိပါက ဈေးကွက်အနေဖြင့် စွမ်းအင်ပြတ်လပ်မှုကို မဖြေရှင်းနိုင်ကြောင်း လက္ခဏာပြသည်ဖြစ်၍ အစိုးရမှ ကြားဝင်ကာ စွမ်းအင်ဝေငှရေး လုပ်ဆောင်ရမည်ဖြစ်သည်။ ဂျမနီမှ သဘာဝဓာတ်ငွေ့ပြတ်လပ်မှု ပြင်းထန်လာပါက အိမ်သုံးဓာတ်ငွေ့အာမခံခြင်းကို စက်မှုလုပ်ငန်းသုံးဓာတ်ငွေ့ထက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဲ့လိုအခြေအနေက စက်မှုကုန်ထုတ်မှု ပြတ်တောက်စေမယ်၊ ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်ပြီး ဆိုးဝါးတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာမှာ သေချာပါတယ်။” ဟု ဂျာမနီနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီ E.ON စွမ်းအင်ကုမ္ပဏီ အကြီးအကဲ Leonard Birnbaum က ARD အားပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
西方拒用卢布买气 俄方敦促“认清形势”

新华社北京3月30日电 七国集团表示不会按照俄方要求用卢布购买俄罗斯天然气后,俄方29日仍坚持立场不变,同时敦促对方认清形势。
俄总统新闻秘书德米特里•佩斯科夫29日在记者会上重申,俄方“不可能免费”提供天然气,“只能用卢布购买”。
乌克兰危机爆发后,西方阵营对俄罗斯施加空前制裁。俄罗斯总统弗拉基米尔•普京23日宣布,俄方向欧洲联盟成员国等“不友好”国家和地区供应天然气时将改用卢布结算。普京现已责成政府、中央银行和俄罗斯天然气工业股份公司在本月31日前采取相应措施。
俄罗斯常驻欧盟代表弗拉基米尔•奇若夫28日告诉俄罗斯24小时新闻频道,欧洲对俄方要求以卢布结算的反应是“初步的”和“冲动的”,“对欧盟国家来说,现在抛弃俄罗斯能源从某种意义而言是自杀”。

德国总理奥拉夫•朔尔茨等欧洲国家领导人先前表示,不会接受以卢布结算。德国副总理兼经济和气候保护部长罗伯特•哈贝克28日在七国集团能源部长会议后表示,他们一致认为,俄方“单方面”做法“显然违反合同”,七国集团“不能接受用卢布结算”。
佩斯科夫29日回应道:“(欧洲)企业必须明白,(西方)对俄罗斯发动经济战以后,情况已经完全变了。”
“没有比俄罗斯的气更好的(选择),其他所有选择都更差。这就是现实。”他说。
俄罗斯能源在欧洲国家能源需求中占重要地位,欧盟所需天然气的约40%从俄罗斯进口。对欧盟最大经济体德国而言,2021年俄罗斯天然气占进口总量55%,2022年第一季度比重有所下滑,但仍占40%。尽管德国等国家着手寻求扩大能源进口来源,但目前看来远水不解近渴。哈贝克曾说,德国2024年年中前无法完全抛弃俄罗斯能源。

德国能源和水工业协会呼吁政府启动能源短缺应对方案中的第一级,即对能源紧急状态发出预警。如果进入最高级第三级,意味着市场手段已经无法解决能源短缺,政府将不得不出手干预,进行能源分配。一旦德国天然气严重短缺,对家庭用气的保障将优先于工业用气。
“那意味着工业生产将中断,供应链将中断,无疑将面临非常严重的损失。”德国最大能源企业意昂能源集团首席执行官莱昂哈德•比恩鲍姆接受德国公共广播联盟采访时说。(惠晓霜)

图说1 – 这是3月24日在俄罗斯首都莫斯科拍摄的卢布钞票和硬币。新华社记者白雪骐摄
图说2-2月25日,在德国法兰克福,一名女子在加油站为汽车加油。新华社发(阿曼多•巴巴尼摄)